J-Hope နဲ့ သူ့ရဲ့ကြားက ချစ်စဖွယ် မိတ်​ဆွေဆက်ဆံ​ရေးကို ​ပြောပြခဲ့တဲ့ Super Junior အဖွဲ့ဝင် Lee Teuk

Advertisements

ဇူလိုင်လ ၃ ရက်​နေ့မှာ Super Junior အဖွဲ့ဝင် Lee Teuuk ဟာ သူ့ရဲ့​​မွေးနေ့ကို ပရိသတ်​တွေနဲ့အတူ ဆင်နွှဲဖို့အတွက် YouTube မှာ live လွှင့်ပြီး ​မွေး​နေ့ပါတီကျင်းပခဲ့ပါတယ်။ ထိုတိုက်ရိုက်ထုတ်လွှင့်မှုကို ​အိမ်တွင်းဂေါ့ဖ်ရိုက်ကွင်းတစ်ခုမှာ ပြုလုပ်ခဲ့ပြီး Lee Teuk က Super Junior အဖွဲ့ဝင်​တွေနဲ့ ဖုန်း​ပြောခဲ့သလို ပရိသတ်​တွေရဲ့ comment ​တွေကို ဖတ်ပြီး သိချင်တာ​တွေကို ပြန်လည်​ဖြေကြား​ပေးခဲ့ပါတယ်။

ထိုစဉ် ပရိသတ်တစ်ဦးက ဒီထုတ်လွှင့်မှုကို ​ဂေါ့ဖ်ရိုက်ဝါသနာပါတဲ့ သူမရဲ့အ​မေနဲ့အတူ ကြည့်ရှု​နေ​ကြောင်း comment ​ရေးခဲ့ပါတယ်။ ထိုအခါ Lee Teuk က “ဟုတ်သားပဲ ကျွန်​တော့်​မွေး​​နေ့ကို လူ​တွေအများကြီး ဂုဏ်ပြု​ပေးကြတယ်” လို့ ​ပြောပြခဲ့ပြီး BTS အဖွဲ့ဝင်ဖြစ်တဲ့ J-Hope ကလည်း ​မွေး​နေ့မှာ Lee Teuk ကို ဆက်သွယ်ပြီး “အကို ကျွန်​တော်​နောက်ကျသွားတယ်။

​တောင်းပန်ပါတယ်။ ​မွေး​နေ့ကို ဂုဏ်ပြုပါတယ်” ဆိုပြီး ဂုဏ်ပြု​ပေးခဲ့​ကြောင်း ထုတ်​​ဖော်​ပြောပြခဲ့ပါတယ်။ Lee Teuk က J-Hope ရဲ့ မိခင်နဲ့အတူ ​ဂေါ့ဖ်ရိုက်ဖို့ ကတိ​ပေးထားပြီး ရက်ချိန်းရတာ ခက်ခဲလို့ ခုထိ အ​ကောင်အထည်မ​ဖော်ရ​သေး​ကြောင်းလည်း ​ပြောပြခဲ့ပါတယ်။

ဆက်လက်ပြီး သူက “အ​မေ တစ်ရက်​လောက် ရက်သတ်မှတ်ပြီး သွားကြရ​အောင်” လို့ ​J-Hope ရဲ့အ​မေကို ​ပြောခဲ့ပါတယ်။ Leeteuk နဲ့ J-Hope တို့ဟာ အိမ်နီးနားချင်း​တွေအဖြစ် စတင်ခင်မင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက JTBC ရုပ်သံလိုင်းရဲ့ “Knowing Bros” အစီအစဉ်မှာ J-Hope ရဲ့ မိဘ​တွေနဲ့ အိမ်ရာတစ်ခုထဲမှာ အတူ​​နေပြီး စတင်သိကျွမ်းခဲ့​ကြောင်း Lee Teuk က ​ပြောပြခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာ Leeteuk က J-Hope ရဲ့ ဖုန်းနံပါတ်ကို မသိ​ပေမဲ့လည်း J-Hope ရဲ့ မိခင်နဲ့ အဆက်အသွယ်ရှိ​နေတုန်းပါပဲ။ Lee Teuk နဲ့ J-Hope ပြီး​တော့ J-Hope ရဲ့ မိသားစု​တွေနဲ့ ရင်းနှီးမှုဟာ တိုးပွားလာခဲ့ပြီး ၃ နှစ်ကြာ ခင်မင်​နေဆဲဖြစ်ပါတယ်။

Source : Koreaboo
Photo : Instagram
Written : ZL

Advertisements
Share