ယူရို ၂၀၂၀ ဖလား ပိတ်ပွဲမှာ BTS ရဲ့ ‘Butter’ သီချင်းကို မထုတ်လွှင့်ခဲ့လို့ ARMY များ စိတ်ပျက်​နေ

Advertisements

ကမ္ဘာ့ကိုဗစ်ကပ်​ရောဂါ​ကြောင့် ယခုနှစ်မှ ကျင်းပခွင့်ရတဲ့ ယူရို ၂၀၂၀ ​ဘောလုံးပြိုင်ပွဲဟာ ဇူလိုင်လ ၁၁ ရက်​နေ့ တနင်္ဂ​နွေ​နေ့က အီတလီအသင်းက အင်္ဂလန်အသင်းကို အနိုင်ရရှိပြီး အဆုံးသတ်သွားခဲ့ပြီ ဖြစ်ပါတယ်။ အမေရိကတိုက်မှာရှိတဲ့ ARMY ​တွေဟာ စ​​နေ​​နေ့က ယှဉ်ပြိုင်ခဲ့တဲ့ အမေရိကတိုက်ရဲ့ ကိုပါအမေရိကဖလားလုပွဲ ဖြစ်တဲ့ အာဂျင်တီးနားနဲ့ ဘရားဇီးပွဲထက်တောင် ဥရောပတိုက်ရဲ့ (UEFA EURO 2020) ဖိုင်နယ်ပွဲ အင်္ဂလန် နဲ့ အီတလီကို ပိုစိတ်၀င်စားခဲ့ကြပါတယ်။ ဘာ​ကြောင့်လဲဆို​တော့ အင်္ဂလန်နိုင်ငံရဲ့ နာမည်ကြီး ဝင်ဘာ​လေ ​ဘောလုံးကွင်းကြီးထဲမှာ BTS ရဲ့ ‘BUTTER’ သီချင်းကို ဖွင့်မှာမို့ဖြစ်ပါတယ်။

ယခင်က ယူရို ၂၀၂၀ ပွဲရဲ့ တရားဝင် Twitter က​နေတစ်ဆင့် ပိတ်ပွဲ​နေ့မှာ ဝင်ဘာ​လေ ​ဘောလုံးကွင်းထဲမှာ ဖွင့်ဖို့ သီချင်းကို ပရိသတ်​တွေကို မဲ​ပေး​ရွေးချယ်​​စေခဲ့ပါတယ်။ ထိုမဲ​ပေးမှုမှာ ARMY ​တွေရဲ့ ကြိုးစားမှု​ကြောင့် BTS ရဲ့ နာမည်​ကျော်သီချင်း ‘BUTTER’ က Louis Tomlinson ရဲ့ ‘Kill My Mind’, Billie Eilish ရဲ့ ‘Bad Guy’ နဲ့ Usher ရဲ့ ‘Yeah’ သီချင်း​တွေကို ​ကျော်ဖြတ်ပြီး မဲစုစု​ပေါင်း ၄၆.၆% ကို ရရှိကာ အနိုင်ရခဲ့ပါတယ်။ တစ်ကမ္ဘာလုံးကို ထုတ်လွှင့်နေတဲ့ ​ဘောလုံးပွဲကြီးတစ်ခုမှာ BTS ရဲ့ သီချင်းကို ဖွင့်မှာဖြစ်တဲ့အတွက် BTS နဲ့ ARMY ​တွေအတွက် ဂုဏ်ယူစရာလည်းဖြစ်သလို BTS ကို ပိုပြီးနာမည်​ကျော်ကြား လူသိများ​စေမယ့် အခွင့်အ​ရေးလည်းဖြစ်ပါတယ်။

ဒါ​ပေမဲ့ ARMY ​တွေရဲ့ အထင်နဲ့အမြင်ဟာ လွဲမှားခဲ့ပါတယ်။ ပိတ်ပွဲ​နေ့ရဲ့ ဘယ်အချိန်​လောက်မှာ ဖွင့်မယ်ဆိုတာကို အတိအကျမသိရပဲနဲ့ အိမ်က တီဗီ​ရှေ့ ထိုင်ပြီး ‘BUTTER’ သီချင်း ဖွင့်မယ့်အချိန်ကို ​စောင့်ကြည့်​နေကြတဲ့ ARMY ​တွေဟာ ‘BUTTER’ သီချင်းကို ကြားခွင့်မရခဲ့ပါဘူး။ ဒါ​ကြောင့် ဒွိဟ​တွေ စိတ်ပျက်မှု​တွေကို ဆိုရှယ်မီဒီယာမှာ ​ဖော်ပြခဲ့ကြပါတယ်။ တကယ်​တော့ ပိတ်ပွဲ​နေ့မှာ ‘BUTTER’ သီချင်းကို ဖွင့်ပြခဲ့ပါတယ်။ ဒါ​ပေမဲ့ တီဗီဖန်သားပြင်မှာ ထုတ်လွှင့်တဲ့အခါ အဲ့ဒီအပိုင်းက မပါဝင်ခဲ့ပဲ ​ဘောလုံးကွင်းက လူ​တွေသာ ကြားခဲ့ရတာပါ။

ဒါ​ကြောင့် စိတ်ပျက်​​သွားတဲ့ ARMY ​တွေရဲ့ မှတ်ချက်​တွေဟာ Twitter မှာ ပွထ​နေခဲ့ပြီး သူတို့ဘက်က ကြည့်မယ်ဆိုရင်လည်း သီချင်း​လေးကို ခဏနား​​ထောင်ဖို့အတွက် အင်္ဂလန်နဲ့ အီတလီအသင်းရဲ့ ​ဘောလုံးပွဲကို အစအဆုံးထိုင်ကြည့်ပြီး အချိန်အလကားကုန်ခဲ့ရ​တော့ ​ဒေါသထွက်ချင်စရာပါပဲ။ တချို့က​တော့ ‘Butter’ ကို တကယ်မဖွင့်ခဲ့ပဲ ပွဲစီစဉ်သူ​တွေက လိမ်​ပြောတာလို့ ယုံကြည်​နေကြပြီး သူတို့ရဲ့ စိတ်ပျက်မှု​တွေကို memes ​တွေ လုပ်ပြီး ​ဖော်ပြခဲ့ကြပါတယ်။ ARMY ​တွေကြောင့် ​ဘောလုံးပွဲက ကြည့်ရှုနှုန်းမြင့်တက်ခဲ့​ပေမဲ့ သူတို့အတွက်​တော့ ဘာမှပြန်မရခဲ့တာ​ကြောင့် ဖြစ်ပါတယ်။

Source : marketresearchtelecast
Photo : Twitter, Facebook
Written : ZL

Advertisements
Share