အပြုံးလေးနဲ့ပွဲတက်ခဲ့ပေမဲ့ တကယ်တမ်း,မျက်လုံးမှာခိုက်မိခဲ့လို့ နာကျင်နေခဲ့တဲ့ Dilireba

Advertisements

ဇူလိုင် ၁၃ ရက်နေ့တုန်းက ထိပ်တန်းမင်းသမီးလေး Dilireba ဟာ ပွဲအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပြီး ကျက်သရေရှိတဲ့အပြင်အဆင်နဲ့ လှပတဲ့ခြယ်သမှုကတော့ တကယ့်ကိုဖမ်းစားနိုင်ခဲ့ပါတယ်။ ရင်ဖက်အလှကိုဖော်ထားပြီး သွယ်လှကျော့ရှင်းတဲ့ခန္ဓာကိုယ်အချိုးအစားကိုပေါ်လွင်စေတဲ့ အပြာလွင်လွင် ပွဲတက်ဝတ်စုံလေးဟာ Reba နဲ့လွန်စွာလိုက်ဖက်နေခဲ့တာပါ။

သို့ပေမဲ့ ပွဲမတက်ခင်အကြိုရိုက်ကူးရတဲ့ဓာတ်ပုံမှာကတည်းက Reba ဟာ သူမရဲ့ ဘယ်ဖက်မျက်လုံးကို ဆံပင်နဲ့ကွယ်ထားပြီး မျက်နှာတစ်ခုလုံးမပေါ်အောင် ရိုက်ကူးခဲ့တာကြောင့် တစ်ခုခုထူးဆန်းနေ ကြောင်း ခံစားခဲ့ရပါတယ်။

ပွဲအခမ်းအနားကိုတော့ လှပရိုးရှင်းတဲ့အပြုံးလေးတစ်ခုကို ဆင်မြန်းရင်းတက်ရောက်ခဲ့ပေမဲ့ အစပိုင်းမှာကတည်းက မျက်မှန်အနက်ရောင်ကို တပ်ဆင်ထားကာ ပရိသတ်တွေမမြင်အောင် တစ်ခုခုကို ဖုံးကွယ်ဖို့အားထုတ်‌ခဲ့ရှာပါတယ်။ အထူးသဖြင့် ဘယ်ဖက်မျက်လုံးကို ဆံပင်နဲ့ကွယ်ထားတဲ့ Reba ရဲ့ပုံစံကို အားလုံးက, အာရုံစိုက်မိခဲ့ပါတယ်။

မချစ်နိုင်တဲ့သူမရှိလောက်တဲ့အထိ ချစ်စရာကောင်းပြီး, ပြီးပြည့်စုံတဲ့ Reba လေး, တစ်ခုခုမူမမှန်ဖြစ်နေတာကို ရိပ်မိခဲ့ကြတဲ့ ပရိသတ်တွေက သူမရဲ့ မျက်လုံးတစ်ဖက်ကို ဘာလို့များဖုံးကွယ်ထားရပါလိမ့်.. ဘာများဖြစ်လို့ပါလိမ့်.. စသဖြင့် ပူပန်စွာဖြင့် ဆွေးနွေးပြောဆိုခဲ့ကြပါတော့တယ်။ ဒီလိုမျိုးစိတ်ပူပန်နေတဲ့ ပရိသတ်တွေရဲ့ ငြင်းခုံဆွေးနွေးနေမှုတွေကို အသိပြုမိသွားတဲ့ Reba ဟာ ဖြစ်ကြောင်းကုန်စင်ကို ချက်ချင်းပဲ‌ထုတ်ပြောခဲ့ပါတယ်။

Reba ရဲ့ ပြောဆိုပုံအရ.. သူမရဲ့ ဘယ်ဖက်မျက်လုံးဟာ အဆင်မပြေဖြစ်သွားပြီး မျက်ရည်တွေယိုကျနေခဲ့တာကြောင့် ပွဲတက်ဖို့အတွက် သူမရဲ့မျက်လုံး, ခိုက်မိထားတာကို ဆံပင်နဲ့ကွယ်ထားဖို့ ဆုံးဖြတ်ခဲ့ရတယ်, လို့ ဆိုရင်း ပုံလေးတွေတင်ပေးကာ ပရိသတ်တွေစိတ်မပူကြဖို့ နှစ်သိမ့်ခဲ့ပါတော့တယ်။

ဒီအကြောင်းကို သိလိုက်ရတဲ့ ပရိသတ်ပေါင်းများစွာဟာ ပွဲအခမ်းအနားကို ချောချောမွေ့မွေ့ပဲ ပြီးစီးသွားစေချင်တဲ့ Reba ရဲ့ စိတ်ထားကို ချီးကျူးခဲ့ကြပြီး တဖက်မှာလည်း မျက်လုံးဒဏ်ရာ အမြန်ဆုံးပြန်ကောင်းလာဖို့ စိတ်ပူစွာနဲ့ဆုတောင်းပေးခဲ့ကြပါတယ်။

သူမ မြတ်နိုးတန်ဖိုးထားရတဲ့ အနုပညာအလုပ်တွေနဲ့ ပရိသတ်တွေအတွက်ဆိုရင် မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကိုလည်း တကယ့်ဆရာကျကျနဲ့ ကိုင်တွယ်ဖြေရှင်း Dilireba လေးကို ဘယ်သူက မချစ်ပဲ,နေနိုင်ပါ့မလဲနော်။

Source: Kenh14
Photos: Weibo
Written: Julix

Advertisements
Share