ပရိသတ်တွေနဲ့ အပြန်အလှန် ဆက်သွယ်လို့ရတဲ့ “Weverse” App ကို နောက်လမှာ တရားဝင်အသုံးပြုတော့မဲ့ BLACKPINK

Advertisements

Big Hit Entertainment ဟာ YG Entertainment ရဲ့ Company YG Plus ထဲကို 70billion ဝမ် ရင်းနှီးမြှပ်နှံထားပါတယ်။ သူတို့ရဲ့ လက်ခွဲ Weverse ထဲကို YG Entertainment က အနုပညာရှင်တွေ ဝင် join စေလိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။

Weverse ဟာ Fan တွေ အသိများကြတဲ့ Vlive app လိုဘဲ ပရိသတ်တွေနဲ့ chat လို့ရ live လွှင့်လိုရတဲ့ app ပါ။ Big Hit ဟာ အစပထမကတော့ သူတို့ရဲ့ Artist တွေ ဖြစ်တဲ့ BTS နဲ့ TXT အတွက် ဒီ app ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း Big Hit ရဲ့ အခွဲ HYBE လက်အောက်က Artist တွေပါ သုံးလာကြပါတယ်။

ခုတော့ YG plus နဲ့ပါ လက်တွဲလိုက်ပြီ ဖြစ်တဲ့အတွက် YG Artist တွေပါ ဒီ app ကို သုံးနေပါပြီ။iKON နဲ့ treasure က အရင် Join သုံးခဲ့တာ ဖြစ်ပြီး ခု BLACKPINK က တတိယမြောက် YG Artist အနေနဲ့ Augest လ 2 ရက်နေ့မှာ စတင်အသုံးပြုတော့မှာ ဖြစ်တယ်လို့ YG Entertainment က ဒီကနေ့မှာ အတည်ပြုစာ ထုတ်ပေးခဲ့ပါတယ်။

ဒါဆို တကမ္ဘာလုံးက BLACKPINK fan တွေအနေနဲ့ BLACKPINK member တွေကို ပြောဆိုဆက်သွယ်နိုင်ပြီဘဲ ဖြစ်ပါတယ်။ Weverse App မှာ artist တွေနဲ့ chat လို့ ရတဲ့ function တင်မကပါဖူး။ Artist တွေရဲ့ သတင်းတွေ video တွေ event တွေပါ ကြေညာပေးတဲ့ function တွေပါ “ပါ”ပါတယ်။

ဒါ့အပြင် tour တွေလုပ်တဲ့အခါမှာ ကြည့်ဖို့ ticket တွေကိုပါ ဝယ်ယူလို့ရပါသေးတယ်။ ထို App ကို English, Korean, Japanese, Chinese, Spanish, Portuguese, Indonesian, Malay, Thai ဘာသာစကားတွေနဲ့ အသုံးပြုလို့ရနေပြီ ဖြစ်ပါတယ်။

Source: Koreaboo
Written: Violet

Advertisements
Share