Lisa က Solo Music video ရိုက်ကူးနေပြီဆိုတဲ့ သတင်းကြောင့် ဘာတွေအုံကြွသွားသလည်းဆိုရင်

Advertisements

OSEN media ရဲ့ အဆိုအရ BLACKPINK အဖွဲ့ဝင် Lisa ဟာ သူမရဲ့ solo music video အတွက် စတင်ရိုက်ကူးရေးလုပ်နေပြီလို့ သိရပါတယ်။ ပြီးတော့ ဒီနှစ်နွေရာသီမှာ debut လုပ်သွားမယ်လို့လည်း ဆိုပါတယ်။ YG Entertainment ကတော့ BLACKPINK အဖွဲ့ရဲ့ full-length album ထုတ်ပေးပြီးတာနဲ့ Rosé, Lisa, Jisoo တို့ရဲ့ solo album တွေ အစဉ်လိုက် debut ပေးသွားမယ်လို့ ထုတ်ပြန်ပေးခဲ့ပါတယ်။

ဒီနှစ် March လမှာတော့ Rosé ရဲ့ ပထမဆုံး solo single album “-R-“ ထွက်ရှိခဲ့ပြီး Rosé တစ်ယောက် record တွေလည်း ချိုးနိုင်ခဲ့ပါတယ်။ ခုတော့ Lisa ရဲ့ အလှည့်ပါ။ Lisa ရဲ့ style အတိုင်း ဘယ်လို အမိုက်စားသီချင်းတွေ ထွက်ရှိမလည်းဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်ကြည့်ရမှာပါ။

နောက်ပြီး Lisa x DJ snake x Doja collab လို့လည်း သတင်းတွေ ထွက်နေပါတယ်။ DJ snake နဲ့ lisa Collaboration သတင်းကတော့ လုံးဝသေချာပါတယ်။ DJ snake ကိုယ်တိုင် Twitter မှာ confirmed ပေးထားလို့ ဖြစ်ပါတယ်။

ခု Lisa MV ရိုက်ကူးနေပြီ ဆိုတဲ့ သတင်းကြောင့် YG ရဲ့ ရှယ်ယာတွေ ဆက်တိုက် တက်လာတယ်လို့လည်း သိရပါတယ်။ ပြီးတော့ Lisa အကြောင်းရှာဖွေမှုဟာ Twitter မှာရော weibo မှာပါ အရမ်း hot နေပါတယ်။ Thailand, Malaysia, Vietnam, Indonesia, Philippines တို့မှာ Twitter trending 1 ဖြစ်နေပြီး Worldwide trending မှာတော့ Lisa နာမည်က No.4 ချိတ်နေပါတယ်။

Weibo မှာတော့ hot search မှာရော Weibo Entertainment trend မှာပါ ကြည့်ရှူသူ 176 Millions , ဆွေးနွေးသူ 728 k နဲ့ No.1 နေရာမှာ trend နေပါတယ်။ ဒါ့အပြင် Lisa ရဲ့ weibo super topic ကို follow လုပ်ထားတဲ့ follower အရေအတွက်ဟာ 1 million ကျော်သွားပြီ ဖြစ်ပြီး follower အများဆုံး female kpop idol အနေနဲ့ ရပ်တည်နေပါတယ်။

Lisa ရဲ့ လွှမ်းမိုးမှုအား ကတော့ ကြောက်ခမန်းလိလိပါဘဲနော်။ တကယ်လည်း Lisa က အလုပ်အရမ်းကြိုးစားတဲ့ ကောင်မလေးဖြစ်လို့ သူမရဲ့ solo debut ကို အားလုံးကအားပေးဖို့ စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။

Source: Twitter, weibo, Koreaboo
Written: Violet

Advertisements
Share