စိတ်ကူးယဉ်အက်ရှင်ဇာတ်ကားသစ် “High Five” ကို စတင်ရိုက်ကူး​နေပြီဖြစ်တဲ့ GOT7 အဖွဲ့ဝင် Jinyoung

Advertisements

ဇူလိုင်လ ၁၄ ရက်​နေ့မှာ Joy News သတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ GOT7 အဖွဲ့ဝင်နဲ့ သရုပ်​ဆောင် Jinyoung ဟာ စိတ်ကူးယဉ်အက်ရှင်ရုပ်ရှင်ကားသစ် “High Five” ကို စတင်ရိုက်ကူး​နေပြီလို့ သိရှိရပါတယ်။

ထို့အပြင် Jinyoung ဟာ tvN ရုပ်သံလိုင်းက​နေ စ​နေတနင်္ဂ​နွေ​​နေ့​တွေမှာ ထုတ်လွှင့်​နေတဲ့ “The Devil Judge” ဇာတ်လမ်းတွဲကိုလည်း မကြာ​သေးခင်က ရိုပ်ကူးပြီးစီးသွားပြီဖြစ်ပါတယ်။ “The Devil Judge” ဇာတ်လမ်းတွဲကို ဇူလိုင်လ ပထမအပတ်က စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး လက်ရှိမှာ ဇာတ်သိမ်းပိုင်းကို တည်းဖြတ်​ထုတ်လုပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမှုခင်းဇာတ်လမ်းတွဲအပြင် “He is Psychometric” မင်းသား Jinyoung ဟာ မင်းသမီး Kim Go Eun နဲ့ မင်းသား Ahn Bo Hyun တို့ရဲ့ ဇာတ်လမ်းတွဲသစ် “Yumi’s Cells” မှာ ပါဝင်သရုပ်​ဆောင်ဖို့လည်း ကမ်းလှမ်းခံထားရပါတယ်။

“High Five” ရုပ်ရှင်ကားဟာ နာမည်ကြီးသရုပ်​ဆောင်များစွာ ပါဝင်တဲ့အပြင် သူမတူတဲ့ ဇာတ်အိမ်နဲ့ ကြည့်ရှုသူ​တွေကို အ​တွေ့အကြုံသစ်နဲ့ စိတ်လှုပ်ရှားမှုကို ​ပေးစွမ်းသွားမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ စူပါပါဝါရှိတဲ့ လူငါးဦးအ​ကြောင်းကို ရိုက်ကူးပုံ​ဖော်ထားတာဖြစ်ပါတယ်။

သူတို့ဟာ စွမ်းအားရှင်တစ်​ယောက်ဆီက ရရှိတဲ့ ကိုယ်တွင်းအင်္ဂါ​တွေနဲ့ အစားထိုးခွဲစိတ်ကုသမှုခံယူပြီး​နောက် စူပါပါဝါ​တွေရရှိလာတာဖြစ်ပါတယ်။ ထိုစွမ်းအားရှင်ကလည်း ကိုယ်တွင်းအင်္ဂါအစားထိုးခွဲစိတ်မှုက​နေတဆင့် စူပါပါဝါကို ရရှိခဲ့တာပါ။

Jinyoung အပြင် ဒီရုပ်ရှင်ကားမှာ ပါဝင်ဖို့ ပထမဆုံးအတည်ပြုခဲ့တာက​တော့ ဆု​တွေအများကြီးရရှိထားတဲ့ မင်းသား Yoo Ah In ဖြစ်ပြီး Ra Mi Ran, Oh Jung Se, Ahn Jae Hong, Kim Hee Won နဲ့ Lee Jae Jin တို့လို နာမည်ကြီးပြီး အ​တွေ့အကြုံရှိ သရုပ်​ဆောင်များစွာ ပါဝင်ပါတယ်။ ဒီရုပ်ရှင်ကားကို “Sunny” နဲ့ “Swing Kids” တို့လို နာမည်ကြီးရုပ်ရှင်ကား​တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Kang Hyung Chul က ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Source : Kpopstarz
Photo : Instagram
Written : ZL

Advertisements
Share