Dispatch က ​ရွေးချယ်ခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွက် အ​ကောင်းဆုံး ​​ယောကျ်ား​လေး K-Pop Idol Main Dancer ၈ ဦး

Advertisements

ဇွန်လ ၂၇ ရက်​​နေ့တုန်းက ​တောင်ကိုရီးယားနိုင်ငံရဲ့ သတင်းမီဒီယာဌာနကြီးတစ်ခုဖြစ်တဲ့ Dispatch ဟာ ၂၀၂၁ ခုနှစ်အတွက် အ​ကောင်းဆုံး ​ယောကျ်ား Kpop Idol Main Dancer ၈ ​ယောက်ကို ​ရွေးချယ်ပြီး သူတို့ရဲ့ instagram account က​နေတဆင့် ထုတ်ပြန်​ကြေငြာခဲ့ပါတယ်။ အဲ့ဒီ ၈ ​ယောက်က​တော့…

1. Jimin (BTS)

Big Hit Entertainment လက်​အောက်မှာ သင်တန်းသားမဖြစ်ခင် အလယ်တန်း​ကျောင်းသားဘဝတည်းက Jimin ဟာ Just Dance Academy ​ကျောင်းမှာ popping နဲ့ locking အက​တွေကို သင်ယူခဲ့ပါတယ်။ ထို့အပြင် အထက်တန်း​ကျောင်းသားဘဝမှာ contemporary အကကို ​လေ့လာသင်ယူခဲ့ပြီး ​မော်ဒန်အကဌာနရဲ့ ထိပ်ဆုံး​ကျောင်းသား​တွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ အခု Idol ဖြစ်ပြီး​နောက်ပိုင်းမှာလည်း Jimin ရဲ့ အံ့မခန်း contemporary အကစွမ်းရည်ကို သူ့ရဲ့ ​စင်မြင့်ထက်က ​ဖျော်​ဖြေမှု​တွေမှာ မြင်​တွေ့ရမှာဖြစ်ပါတယ်။

2. Kai (EXO)

“အကနတ်ဘုရား” လို့ ​ခေါ်ဆိုကြတဲ့ EXO အဖွဲ့ဝင် Kai ဟာလည်း SM Entertainment မှာ သင်တန်းသားမဖြစ်မီ အကသင်တန်း​တွေကို တက်​ရောက်ခဲ့ပါတယ်။ ၂တန်း​ကျောင်းသားဘဝက “The Nutcracker” ကို ကြည့်ရှုပြီး​နောက် ဘဲ​လေးအက​ပညာကို ​လေ့လာဆည်းပူးခဲ့ပါတယ်။ထို့အပြင် SM Entertainment မှာ လူ​ရွေးပွဲ​ဖြေပြီး​နောက် urban နဲ့ street အက​တွေကို ဆက်လက်သင်ယူခဲ့ပါတယ်။ဒါ​ကြောင့်လည်း Kai ဟာ ခုလို အကမှာ ဆရာတစ်ဆူဖြစ်​နေတာပါ။

3. Taemin (SHINee)

SHINee အဖွဲ့ဝင် Taemin က​တော့ နူးညံ့ပြီး အနုပညာဆန်တဲ့ အက​ဖျော်​ဖြေမှု​တွေ​ကြောင့် လူသိများပြီး ဒါကပဲ သူ့ကို K-Pop ​လောကမှာ အ​ကောင်းဆုံး အကသမား​တွေထဲက တစ်​ယောက်ဖြစ်လာ​စေတာပါ။ Taemin ဟာ မိုက်ကယ်ဂျက်ဆင်ရဲ့ နာမည်ကြီးကကွက်ဖြစ်တဲ့ “leaning forward” ကကွက်ကို ​တွေ့ပြီး​နောက်ပိုင်း အသက် ၁၀ နှစ်ကစလို့ အကပညာကို စတင်သင်ယူခဲ့ပါတယ်။ သူဟာ အကကို ချစ်မြတ်နိုးတဲ့စိတ်​ကြောင့် SM Entertainment မှာ လူ​ရွေးပွဲဝင်​ဖြေခဲ့ပြီး လူ​ရွေးပွဲ​အောင်တာနဲ့ ​နေ့​နေ့ညည မနားတမ်း အက​လေ့ကျင့်ခဲ့ပါတယ်။

4. JR (NU’EST)

JR က​တော့ အထက်တန်း​ကျောင်းသားဘဝမှာ B-Boy အကကို သင်ယူခဲ့​ပေမဲ့ သင်တန်းသားဖြစ်ချိန်အထိ အကကို အဲ့​လောက်ထိ မကျွမ်းကျင်ခဲ့ပါဘူး။ ဒါ​ပေမဲ့ ​လေ့ကျင့်မှု၊ ကြိုးစားအားထုတ်မှုနဲ့ ဇွဲလုံ့လ​တွေ​ကြောင့် NU’EST အဖွဲ့ရဲ့ main dancer ဖြစ်လာခဲ့ပါတယ်။

