တချိန်တည်းမှာ အတူတူနာမည်ကြီးလာခဲ့ကြတဲ့ Thai TV3 မှ ထိပ်တန်းအနုပညာရှင်များ

Advertisements

အနုပညာလောကထဲကို ဝင်ရောက်လာတဲ့အချိန်လည်း အတူတူလောက်ဖြစ်ပြီး နာမည်ကြီးကျော်ကြားလာတော့လည်း အတူတူဖြစ်တဲ့ Thai TV3 မှ ထိပ်တန်းအနုပညာရှင်အတွဲလိုက်တွေရှိကြပါတယ်။ သူတို့တွေကတော့ TV serie တွေမှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့ပြီးနောက် နာမည်ကြီးလာတော့လည်း တချိန်တည်းမှာပါပဲ။

Nadech Kugimiya နဲ့ Mark Prin

လက်ရှိထိပ်တန်းမင်းသားတွေဖြစ်တဲ့ Nadech Kugimiya နဲ့ Mark Prin တို့ဟာ ၂၀၁၀ တုန်းက “Ngao Ruk Luang Jai” စီးရီးနဲ့ ပွဲဦးထွက်လာခဲ့ကြတာပါ။ TV series “4 Huajai Haeng Khon Khao” မှာလည်း အတူတူသရုပ်ဆောင်ဖူးပြီး ဒီ,စီးရီးနောက်ပိုင်းမှာပဲ တဆပြီးတဆ နာမည်ကြီးကျော်ကြားလာခဲ့ကြတာ အခုချိန်အထိပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်သူတွေကလည်း တစ်ယောက်နဲ့တစ်ယောက် တအားချစ်ကြတဲ့ ထိပ်တန်းမင်းသမီး‌တွေပဲ ဖြစ်ကြပါတယ်။

Yaya Urassaya နဲ့ Kimmy Kimberley

အချစ်ဆုံးသူငယ်ချင်းတွေလည်းဖြစ်ကြတဲ့ Yaya နဲ့ Kimmy ကတော့ လူကြိုက်များတဲ့ series တွေဖြစ်တဲ့ “4 Huajai Haeng Khon Khao” မှာ ပါဝင်သရုပ်ဆောင်ဖူးပါတယ်။ သရုပ်ဆောင်ကောင်းလွန်းတာကြောင့် လက်ရှိအနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတွေဖြစ်တဲ့အထိ အောင်မြင်လာခဲ့ပါတယ်။ Yaya နဲ့ Kimmy ဟာ အနုပညာလောကထဲမှာ နာမည်ကြီးရုံမကဘဲ ပြည်တွင်းပြည်ပစီးပွားရေးနယ်ပယ်မှာလည်း brand ပေါင်းများစွာနဲ့လက်တွဲကာ အလုပ်လုပ်နေတဲ့ဒိတ်ဒိတ်ကြဲတွေဖြစ်ပါတယ်။

James Jirayu နဲ့ James Ma

ချောမောခန့်ညားတဲ့မင်းသားနှစ်ယောက် James Ma နဲ့ James Jirayu ကတော့ ၂၀၁၃ ကတည်းက အနုပညာလောကထဲကို ခြေချခဲ့ပြီး “Suparburoot Jutathep” မှာ အဓိကဇာတ်လိုက်တွေအဖြစ် ပွဲဦးထွက်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီ series တွေက သူတို့နှစ်ယောက်ရဲ့ လက်ဖျားခါလောက်တဲ့သရုပ်ဆောင်အရည်အချင်းဟာ နှစ်ယောက်စလုံးကို ထိုင်းအနုပညာ‌နယ်ပယ်ထဲမှာ ထိပ်တန်းမင်းသားတွေဖြစ်လာစေခဲ့ပါတယ်။ James Jirayu နဲ့ James Ma ဟာ ဇာတ်လမ်းပေါင်းများစွာကို တကယ့်ထိပ်တန်းမင်းသမီးတွေနဲ့ တွဲဖက်ပြီး ရိုက်ကူးခဲ့တဲ့ မင်းသားနှစ်ယောက်လည်း ဖြစ်နေပြန်ပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Written: Julix

Advertisements
Share