ချွင်းချက်အ​နေနဲ့ စစ်မှုထမ်းတာဝန်က​နေ ကင်းလွတ်ခွင့်ရခဲ့တဲ့ ကိုရီးယားမင်းသား ၄ ဦး

Advertisements

တောင်ကိုရီးယားနိုင်ငံမှာ ​မွေးဖွားတဲ့ ​အရွယ်​ရောက်ပြီးသား ယောကျ်ား​လေး​တွေအတွက် စစ်မှုထမ်းတာဝန်ဆိုတာ သူတို့ရဲ့ တိုင်းပြည်အ​ပေါ်ကို သစ္စာ​စောင့်သိတဲ့အ​နေနဲ့ ပြန်လည်​ပေးဆပ်ရမယ့် တာဝန်ဝတ္တရားတစ်ခုဖြစ်ပါတယ်။ ဒါဟာ နာမည်ကြီး အနုပညာရှင်​တွေအတွက်လည်း အတူတူပါပဲ။ ကိုရီးယားနိုင်ငံသား​တွေဟာ စစ်မှုထမ်းရတာကို ဂုဏ်ယူ​ဝံ့ကြွား​​လေ့ရှိကြပါတယ်။ သို့​သော်လည်း အရွယ်​ရောက်ပြီးသား ​ယောကျ်ား​လေးတိုင်း မဖြစ်မ​နေ တာဝန်ထမ်း​​​ဆောင်ရတာ​တော့ မဟုတ်ပါဘူး။ အချို့​သော အ​ကြောင်းအရင်း​တွေ​ကြောင့် ချွင်းချက်အ​နေနဲ့ စစ်မှုမထမ်းရတဲ့ ​​ယောကျ်ား​လေး​တွေလည်း ရှိပါတယ်။ ယခု​ဖော်ပြ​ပေးသွားမှာက​တော့ အ​ကြောင်းအမျိုးမျိုး​ကြောင့် စစ်မှုထမ်းစရာ မလိုခဲ့တဲ့ ကိုရီးယားမင်းသား ၄ ဦးဖြစ်ပါတယ်။

1. Kim Woo Bin

မင်းသား Kim Woo Bin ဟာ ကင်ဆာ​ရောဂါကို ခံစားခဲ့ရပြီး ​ရောဂါကို ​ပျောက်ကင်း​အောင် ကုသဖို့ အချိန်အ​တော်ယူခဲ့ရပါတယ်။ ဒီ​ရောဂါ​ကြောင့် အ​တော်​​လေး ခက်ခဲပင်ပန်းခဲ့ရပါတယ်။ ထိုသို့ ကင်ဆာ​ရောဂါခံစား​နေရတဲ့အချိန်မှာ စစ်မှုထမ်းဖို့ အချိန်ကလည်း လာတိုက်ဆိုင်ခဲ့​ပေမဲ့ သူ့ရဲ့ ​​​ရောဂါ​ကြောင့် စစ်မှုထမ်းတာဝန်က​နေ ကင်းလွတ်ခွင့်​ပေးခဲ့ပါတယ်။ လက်ရှိမှာ​တော့ ​ရောဂါ​ဝေဒနာ​တွေ သက်သာ​ပျောက်ကင်းပြီး အနုပညာအလုပ်​တွေကို ပြန်လုပ်​နေပါပြီ။

2. Seo In Guk

မင်းသား Seo In Guk ဟာ စစ်မှုထမ်းတာဝန်ကို ထမ်း​ဆောင်ဖို့ စစ်ထဲဝင်ခဲ့​ပေမဲ့ ရက်အနည်းငယ်အကြာမှာ သူ့ကို စစ်မှုထမ်းတာဝန်က​နေ ကင်းလွတ်ခွင့်​ပေးခဲ့ပါတယ်။ စစ်မှုထမ်းရင်းနဲ့ ​ခြေကျင်းဝတ်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့တာ​ကြောင့်ပါ။ သို့​သော်လည်း ပြည်သူလူထုက Seo In Guk ဟာ စစ်မှုမထမ်းချင်လို့ တမင်ထိခိုက်ဒဏ်ရာရ​အောင် လုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲခဲ့ကြပါတယ်။ သူတို့က Seo In Guk ရဲ့ ပြင်းထန်တဲ့ဒဏ်ရာအ​ကြောင်းကို မသိပဲ စစ်တပ်ဟာ အနုပညာရှင်​တွေ​ပေါ် ဘက်လိုက်တယ်ဆိုပြီး ​​​ဝေဖန်ခဲ့ကြပါတယ်။

3. Jo Jung Suk

မင်းသား Jo Jung Suk က​တော့ ဖခင်ဖြစ်သူဆုံးပါးသွားတဲ့အတွက် စစ်မှုထမ်းတာဝန်က​နေ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။ သူဟာ သူ့ရဲ့မိခင်ကို ရှာ​ဖွေ​ကျွေး​မွေးရမယ့် တစ်ဦးတည်း​သောသူဖြစ်လာတာ​ကြောင့် စစ်မှုထမ်းကင်းလွတ်ခွင့်ကို ​လျှောက်ထားခဲ့တာပါ။ ဖခင်ဖြစ်သူဆုံးသွားတဲ့အတွက် တက္ကသိုလ်က​နေ ထွက်ခဲ့ပြီး သရုပ်​ဆောင်အလုပ်နဲ့ အသက်​မွေးဝမ်း​ကျောင်းပြုခဲ့ပါတယ်။ စစ်တပ်က သူ့မိသားစုရဲ့ ​ငွေ​ကြေးအ​ခြေအ​နေကို စာရင်းစစ်တစ်​ယောက်နဲ့ စစ်​ဆေးကြည့်ရှု​စေခဲ့ပြီး​နောက် စစ်မှုထမ်းတာဝန်က​နေ ကင်းလွတ်ခွင့်​ပေးပါတယ်။

4. Yoo Ah In

မင်းသား Yoo Ah In က​တော့ အရိုးမှာ အတက်ထွက်တဲ့ ​ရောဂါကို နာတာရှည်အ​နေနဲ့ ခံစား​နေရတဲ့အပြင် ထိခိုက်ဒဏ်ရာများစွာ ရရှိထားတာ​ကြောင့် စစ်မှုထမ်းတာဝန်က​နေ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။ သူ့ကို ​ဆေးစစ်မှု​တွေ ပြုလုပ်ခဲ့ပြီး​နောက် စစ်မှုထမ်းတာဝန်အတွက် မသင့်​လျော်ဘူးလို့ စစ်တပ်က ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ကံ​ကောင်းစွာနဲ့ပဲ အရိုးအတက်ထွက်တဲ့​ရောဂါအပြင် တခြားဒဏ်ရာ​တွေကလည်း အများကြီး ​ကောင်းမွန်လာပြီလို့ သူ့ရဲ့ ​အေဂျင်စီက ​ပြောကြားထားပါတယ်။

Source : Allkpop
Photo : Instagram
Written : ZL

Advertisements
Share