“Taekook” ဆိုပြီး နိုင်ငံတော်တော်များများမှာ Trending ဝင်သွားရတဲ့အဖြစ်အပျက်

Advertisements

BTS အဖွဲ့နဲ့ ARMY ပေါင်းများစွာက တကယ့်ကို မိသားစုကြီးတစ်ခုပါပဲ။ သေးသေးလေးကမှအစ မျက်ခြေအပြတ်မခံတဲ့ ARMY တွေကတော့ အငယ်ဆုံး Jungkook နဲ့ V တို့ရဲ့ အပြုအမူလေးတစ်ခုကိုမြင်ပြီးတဲ့နောက် နိုင်ငံတော်တော်များများမှာ “Taekook” ဆိုတဲ့ Hashtag နဲ့ Trending ဝင်အောင်လုပ်ခဲ့ပါတယ်။

ARMY တွေ ဘာမြင်လိုက်ရသလဲဆိုတော့ Jungkook ရဲ့လက်ကို,ဆွဲပြီးခေါ်သွားတဲ့ V ကိုပါပဲ။ နှစ်ယောက်သား လက်ချင်းတွဲပြီး House of BTS လို့အမည်ပေးထားတဲ့ pop-up စတိုးကနေ ထွက်လာခဲ့တာပါ။ House of BTS ကတော့ Gangnam မှာ အသစ်ဖွင့်လိုက်တာဖြစ်ပြီး ARMY တွေအတွက် အထူးပြုလုပ်ပေးထားတဲ့စတိုးဆိုင် အမိုက်စားတစ်ခုဖြစ်ပါတယ်။

အထဲမှာဆိုရင် BTS ရဲ့သီးသန့်ကမ္ဘာကြီးတစ်ခုကို ရောက်သွားအောင်ဖန်တီးထားပြီး သီချင်း‌တွေနဲ့ ပတ်သက်တဲ့အရာတွေ၊ ဓာတ်ပုံတွေကို ခင်းကျင်းပြသထားပြီး လာရောက်လည်ပတ်သူတွေအနေနဲ့ ပျော်ရွှင်စရာကောင်းတဲ့အမှတ်တရတွေဖန်တီးနိုင်ပါတယ်။ BTS အဖွဲ့ကလည်း အဆိုပါစတိုးကိုသွားရောက်ခဲ့ပြီး ပျော်ရွှင်နေခဲ့ကြပါတယ်။

House of BTS ကနေ ပြန်တော့ V ဟာ Jungkook ရဲ့လက်ကို တင်းတင်းဆွဲကိုင်ထားပြီး ကားဆီကို ဆွဲခေါ်သွားတာပါ။ ဒါကိုမြင်လိုက်တဲ့ပရိသတ်တွေကတော့ လက်ချင်းကိုင်ထားတဲ့ Taekook ကို အူယားသွားရတဲ့အပြင် Jungkook ရဲ့ ARMY တွေကို ချစ်ရာကောင်းစွာ နှုတ်ဆက်နေတဲ့ပုံစံလေးတွေက နိုင်ငံတော်တော်များများရဲ့ Twitter တစ်ခွင်မှာ “Taekook” ဆိုပြီး Trending ဝင်ချသွားခဲ့ပါတော့တယ်။

BTS အဖွဲ့နဲ့ပတ်သက်လာရင် အများကြီးပံ့ပိုးအားပေးကြသလို meme တွေလည်း အများကြီးလုပ်နိုင်ကြတဲ့ ARMY တွေကတော့ အခုတခါမှာလည်း “Taekook” ဆိုပြီး လက်စွမ်းပြလိုက်ပြန်ပါပြီ။ တကယ်ကို ချစ်စရာကောင်းလွန်းတဲ့အသိုက်အဝန်းကြီးပါပဲနော်။

Source: Koreaboo
Photos: Koreaboo
Written: Julix

Advertisements
Share