EXO ရဲ့ “Lotto” ကို ကူးချပါတယ်,ဆိုပြီး ဝေဖန်ခံလိုက်ရတဲ့ Wang Yibo

Advertisements

တရုတ် Cpop လောကရဲ့ရှေ့ဆောင်တစ်ဦးဖြစ်သူ Wang Yibo ကတော့ နောက်ထပ်ဝေဖန်စွပ်စွဲမှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပြန်ပါတယ်။ ဇူလိုင် ၁၆ ရက်နေ့တုန်းက YUE HUA Family’s 12th Anniversary နေ့အတွက် Yibo ဟာ သူ့ရဲ့ Single သီချင်း “Wu Gan” နဲ့ဖျော်ဖြေခဲ့ပြီး ပရိသတ်တွေကလည်း တင်ဆက်မှုအတွက် များစွာအားရကျေနပ်ဖြစ်ခဲ့ကြပါတယ်။

အကဘုရင်တစ်ဦးလို့ တင်စားခံထားရသူ Yibo ဟာ သီချင်းအတွက် Dance Break ကို အမိုက်စားကပြပြီးတဲ့နောက် တရုတ်အင်တာနက်သုံးစွဲသူတွေရဲ့ ဝေဖန်စွပ်စွဲခြင်းကို ခံခဲ့ရပါတယ်။ အကြောင်းကတော့ Yibo ရဲ့ အကဟာ EXO ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ Lotto ထဲက အကနဲ့တီးလုံးဟာ ဆင်တူနေတယ်လို့ပြောရင်း ကူးချပါတယ်,ဆိုပြီး ဝေဖန်ကာ သီချင်းနှစ်ပုဒ်ကို နှိုင်းယှဉ်ပြီး စတင်ပြောဆိုကြပါတော့တယ်။

ဒါပေမဲ့ Yibo ရဲ့ သီချင်းနဲ့ဖျော်ဖြေတင်ဆက်မှုပိုင်းကို တာဝန်ယူထားတဲ့ စီစဉ်သူ Yu Yeong Jun (Nomas good) ဟာ ဒီလိုစွပ်စွဲမှုတွေအတွက် IG Story က တဆင့် တရုတ်လိုကော၊ ကိုရီးယားလိုပါ ရေးတင်ပြီး ဖြေရှင်းခဲ့ပါတယ်။ Nomasgood က “ကျွန်တော်က EXO ရဲ့ “Lotto” သီချင်းကို အရင်တုန်းကတည်းက နားမထောင်ဖူးပါဘူး။

အခု ကူးချပါတယ်,ဆိုပြီး ဝေဖန်ပြောဆိုနေကြတဲ့အပိုင်းက Dance Break အတွက် စံနမူနာယူဖို့ Royalty-free Music Website, Splice ကနေ လိုင်စင်တင်ပြီး တရားဝင်ဝယ်ထားခဲ့တဲ့ သီချင်းထဲကအပိုင်းကို ပြောနေကြတာပဲ။ ZENHISER ရဲ့ “Trap VS Twerk” ကို စံပြုဖို့အတွက် လိုင်စင်ပါတင်ပြီး သုံးခဲ့တာပါ။

Yibo ရဲ့ စင်ပေါ်ကပြဖျော်ဖြေမှုဟာ ဒါနဲ့ဆိုရင် တော်တော်လေး လိုက်ဖက်မှာမို့လို့ တရားဝင်ကိုငွေလွှဲပြီး ဝယ်ယူထားတဲ့အပိုင်းပါ။ ဒါကြောင့်မို့လို့ အားလုံးပြောနေကြတဲ့ “တရားမဝင်ဘူး.. ကူးချထားတယ်” ဆိုပြီး ပြောတာတွေက အဓိပ္ပါယ်မရှိလှပါဘူး။ Yibo ရဲ့ဖျော်ဖြေမှုမှာ ဒီလိုမျိုးတွေလည်း မပါဝင်ပါဘူး” ဆိုပြီး တဲ့တိုးဖြေရှင်းပေးသွားခဲ့ပြန်ပါတယ်။

Nomasgood ရဲ့ပြောစကားအတိုင်း မူလသီချင်းမှာ မပါဝင်တဲ့အပိုင်းဖြစ်ပေမဲ့ ပွဲအတွက် အထူးဖျော်ဖြေတင်ဆက်ဖို့ Dance Break အတွက်သာ စံယူထားခဲ့တာဖြစ်ပြီး ဒါကလည်း တရားဝင်ဝယ်ယူထားပြီးသားဖြစ်တာကြောင့် သေချာမသိဘဲနဲ့ဝေဖန်တာမျိုးဟာ တကယ်ကို အကျည်းတန်လှပါတယ်။

အားလုံးအကြိုက်တွေ့စေခဲ့တဲ့ Wang Yibo ရဲ့ “Wu Gan” သီချင်းဟာ ဝေဖန်စွပ်စွဲ‌ခဲ့ကြသလို တရားမဝင်ကူးချတာမျိုး တစ်ခုမှမပါဝင်ခဲ့ကြောင်း တာဝန်ရှိသူကိုယ်တိုင်ကိုက အတည်ပြုဖြေရှင်းပြီးဖြစ်တာကြောင့် Yibo ကို အရင်ကထက်တောင် လူကြိုက်များပြီး သဘောကျလာကြပါတော့တယ်။

Source: ChinaDaily
Photos: Weibo
Written: Julix

Advertisements
Share