ကိုယ်ဝန်​ဆောင်တစ်ဦးကို နွေး​ထွေးစွာ ဆက်ဆံခဲ့တာ​ကြောင့် ချီးကျူးခံ​နေရတဲ့ EXO အဖွဲ့ဝင် Kai

Advertisements

ဇူလိုင်လ ၁၂ ရက်​နေ့က tvN ရုပ်သံလိုင်းရဲ့ ခရီးသွား “Honeymoon Tavern” ရဲ့ ပထမဆုံးအပိုင်းကို ထုတ်လွှင့်ပြသခဲ့ပါတယ်။ ထိုအစီအစဉ်မှာ EXO အဖွဲ့ဝင် Kai ဟာလည်း အမြဲတမ်းအဖွဲ့ဝင်အ​နေနဲ့ ပါဝင်ပါတယ်။ ဒီအစီအစဉ်ထဲမှာ အဖွဲ့ဝင်​တွေဟာ ဂျယ်ဂျူကျွန်း၊ အူဒိုမှာ ညားခါးစစုံတွဲ​တွေအတွက် စား​​သောက်ဆိုင်​လေးဖွင့်ထားပါတယ်။ ယခုအချိန်အခါမှာ ကိုဗစ်​ရောဂါ​ကြောင့် လူ​တွေဟာ ခရီးသွားဖို့ မလွယ်ကူပါဘူး။ ဒါ​ကြောင့် မင်္ဂလာ​ဆောင်ပြီးခါစ စုံတွဲ​တွေအတွက် အရသာရှိတဲ့ အစားအ​သောက်​တွေ တည်ခင်းဧည့်ခံပြီး အမျိုးမျိုး​​​သော လှုပ်ရှားမှု​တွေနဲ့ အမှတ်ရစရာ ဟန်းနီးမွန်း အ​တွေ့အကြုံကို ဖန်တီး​ပေးသွားမှာဖြစ်ပါတယ်။

ဇူလိုင်လ ၁၂ ရက်​နေ့က ထုတ်လွှင့်ခဲ့တဲ့အပိုင်းမှာ Kai ရဲ့ အပြုအမူတစ်ခုက ကြည့်ရှုသူ​တွေရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အဲ့ဒါက​တော့ Kai က သူတို့ဆီကို လာလည်တဲ့ ညားခါစစုံတွဲတစ်တွဲကို ဆိုင်ထဲသို့ ​ခေါ်​ဆောင်ခဲ့ပါတယ်။ထိုစုံတွဲထဲက အမျိုးသမီးမှာ ကိုယ်ဝန်ကလည်း ရှိ​နေပါတယ်။ Kai ဟာ ဒီစုံတွဲကို ထိုင်ခုံမှာ ထိုင်​စေပြီး သူတို့ဆီလာတဲ့ ဧည့်သည်​တွေကို ကြိုဆိုတဲ့အ​နေနဲ့ လက်ဖက်ရည်တိုက်​ကြောင်း ရှင်းပြခဲ့ပါတယ်။ ဆက်လက်ပြီး အမျိုးသမီးဖြစ်သူက ကိူယ်ဝန် ၆ လရှိ​နေတဲ့အတွက် လက်ဖက်ရည်အစား ​ရေပဲ ​ပေးရမလားလို့ Kai က ​မေးခဲ့ပါတယ်။

Kai က “ခင်ဗျားမှာ ကိုယ်ဝန်နဲ့ဆို​တော့ စိတ်ပူမိတယ်။ ပြီး​တော့ စား​သောက်တဲ့အရာ မှန်သမျှကို ဂရုစိုက်ရမယ်​လေ။ လက်ဖက်ရည်​​သောက်လို့ ရရဲ့လား” ဆိုပြီး ထိုအမျိုးသမီးကို ​မေးခဲ့တာပါ။ ဒါကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးနဲ့ ဗိုက်ထဲက က​လေး​လေးရဲ့ ကျန်းမာ​ရေးအတွက် ဘယ်​လောက်ထိ စဉ်းစား​ပေးခဲ့သလဲဆိုတာကို သိနိုင်ပါတယ်။ ထိုအခါ အမျိုးသမီးဖြစ်သူက ဆရာဝန်က လက်ဖက်ရည်​​သောက်လို့ရ​တယ်လို့ ​ပြောထား​ကြောင်း ပြန်​ဖြေခဲ့ပြီး ထို့​နောက် Kai က ထိုစုံတွဲအတွက် ​သောက်စရာ လက်ဖက်ရည်ကို ပြင်​ပေးခဲ့ပါတယ်။

ဒါကို ကြည့်ရှုလိုက်ရတဲ့ ပရိသတ်​တွေဟာ Kai ရဲ့ စဉ်းစား​တွေး​ခေါ်​ပေးတတ်မှု​ကြောင့် သူ့ကို ချီးကျူး​နေကြပြီး Kai ဟာ ဂရုစိုက်တတ်တဲ့ ချိုသာတဲ့သူတစ်ဦးဖြစ်​ကြောင်း မှတ်ချက်ပြုခဲ့ကြပါတယ်။ တချို့ကလည်း ဒီလိုစိတ်ထား​​ကြောင့် Kai ကို မနှစ်သက်ပဲ မ​နေနိုင်တာလို့ ​​ပြောဆိုခဲ့ကြပါတယ်။

Source : Kpopstarz
Photo : Instagram
Written : ZL

Advertisements
Share