နတ်သားနတ်သမီး​လေး​တွေလို စိတ်နှလုံးလှတဲ့ နာမည်က​ေျာ် ကိုရီးယားမင်းသားမင်းသမီး (၄) ဦး

Advertisements

ကိုရီးယားမင်းသားမင်းသမီး​တွေဟာ ဇာတ်လမ်းတွဲတစ်တွဲရဲ့ အပိုင်းတစ်ပိုင်းကို ရိုက်ကူးတိုင်း ဝင်​ငွေ​ပမာဏ အများကြီးကို ရရှိကြပါတယ်။ ဒီလိုမျိုး ချမ်းသာကြွယ်ဝကြတဲ့ မင်းသားမင်းသမီး​တွေဟာ သူတစ်ပါးကို ပြန်လည်ကူညီဖို့လည်း မ​မေ့တတ်ကြပါဘူး။

ပုံမှန်အားဖြင့် မင်းသားမင်းသမီး​ ​တော်​တော်များများဟာ အလှူအတန်း​တွေကို ရက်​​​ရောစွာ ပြုလုပ်​လေ့ရှိကြပါတယ်။ ယခု​ဖော်ပြ​ပေးမယ့် မင်းသားမင်းသမီး ၄ ​ယောက်က​လည်း ထိုကဲ့သို့ လိုအပ်တဲ့လူ​တွေကို အကူအညီ​ပေ​းလေ့ရှိပြီး နတ်သားနတ်သမီး​လေးတွေလို စိတ်နှလုံးလှတဲ့သူ​တွေပဲဖြစ်ပါတယ်။

1. Gong Yoo

မင်းသား Gong Yoo ​ဟာ ရုပ်​ချောပြီး သရုပ်​ဆောင်​ကောင်းရုံသာမက သူတစ်ပါးအတွက် စဉ်းစား​ပေးတတ်သူလည်းဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ Gong Yoo ဟာ UNICEF ရဲ့ သံတမန်ဖြစ်လာခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံ​တွေမှာရှိတဲ့ က​လေးငယ်​တွေရဲ့ အ​ခြေအ​နေနဲ့ ပတ်သက်ပြီး အသိပညာ​ပေးဖို့အတွက် ကမ္ဘာ့နိုင်ငံ​ပေါင်း ၁၉၃ နိုင်ငံကို လှည့်လည်သွား​ရောက်ခဲ့ပါတယ်။ ထို့အပြင် မျက်မမြင်နားမကြားက​လေးငယ်​တွေအတွက် အထူးပြုလုပ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ​နောက်ခံစကား​ပြောသူအ​နေနဲ့ လုပ်​ဆောင်ခဲ့ပြီး သူ့ရဲ့ အသံချိုချို​လေးကို လှူဒါန်းခဲ့ပါတယ်။

2. Han Hyo Joo

ဒီစာရင်းထဲမှာ ပါဝင်တဲ့ တစ်ဦးတည်း​သော မင်းသမီးက​တော့ Han Hyo Joo ဖြစ်ပါတယ်။ သူမဟာ ၂၀၁၇ ခုနှစ် ​မေလတည်းက ‘အစိမ်း​ရောင်ထီး​လေး က​လေးသူငရ်များ​ဖောင်​ဒေးရှင်း’ မှာ အဖွဲ့ဝင်ခဲ့ပြီး ‘​နေ့စဉ်​နေ့တိုင်း အိပ်မက်​တွေကို ဝတ်ဆင်ကြမယ်’ ဆိုတဲ့ ကမ်ပိန်းမှာလည်း ပါဝင်ခဲ့ပါတယ်။ ထိုကမ်ပိန်းဟာ ​နာမကျန်းဖြစ်​နေတဲ့ က​လေးငယ် ၁၀၀၄ ဦးအတွက် သီးသန့်ချုပ်လုပ်ထားတဲ့ အဝတ်အစား​တွေကို လှူဒါန်းတဲ့ပွဲဖြစ်ပါတယ်။ မင်းသမီး Han Hyo Joo က ထိုကမ်ပိန်းမှာ က​လေးသူငယ်​တွေအတွက် ဝမ် ၁၀,၀၄၀,၀၀၀ ကို ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။

3. Park Hae Jin

မင်းသား Park Hae Jin က​တော့ နှစ်အ​တော်ကြာ လူမှုအကျိုးပြုလုပ်ငန်း​တွေကို လုပ်​ဆောင်ခဲ့သူဖြစ်ပါတယ်။ Park Hae Jin ဟာ ​တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံမှာရှိတဲ့ လူမှုအကျိုးပြုလုပ်ငန်း​တွေအတွက် အလှူ​ငွေထည့်ဝင်ခဲ့တာ​ကြောင့် ‘Chinese Civil Award’ ကို ရရှိတဲ့ ပထမဆုံး ကိုရီးယားမင်းသားဖြစ်ပါတယ်။ သူဟာ Guryong ရွာမှာရှိတဲ့ သက်ကြီးရွယ်အို​တွေဆီ ​ကျောက်မီး​သွေးတုံး​တွေနဲ့ တခြား​နေ့စဉ်အသုံးအ​ဆောင်​တွေကို သယ်ပို့ဖို့အတွက် သူ့ကို မနှစ်သက်တဲ့ ကြည့်မရတဲ့ ပရိသတ်​တွေကို​တောင် ဖိတ်​ခေါ်ခဲ့ပါ​သေးတယ်။

4. Kim Soo Hyun

​​​နောက်ဆုံးတစ်ဦးက​တော့ တောင်ကိုရီးယားနိုင်ငံမှာ အနုပညာ​ကြေးအမြင့်ဆုံးမင်းသား​တွေထဲကတစ်ဦးဖြစ်တဲ့ Kim Soo Hyun ဖြစ်ပါတယ်။ သူဟာ ‘Gucci’ က ဦး​ဆောင်ပြီး ကျင်းပပြုလုပ်တဲ့ ‘တရုတ် က​လေးသူငယ်များနှင့် လူငယ်များ အဖွဲ့အစည်း’ ရန်ပုံ​ငွေပွဲ မှာ အ​မေရိကန်​ဒေါ်လာ ၁၈၀,၀၀၀ ကို ပါဝင်လှူဒါန်းခဲ့ပါတယ်။ ထိုအချိန်က ​အဖွဲ့အစည်းဟာ မသန်စွမ်းက​လေး ၁၂၀၀ ​ဦးအတွက် ​ထောက်ပံ့​ကြေးနဲ့ က​လေးသူငယ်ပြုစု​​စောင့်​ရှောက်​ရေးစင်တာ​တွေကို တည်​ဆောက်ဖို့ ရန်ပုံ​ငွေပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Source : lovekpop
Photo : Instagram
Written : ZL

Advertisements
Share