အေဂျင်စီမတူပေမဲ့ ချစ်သူတွေဖြစ်လာခဲ့ကြတဲ့ ထိုင်းအနုပညာရှင်စုံတွဲ (၃) တွဲ

Advertisements

ထိုင်းအနုပညာရှင်စုံတွဲတွေများလာတဲ့အလျောက် သူတို့တွေရဲ့ ဆုံတွေ့မှုလေးကို စိတ်ဝင်စားမိကြမှာပါ။ တချို့စုံတွဲ‌တွေကတော့ အလုပ်လုပ်တဲ့ Channel တူတွေရှိပေမဲ့ ဖော်ပြပေးမဲ့ စုံတွဲ ၃တွဲကတော့ အေဂျင်စီချင်းမတူပေမဲ့ ဖူးစာပါလာပြီး ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။

Weir Sukollawat & Bella Ranee

၉ နှစ်ကျော် ချစ်သူသက်တမ်းရှိနေပြီဖြစ်တဲ့ Weir Sukollawat နဲ့ Bella Ranee ကတော့ အနုပညာရှင်စုံတွဲတွေထဲမှာ ရေပန်းစားတဲ့အတွဲတစ်တွဲပါပဲ။ Weir ကတော့ Thai Channel 7 နဲ့ လက်တွဲအလုပ်လုပ်နေခဲ့တာ ၁၀ နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီး Bella ကတော့ ၂၀၁၁ ကတည်းက Thai TV3 နဲ့ လက်တွဲထားခဲ့သူဖြစ်ပါတယ်။ ဖူးစာပါလာတော့လည်း ချစ်သူရည်းစားတွေဖြစ်လာခဲ့ကြတာ ဆယ်စုနှစ်တစ်ခုနီးပါးရှိတော့မှာဖြစ်ပါတယ်။

Mik Thongraya & Bow Maylada

Mik Thongraya နဲ့ Bow Maylada ကတော့ သူတို့နှစ်ယောက်တွဲနေကြောင်းကို ၂၀၂၀ နှစ်ဝက်လောက်မှာပဲ တရားဝင်ဖွင့်ချခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ မှာပဲ Bow က Thai TV3 ကို ပြောင်းသွားက အနုပညာအလုပ်တွေ ဆက်လုပ်ခဲ့ပြီး Mike ကတော့ Thai channel 7 မှာပဲ ကျန်နေခဲ့ပါတယ်။ အေဂျင်စီမတူပေမဲ့လည်း သူတို့နှစ်ယောက်ရဲ့အချစ်ရေးကတော့ တကယ့်ကို နွေ‌းထွေးပြီးချစ်စရာကောင်းနေဆဲပါ။

Krating Khunnarong & Kapook Phatchara

“Praomook” နဲ့ ပရိသတ်တွေရဲ့အားပေးခြင်းကို အများအပြားရရှိခဲ့သူ မင်းသား Krating Khunnarong ကတော့ Kapook Phatchara နဲ့တွဲနေခဲ့တာ ၅ နှစ်ကျော်ပြီလို့ ဖွင့်ပြောခဲ့ပါတယ်။ သူ့ရဲ့အချစ်ရေးကိုတရားဝင်ဖွင့်ထုတ်ခဲ့တာ မကြာသေးတာကြောင့် ပရိသတ်တွေလည်း တော်တော်အံ့ဩသွားခဲ့ရပါတယ်။ Krating ကတော့ Thai TV3 ရဲ့ တက်သစ်စနာမည်ကြီးမင်းသားဖြစ်ပြီး Kapook ကတော့ GMM TV ရဲ့ မင်းသမီးတလက်ဖြစ်ပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Written: Julix

Advertisements
Share