၇၄ ကြိမ်​မြောက် Cannes နိုင်ငံတကာရုပ်ရှင်ပွဲ​တော်မှာ ပါဝင်ပြသသွားမယ့် “BLACKPINK : The Movie”

Advertisements

ဇူလိုင်လ ၁၂ ရက်​နေ့မှာ ကိုရီးယားသတင်းဌာနတစ်ခုဖြစ်တဲ့ Sports Dong-A က ကမ္ဘာ​ကျော် K-Pop အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACKPINK နဲ့ ပတ်သက်ပြီး သတင်းတစ်ခုထုတ်ပြန်ခဲ့ပါတယ်။ သတင်းထဲမှာ မကြာခင်ပြသ​တော့မယ့် BLACKPINK အဖွဲ့ရဲ့ မှတ်တမ်းရုပ်ရှင် “BLACKPINK: The Movie” ကို Cannes ရုပ်ရှင်ပွဲ​တော်ရဲ့ စီးပွား​ရေးလုပ်ငန်းအခွဲဖြစ်တဲ့ Cannes ရုပ်ရှင်​စျေးကွက်မှာ ခင်းကျင်းပြသသွားမယ်လို့ ​ရေးသား​ဖော်ပြထားပါတယ်။

ကမ္ဘာ​ကျော် မိန်းက​လေးအဖွဲ့ဖြစ်တဲ့ BLACKPINK ဟာ ကမ္ဘာတစ်ဝန်းက K-Pop ပရိသတ်​တွေတင်သာမက ရုပ်ရှင်ချစ်သူ​တွေကိုပါ ချဉ်းကပ်ဖို့ ရည်ရွယ်ထားပုံရပါတယ်။ Cannes ရုပ်ရှင်ပွဲ​တော်ရဲ့ ဖွင့်ပွဲ​နေ့ဖြစ်တဲ့ ဇူလိုင်လ ၇ ရက်​နေ့တုန်းကလည်း Cannes ရဲ့ တရားဝင်သတင်းဝက်ဘ်ဆိုက်ဖြစ်တဲ့ Screen Daily က “BLACKPINK: The Movie” ကို အားသွန်ခွန်စိုက် ​ကြော်ငြာ​ခဲ့ပါတယ်။

ထိုသတင်းထုတ်ပြန်ချက်အရ YG Entertainment နဲ့ ထုတ်လုပ်ဖြန့်ချီ​ရေး တာဝန်ခံ CJ 4DPlex တို့ဟာ ၇၄ ကြိမ်​မြောက် Cannes နိုင်ငံတကာရုပ်ရှင်ပွဲ​တော်ကို “BLACKPINK : The Movie” ကို ​ကြော်ငြာဖို့အတွက် ကြားခံတစ်ခုအ​နေနဲ့ အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Cannes နိုင်ငံတကာရုပ်ရှင်ပွဲ​တော်နဲ့ ပူးတွဲဖွင့်လှစ်​လေ့ရှိတဲ့ Cannes ရုပ်ရှင်​စျေးကွက်ဟာဆိုရင် ကမ္ဘာတစ်ဝန်းကို ရုပ်ရှင်ချစ်သူ​တွေထံ အမျိုးမျိုး​သော ရုပ်ရှင်ကား​တွေကို တင်ဆက်ပြသသွားမှာဖြစ်ပြီး အဲ့ထဲမှာ BLACKPINK ရဲ့ ရုပ်ရှင်ကားလည်း ပါဝင်မှာပါ။

ဒါတင်မက​သေးပဲ Screen Daily ကလည်း “BLACKPINK: The Movie” ကို Cannes ရုပ်ရှင်​စျေးကွက်မှာရှိတဲ့ ​ရေပန်းအစားဆုံး ကိုရီးယားရုပ်ရှင်ကား​တွေထဲက တစ်ခုလို့ ​ဖော်ပြထားပါတယ်။ Cannes ရုပ်ရှင်ပွဲ​တော်မှာ ဒီမှတ်တမ်းရုပ်ရှင်တစ်ခုလုံးကို ပြသသွားမလားဆိုတာကို​တော့ မသိရ​သေး​ပေမဲ့ BLINK ​တွေက​တော့ အ​ကောင်းဘက်က​နေ တုံ့ပြန်လျက်ရှိကြပါတယ်။

“BLACKPINK: The Movie” ကို သြဂူတ်လ ၄ ရက်​နေ့က စတင်လို့ ကိုရီးယား၊ ဂျာမနီ၊ ဖင်လန် နဲ့ မက္ကဆီကိုတို့ အပါအဝင် နိုင်ငံ ၆ နိုင်ငံမှာ အရင်ဆုံး ရုံတင်ပြသသွားမှာဖြစ်ပြီး ထိုမှတစ်ဆင့် နိုင်ငံ​ပေါင်း ၁၀၀ ​ကျော်ကို ဆက်လက်တိုးချဲ့ပြသသွားမှာ ဖြစ်ပါတယ်။

Source : Kpopstarz
Photo : Instagram
Written : ZL

Advertisements
Share