ပြိုင်ပွဲဝင်တစ်ယောက်က EXO’s “Overdose” နဲ့ ယှဉ်ပြိုင်တဲ့အခါ Kris ဖြစ်ပျက်သွားတဲ့ပုံစံလေး

Advertisements

EXO အဖွဲ့,ဆိုတာကတော့ တရုတ်နိုင်ငံသားတွေပါ ပါဝင်ခဲ့ဖူးပြီး အဖွဲ့ဝင် ၁၂ယောက်အထိ ရှိခဲ့ဖူးတဲ့ နာမည်ကြီးအဖွဲ့ပါပဲ။ အကြောင်းအမျိုးမျိုးကြောင့် တရုတ်နိုင်ငံသားအဖွဲ့ဝင် ၃ ယောက်ဟာ အဖွဲ့ကထွက်ခွာခဲ့ပြီး တရုတ်နိုင်ငံမှာပဲ အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်နေခဲ့ပါတယ်။ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Kris Wu ကတော့ The Next Top Bang ဆိုတဲ့ တရုတ်အဆိုတော်ရွေးချယ်ပွဲတစ်ခုမှာ ညွှန်ကြားဦးစီးသူအဖြစ် ပါဝင်ရိုက်ကူးခဲ့ပါတယ်။ Kris Wu, f(x)’s Victoria နဲ့ Bibi Zhou Bichang တို့ကတော့ မိန်းကလေးပြိုင်ပွဲဝင်တွေကို ဦးစီးနေပြီး William Chan, Hu Haiquan နဲ့ G.E.M. တို့ကတော့ ယောက်ျားလေးပြိုင်ပွဲဝင်တွေရဲ့ Mentor တွေဖြစ်ကြပါတယ်။

ထုတ်ပယ်ခြင်းအပိုင်းကတော့ စင်ပေါ်မှာတိုက်ရိုက်ဖျော်ဖြေကာ ယှဉ်ပြိုင်ရမယ့်အပိုင်းပဲဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ ပြိုင်ပွဲဝင်မိန်းကလေးတစ်ယောက်ဟာ တစ်ယောက်မှ မရွေးချယ်ရဲတဲ့သီချင်းတစ်ပုဒ်ကို သူမရဲ့ပြိုင်ပွဲဝင်သီချင်းအဖြစ်ရွေးချယ်ခဲ့ပါတယ်။ သူမဟာ EXO ရဲ့ “Overdose” သီချင်းကို Kris ရဲ့ ရှေ့မှောက်မှာသီဆိုရင်း ယှဉ်ပြိုင်ခဲ့တာပါ။ “Overdose” သီချင်းဟာ Kris အနေနဲ့ EXO အဖွဲ့ဝင်အဖြစ် နောက်ဆုံးပါဝင်သီဆိုခဲ့တဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ပါပဲ။ ပြိုင်ပွဲဝင်, သီဆိုနေတဲ့သီချင်းဟာ “Overdose” ဖြစ်ကြောင်း ကြားတာနဲ့တပြိုင်နက် Kris တစ်ယောက် လှုပ်လှုပ်ရွရွဖြစ်သွားခဲ့ပြီး ရုပ်တည်မထားနိုင်တော့ဘဲ ယှဉ်ပြိုင်နေတဲ့မိန်းကလေး‌ကိုလည်း သတိပြုပြီးကြည့်ခဲ့ပါတော့တယ်။ စကားတစ်လုံးမှမပြောဘဲ သေချာနားထောင်နေခဲ့တဲ့ Kris ရဲ့ အပြုအမူနဲ့ မျက်နှာအနေအထားကိုမြင်တွေ့ခဲ့တဲ့ပရိသတ်တွေဟာ Kris ရဲ့ ခံစားချက်တွေကို အထင်းသားမြင်တွေ့ခံစားခဲ့ရတယ်လို့ဆိုပါတယ်။ Victoria ကဆိုရင် Kris ကို လှည့်ကြည့်ရင်း ပြုံးရီနေခဲ့ပါတယ်။

ယှဉ်ပြိုင်သူလေးကလည်း “Overdose” သီချင်းကို ချော‌မွေ့နေတဲ့အသံလေးနဲ့ ပရိသတ်တွေရဲ့နားထဲကို စီးဝင်သွား‌အောင်သီဆိုရင်း အမိုက်စားကကွက်နဲ့ ယှဉ်ပြိုင်သွားခဲ့တာကြောင့် အားလုံးလည်း မှင်သက်ခဲ့ရပါတော့တယ်။ Kris ကိုယ်တိုင်လည်း သဘောကျပုံပါပဲ။ အင်တာနက်သုံးစွဲသူတွေကတော့ EXO ရဲ့သီချင်းကို အဖွဲ့ဝင်ဟောင်း Kris ရဲ့ရှေ့‌မှာသီဆိုဖို့ ရွေးချယ်ခဲ့တဲ့ ပြိုင်ပွဲဝင်လေးရဲ့သတ္တိနဲ့စွန့်စားမှုကို ချီးကျူးနေကြပါတော့တယ်။ သီချင်းလေးကိုကြားလိုက်ရတဲ့ Kris တော့မသိပေမဲ့ အားပေးသူတွေကတော့ အတိတ်ကိုပြန်ရောက်သွားသလိုခံစားရပြီး ၁၂ ယောက်ရှိတဲ့ EXO အဖွဲ့ကြီးကိုတောင် ပြန်လည်တမ်းတမိရင်း လွမ်းဆွတ်သွားရပြန်ပါတော့တယ်။

Source: Koreaboo
Photos: Koreaboo
Written: Julix

Advertisements
Share