Stage Name အတွက် Jimin စဉ်းစားခဲ့တဲ့နာမည်တွေနဲ့ မသုံးဖြစ်ခဲ့တဲ့အကြောင်းအရင်း…

Advertisements

K-Pop idol တွေက ပွဲဦးထွက်ဖို့အတွက် အရင်ဆုံးလုပ်ရတာက Stage Name ရွေးရတာပါပဲ။ တချို့ကတော့ ထူးထူးခြားခြားနာမည်တွေ‌ကို ရွေးတတ်ကြသလို တချို့ကတော့ သူတို့ရဲ့နာမည်အရင်းအတိုင်းပဲ ပွဲဦးထွက်လာသူတွေလည်းရှိပါတယ်။

ကမ္ဘာကျော် BTS အဖွဲ့ဝင်‌တွေဟာလည်း stage name အတွက် နာမည်အသစ်စဉ်းစားခဲ့ကြပြီး အထူးသဖြင့်တော့ Jimin ‌တွေးခဲ့တဲ့နာမည်တွေကို ပြောပြလာတဲ့အခါမှာတော့ ပရိသတ်တွေအပြင် အဖွဲ့ခေါင်းဆောင်ကြီး RM ကိုယ်တိုင်ကို အူတက်နေခဲ့ပ‌ါတော့တယ်။

ARMY နဲ့ Kpoper တိုင်းသိထားတဲ့တိုင်း Jimin ဟာ သူ့ရဲ့နာမည်အရင်းနဲ့ပဲ ပွဲဦးထွက်ခဲ့တဲ့ BTS အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ Tonight Show Starring Jimmy Fallon နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးအသစ်မှာဆိုရင် Jimin ရဲ့ ပွဲဦးမထွက်ခင်သုံးဖို့ရည်ရွယ်ထားခဲ့တဲ့နာမည်တွေနဲ့ပတ်သက်ပြီး ပုကျိတစ်ယောက် အမေးခံလိုက်ရပါတယ်။

Jimmy Fallon က “Jimin.. stage name အတွက် နာမည်တွေစဉ်းစားတုန်းက မင်း,သုံးဖို့ရည်ရွယ်ထားခဲ့တဲ့နာမည်က ‘Baby J’ ဆို.. ဟုတ်လား? မင်း အဲ့နာမည်ကို ရွေးမိတော့မလို့ဆို?” လို့ မေးခဲ့ပါတယ်။ ဒီမေးခွန်းကိုတော့ Jimin က ဟုတ်မှန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

“ဟုတ်ကဲ့… Baby J ဆိုတဲ့နာမည်လေးကို တော်တော်လေးသဘောကျခဲ့တာ။ Baby J တင်မကဘူး.. Baby G ကိုလည်းတွေးခဲ့သေးတယ်။ နှစ်ခုထဲက တစ်ခုရွေးမယ်ပေါ့.. ဒါပေမဲ့ Baby J ဆိုတဲ့နာမည်ကို မသုံးဖြစ်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ တော်တော်ကြီးထူးဆန်းတယ်လို့ ခံစားသွားရတယ်။

‘Hi.. ငါက Baby J’ ပါဆိုပြီး ပါးစပ်ကထုတ်ပြောကြည့်ရင်း ဘာတွေးမိသွားလဲဆိုတော့.. ဒီနာမည်ကြီးကိုပြောရတာ အဆန်းကြီးပေါ့.. အဲ့လိုနဲ့ပဲ ကျွန်တော့်ရဲ့နာမည်အရင်းကိုပဲ သုံးဖို့ဆုံးဖြတ်ခဲ့တာပါ” လို့ ဖြေရှင်းပြခဲ့ပါတယ်။ ဒီအကြောင်းကိုကြားတော့ အဖွဲ့ဝင်တွေအားလုံး… အထူးသဖြင့် RM ကြီးကဆိုရင် ခွက်ထိုးခွက်လန်ကိုရီပါတော့တယ်။

Jimmy Fallon ကလည်းပဲ Jimin ရဲ့အဖြေကိုကြားတော့ “တကယ်လို့များ နာမည်ကို ရှည်အောင်လို့ ထပ်ထည့်ရမယ်ဆိုရင် Jimin Fallon,လို့ သုံးပါလား” ဆိုပြီး ‌စ,နောက်ပြန်ပါတယ်။ ထုံးစံအတိုင်း ရီရအောင် ထူးထူးခြားခြားကြိုးစားစရာမလိုတဲ့ Jimin က “နောက်ရက်တွေကျရင် Jimin Fallon ဆိုတဲ့နာမည်ကိုသုံးပြီးဖျော်ဖြေသွားပါတော့မယ်” လို့ ပြန်ပြီး ဟာသလုပ်ခဲ့ပါတော့တယ်။

BTS အဖွဲ့ထဲမှာ Stage Name အတွက် နာမည်အရင်းကိုသုံးတဲ့သူကတော့ အငယ်ဆုံးလေး Jungkook နဲ့ Jimin နှစ်ယောက်တည်းရှိတာကြောင့် သူတို့စဉ်းစားခဲ့တဲ့ ပွဲဦးထွက်နာမည်တွေကလည်း တကယ်ကို သမိုင်းတွင်လောက်ပါတယ်။ တကယ်လို့သာ “Baby J” ဆိုပြီး သုံးဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ လက်ရှိမှာ Jimin မဟုတ်ဘဲ “Baby J” လို့ နာမည်တွင်နေတော့မယ် ထင်ပါရဲ့။

Source: Koreaboo
Photos: Naver
Written: Julix

Advertisements
Share