Disney မင်းသမီးလေး (10) ယောက်ရဲ့ လူ version လို့တောင် ထင်မှတ်မှားရမဲ့ အရမ်းချစ်ဖို့ကောင်းတဲ့ Rosé

Advertisements

BLACKPINK အဖွဲ့ရဲ့ Rosé လေးမှာ Disney မင်းသမီးလေးတွေနဲ့ သွားသွားတူနေတဲ့ iconic ပုံလေးတွေ ရှိခဲ့ပါတယ်။ Rosé က မင်းသမီးလေးတွေနဲ့ ပုံစံတူရုံမကပါဖူး စိတ်ထား၊အပြုအမူ၊ အကျင့်စရိုက်တွေက အစ တော်ဝင်မင်းသမီးလေးတပါးလို ကောင်းမွန်နေတာပါ။ မင်းသမီးတပါးလို တော်ပြီး ထက်မြက်တဲ့အပြင် ဘာမဆို ကြောက်ရွံ့မနေဘဲ confidence အပြည့်ရှိသူပါ။ ပြီးတော့ နွေးထွေးတဲ့နှလုံးသားလေး ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။

1. Ariel

Rosé ဆံပင်အနီရဲရဲလေး ဆိုးဖူးတုန်းက blink တွေ ရင်သပ်ရှုမောဖြစ်ခဲ့ရဖူးပါတယ်။ Ariel မင်းသမီးလေး တပါးလို လှနေပါတယ်လို့ အားလုံးက ဝိုင်းချီးမွမ်းခဲ့ကြပါတယ်။ Rosé က Ariel မင်းသမီးလေးလိုမျိုး မှော်ဆန်တဲ့ အသံချိုချိုလေးကို ပိုင်ဆိုင်ထားရုံမက ချစ်ဖို့လည်းကောင်းတယ်ဆိုတာ ငြင်းမရတဲ့အချက်ပါ။

2. Mulan

Mulan ဟာ တိုက်ပွဲအလယ်မှာ ကြောက်ရွံ့ခြင်းမရှိ ယုံကြည်ချက်အပြည့်နဲ့ ရဲရင့်စွာ တိုက်ပွဲဝင်နိုင်ခဲ့သလို Rosé ဟာ stage ပေါ်မှာဆို ယုံကြည်ချက် အပြည့်နဲ့ ဖျော်ဖြေနိုင်သူ ဖြစ်ပါတယ်။

3. Cinderella

Cinderella မင်းသမီးလေးကတော့ တကိုယ်ကောင်းစိတ် ကင်းပြီး ဖြူစင်တဲ့ မင်းသမီးလေးလို့ လူတွေသိကြပါတယ်။ ထို့အတူပါဘဲ Rosé ကလည်း စိတ်ထားဖြူတဲ့သူပါ။

4. Rapunzel

မိုးမျှော်ရဲတိုက်ပေါ်ကနေ ဆံပင်ဖြန့်ချလို့ရတဲ့ အထိ ဆံကေသာကောင်းတဲ့ Rapunzel လေးလို Rosé မှာလည်း ရွှေအိုရောင် ဆံနွယ်ရှည်လေးတွေ ရှိပါတယ်။

5. Elsa

စိတ်ဓာတ်မာကျောတဲ့ ရေခဲဘုရင်မ Elsa ရော Rosé ရော strong ဖြစ်ပြီး powerful ဖြစ်တဲ့သူပါ။ သူတို့နှစ်ယောက်လုံး ဆံပင်ကို ဘေးတဇောင်း ကျစ်ဆံမြီး ကျစ်တတ်တဲ့ အကျင့်ရှိပါတယ်။

6. Tiana

Tiana လိုပါဘဲ Rosé ဟာ သူမရဲ့ အိပ်မက်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် အလုပ်အရမ်းကြိုးစားတဲ့သူပါ။ ဒါကြောင့်လည်း သူမရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ အနုပညာလောကမှာ အောင်မြင်မှုတွေရနေပါပြီ။

7. Merida

Merida ထက် ရဲရင့်တဲ့သူ ရှိမယ်မထင်ပါဖူး။ Merida ရော Rosé ရော သူတို့ ဆုံးဖြတ်ချက်ချလိုက်ပြီ ဆိုတာနဲ့ မရရအောင် ကြိုးစားကြပါတယ်။

8. Snow White

Snow white လေးကတော့ ငယ်ရွယ်ပြီး ဖြူစင် ချစ်ဖို့ကောင်းတဲ့ မင်းသမီးလေးပါ။ Snow white လိုဘဲ Rosé ဟာ သူတပါးကို ကြင်နာတတ်ပြီး သိမ်မွေ့ပါတယ်။

9. Belle

Belle မင်းသမီးလေးကတော့ ဉာဏ်အရမ်းကောင်းတဲ့ မင်းသမီးလေးတပါးပါ။ ထို့အတူပါဘဲ Rosé လည်း ထက်မြက်တဲ့သူ ဖြစ်ပါတယ်။

10. Anna

တခါက Anna လိုပုံစံ Rosé ကိုယ်တိုင် cosplay လုပ်ခဲ့ပါတယ်။ Cartoon ထဲက Anna လေး အပြင်ခုန်ထွက်လာသလား အောက်မေ့ရအောင် Rosé က အရမ်းချစ်ဖို့ကောင်းနေခဲ့ပါတယ်။

ဒါတွေကတော့ BLACKPINK အဖွဲ့ထဲက Rosé လေး Disney မင်းသမီး (10) ယောက်နဲ့ သွားတူနေတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဘယ်မင်းသမီးလေးနဲ့ အတူဆုံးလို့ထင်ပါသလည်း။ တခြားတူတယ်လို့ ထင်ရတဲ့ Disney မင်းသမီးတွေ ရှိရင်လည်း ပြောပြခဲ့ပါအုံးနော်။

Source: Koreaboo
Written: Violet

Advertisements
Share