ထို့အပြင် သူဟာ အဖွဲ့ရဲ့ main rapper လည်းဖြစ်ပါတယ်။ သူ့ရဲ့ အကနဲ့ rap စွမ်းရည်​တွေ​ကြောင့် PRODUCE 101 Season 2 မှာ နာမည်ကြီး လူကြိုက်များတဲ့ ပြိုင်ပွဲဝင်တစ်ဦးဖြစ်ခဲ့ပါတယ်။ အခု​တော့ သူ့ရဲ့ အား​ကောင်းတဲ့ အက​ဖျော်​ဖြေမှု​တွေ​ကြောင့် အ​ကောင်းဆုံး အကသမား​တွေထဲက တစ်​ယောက်ဖြစ်လာခဲ့ပါပြီ။

5. Taeyong (NCT)

​နောက်ထပ် အကသမား​ကောင်းတစ်ဦးက​တော့ NCT အဖွဲ့ဝင် Taeyong ပဲ ဖြစ်ပါတယ်။ Taeyong ဟာ အားပြင်းပြီး ပြတ်သားတဲ့ ကကွက်​တွေ၊ လှုပ်ရှားမှု​တွေ​ကြောင့် လူသိများပြီး ဒါကို NCT ရဲ့ အကဗီဒီယို​တွေထဲမှာ မြင်​တွေ့နိုင်ပါတယ်။ သူဟာ SM Entertainment မှာ သင်တန်းသားအဖြစ် မဝင်​ရောက်မီ အကပညာကို ​လေ့လာဆည်းပူးခဲ့ခြင်းမရှိ​ပေမဲ့ အကအရမ်း​တော်တာ​ကြောင့် သူ့ရဲ့ ဆရာ​တွေက အကမသင်ဖူးဘူးဆိုတာကို သံသယဝင်​လောက်​အောင်ပါပဲ။

6. Hoshi (SEVENTEEN)

SEVENTEEN အဖွဲ့မှာ Performance team ရဲ့ ​ခေါင်း​ဆောင်ဖြစ်တဲ့ Hoshi ဟာ SEVENTEEN သီချင်း​တော်​တော်များများအတွက် ကကွက်ကို ကိုယ်တိုင်​ရေးဆွဲဖန်တီးခဲ့ပါတယ်။ သူဟာ သင်တန်းသားမဖြစ်ခင်က အကစွမ်းရည်တိုးတက်ဖို့ အရမ်းကြိုးစားခဲ့ပြီး အကအသင်းလည်းရှိခဲ့ပါတယ်။ Hoshi ပါဝင်တဲ့ အကအသင်းဟာ သူ့ရဲ့ ဇာတိ​မြေက ပြိုင်ပွဲမှာ ပထမဆုကို ဆွတ်ခူးရရှိခဲ့ဖူးပါတယ်။

7. Yunho (ATEEZ)

Yunho ဟာ ယခင်က BIGBANG အဖွဲ့ဝင် Seungri ရဲ့ အကသင်တန်း​ကျောင်း၊ Joy Dance နဲ့ Plug In ဂီတစင်တန်း​ကျောင်းစတဲ့ အကသင်တန်းများစွာကို တက်​ရောက်ခဲ့ဖူးပါတယ်။ အကကျွမ်းကျင်ပညာရှင်တွေဟာ Yunho ရဲ့ အကစွမ်းရည်ကို မကြာခဏ ချီးကျူးခဲ့ကြပါတယ်။ အထူးသဖြင့် အကနဲ့ ပတ်သက်တဲ့ သူ့ရဲ့ နည်းစနစ်နဲ့ ပညာရှင်ဆန်မှုကိုပါ။

8. Yeonjun (TXT)

Yeonjun က​တော့ အကသင်တန်း​ကျောင်းမှာ မကြာခဏ အမှတ်နိမ့်ပြီး အကမ​တော်ဘူးလို့ သူ့ကိုယ်သူ ​ပြော​လေ့ရှိပါတယ်။ သူ့အ​နေနဲ့ အခြားအဖွဲ့ဝင်​တွေကို မထိခိုက်​စေချင်တာ​ကြောင့်ရဲ့ မရှုံးနိမ့်ချင်တာရယ်​ကြောင့် ​အကလေ့ကျင့်ဖို့ အချိန်ပို​ပေးခဲ့ပြီး တိုးတက်ဖို့ လိုအပ်​နေ​သေးတဲ့ အရာ​တွေ​ပေါ် ပိုပြီးအာရုံစိုက်ခဲ့ပါတယ်။ ဒါ​ကြောင့် သူဟာ ယ​နေ့အချိန်မှာ​တော့ အ​ကောင်းဆုံး အကသမား​တွေထဲက တစ်​ယောက်ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

Source : Kpopstarz
Photo : Naver
Written : ZL

Advertisements
Share