E-sports ဇာတ်လမ်း ၆ တွဲအတွက် Douban မှ Rating အဆင့်ရလဒ်များ (Top 1-6)

Advertisements

Douban မှာတော့ ဇာတ်လမ်းတွဲတွေနဲ့ပတ်သက်ပြီး ခေါင်းစဉ်အမျိုးမျိုးခွဲကာ မဲပေးလို့ရပြီး ပရိသတ်တွေရဲ့ကြိုက်နှစ်သစ်မှုအရ အဆင့်ရလဒ်တွေထွက်လာလေ့ရှိပါတယ်။ E-sports အကြောင်း ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲ ၆ ခုအတွက် ကြည့်ရှုသူတွေက အပြိုင်အဆိုင်မဲပေးခဲ့ကြပြီ။ Rating သတ်မှတ်ချက်အရ အဆင့် Top 1-6 စာရင်းက ထွက်ပေါ်လာခဲ့ပါတယ်။

6. Falling into your smile

လက်ရှိပြသနေတဲ့ဇာတ်လမ်းတွဲဖြစ်ပြီး Xu Kai နဲ့ Cheng Xiao တို့ အဓိကပါဝင်ရိုက်ကူးထားပေမဲ့ ပရိသတ်တွေက သိပ်ပြီးအကြိုက်မတွေ့ခဲ့တာကြောင့် Rating 2.9 သာရရှိခဲ့ပြီး အဆင့် ၆ နေရာကို ရောက်ရှိနေပါတယ်။

5. Go Go Squid

၂၀၁၉ တုန်းက ပြသခဲ့တဲ့ ဒီဇာတ်လမ်းထဲမှာတော့ Yang Zi နဲ့ Li Xian တို့က အတွဲညီညီသရုပ်ဆောင်ထားခဲ့ပြီး ပရိသတ်တွေကလည်း ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ အဆင့် ၅ နေရာကို Rating 6.6 ဖြင့်ရပ်တည်နေပါတယ်။

4. Love O2O

၂၀၁၆ ကတည်းက ထွက်ခဲ့တဲ့ Yang Yang နဲ့ Zheng Shuang တို့ရဲ့ Love O2O ဇာတ်လမ်းကတော့ ကြည့်ဖူးသူတိုင်း စွဲလန်းရတဲ့ဇာတ်လမ်းပါပဲ။ အဆင့် ၄ နေရာကို Rating 7.0 နဲ့ ရရှိထားတဲ့ E-sports ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။

3. The King’s Avatar

Rating 7.4 အထိရရှိခဲ့ပြီး အဆင့် ၃ နေရာကို ရပ်တည်ထားနိုင်တဲ့ဇာတ်လမ်းကတော့ The King’s Avatar ပါပဲ။ ၂၀၁၉ တုန်းကထွက်ခဲ့ပြီး Yang Yang နဲ့ Maggie Jiang တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

2. Grank your Heart

Wang Yibo နဲ့ Wang Zi Xuan တို့ရဲ့ E-sports ဇာတ်လမ်းလေး Grank your Heart ကတော့ ၂၀၁၉ ကတည်းကထွက်ခဲ့ပေမဲ့ ယခုအချိန်ထိနာမည်ကြီးနေဆဲပါပဲ။ Rating 7.7 အထိ ရရှိကာ အဆင့် ၂ နေရာကို ရယူထားပါတယ်။

1. Crossfire

အဆင့် ၁ နေရာကို သိမ်းပိုက်ထားတဲ့ဇာတ်လမ်းကတော့ Luhan, Wu Lei, Cecilia Boey နဲ့ Dai Lu Wa တို့ ပါဝင်ရိုက်ကူးထားတဲ့ Crossfire ဇာတ်လမ်းပါပဲ။ Rating 8.0 အထိရရှိကာ စာရင်းရဲ့ထိပ်ဆုံးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source: Douban
Photos: Douban
Written: Julix

Advertisements
Share