ထိုင်းမင်းသမီးလေး Yaya နဲ့ BLACKPINK ကြားက ချစ်စရာဆက်နွယ်မှုလေးတစ်ခု

Advertisements

Yaya Urassaya ကတော့ ထိုင်းနိုင်ငံရဲ့နာမည်ကြီးမင်းသမီးလေးဖြစ်တဲ့အလျောက် ချစ်ခင်ကြတဲ့သူတွေများပြားလှတဲ့အထဲမှာ BLACKPINK ရဲ့ Lisa နဲ့ Rosé လည်း ပါဝင်ပါတယ်။ Yaya ဟာ Lisa သဘောအကျရဆုံး ထိုင်းမင်းသမီးတစ်ယောက်ဖြစ်ကြောင်း အားလုံးလည်းအသိဆုံးပါပဲ။

ဒီလိုပဲ Rosé ကလည်း Yaya ရဲ့ ဓာတ်ပုံနဲ့အတူ တွဲရိုက်ထားတဲ့ပုံလေးအား တင်ပေးဖူးပြီး သူမရဲ့သဘောကျမှုကို ဖော်ပြခဲ့ဖူးပါတယ်။ အဆိုပါပုံလေးကိုတော့ Yaya ကိုယ်တိုင်လည်းမြင်သွားခဲ့ပြီး နှစ်သက်ခဲ့တာကြောင့် သူတို့ကြားက ရင်းနှီးမှုလေးက တဆထက်တဆပိုလို့ တိုးလာခဲ့ပါတယ်။

ထိုင်းမင်းသမီးလေးနဲ့ BLACKPINK အဖွဲ့ဝင်တွေကြားက နီးစပ်မှုကို ပိုမိုမြင်တွေ့လိုကြတဲ့ ပရိသတ်တွေရဲ့ဆန္ဒဟာ ၂၀၁၉ ခုနှစ်တုန်းက ပြည့်ဝသွားခဲ့ဖူးပါတယ်။ Real Nadech Concert 2019 ပွဲမှာ Yaya က အထူးဖျော်ဖြေတင်ဆက်မှုကို ပြုလုပ်သွားခဲ့ပြီး ပရိသတ်တွေအံ့ဩသွားစေခဲ့ဖူးပါတယ်။

သူမဟာ BLACKPINK ရဲ့ “Kill This Love” သီချင်းနဲ့ သီဆိုဖျော်ဖြေသွားလို့ပါပဲ။ အစပိုင်းတုန်းက Yaya ဟာ ဒရမ်စည်းချက်နဲ့အညီ က,နေရင်း လျှင်လျှင်မြန်မြန်ပဲ BLACKPINK အဖွဲ့ရဲ့ “Kill This Love” သီချင်းကို ပြောင်းလဲ သီဆိုခဲ့ပါတယ်။

ထင်မှတ်မထားတဲ့အစီအစဉ်ကြောင့် စင်အောက်ကပရိသတ်တွေခမျာ လှုပ်လှုပ်ရွရွဖြစ်သွားပြီး လူအုပ်လိုက်ကြီး သီချင်းထဲမှာ စီ‌းမြောကုန်ကြပါတော့တယ်။ Yaya ဟာ “Kill This Love” သီချင်းတစ်ပုဒ်လုံး (rap စာသားတွေကအစ) ကို သူမရဲ့ပုံစံနဲ့ဖျော်ဖြေသွားပြီး သီချင်းရဲ့ အမိုက်စားကကွက်တွေကိုပါ ကပြသွားခဲ့တာကြောင့် ကြည့်နေသူတွေ အသက်ရှုဖို့တောင်မေ့တဲ့အထိ ပျော်ရွှင်နေခဲ့ကြပါတော့တယ်။

ဒါ့အပြင် Yaya က သူမရဲ့တင်ဆက်မှုနဲ့ပတ်သက်ပြီး စင်နောက်ကွယ်က ဓာတ်ပုံလေးတွေကို Instagram မှာ တင်ပေးခဲ့ကာ “Kill this love! ကျွန်မက 100% BLINK စစ်စစ်တစ်ယောက်ပါပဲ” လို့ရေးရင်း သူမဟာ BLINK တစ်ယောက်ဖြစ်ကြောင်းကိုပါ ဝမ်းမြောက်စွာရေးသားဖော်ပြခဲ့ပါတော့တယ်။

Lisa နဲ့ Rosé ရဲ့ သဘောအကျရဆုံးမင်းသမီးလေး Yaya ဟာ BLINK တစ်ယောက်ဖြစ်နေတဲ့အတွက် ဘယ်လောက်တောင်ကြည်နူးစရာကောင်းတဲ့ ပတ်သက်မှုလေးတစ်ခုဆိုတာကို ရှင်းပြဖို့တောင်မလိုလောက်တော့ပါဘူး။

ဒီအခိုက်အတန့်လေးဟာ ၂ နှစ်နီးပါးကြာမြင့်တော့မှာဖြစ်ပေမဲ့လည်း တကယ်ကိုချစ်စရာကောင်းတဲ့အချိန်လေးဖြစ်တာကြောင့် ပြန်တွေးမိတိုင်း ကြည်နူးစရာပါပဲ။ နောင်အနာဂတ်မှာတော့ Yaya နဲ့ BLACKPINK တို့ရဲ့ ပေါင်းဆုံမှုကို ထပ်မံမြင်တွေ့နိုင်ကြဖို့ အားလုံးကမျှော်လင့်နေကြပါတော့တယ်။

Source: Koreaboo
Photos: Koreaboo
Written: Julix

Advertisements
Share