လက်ရေးမူနဲ့ မြန်မာပြည်အတွက် ထပ်မံ ဆုတောင်းပေးခဲ့တဲ့ တောင်ကိုရီးယားမော်ဒယ် Lee Seo Ho

Advertisements

မြန်မာနဲ့ပါတ်သက်လာရင် တောင်ကိုရီးယား အနုပညာရှင် များစွာရဲ့ရင်ထဲမှာ မြန်မာပြည်က ပရိတ်သတ်တွေပေါ်ထားတဲ့ မေတ္တာတရားဟာ တစတစနဲ့ အရမ်းကို နက်ရှိုင်းလို့လာခဲ့ပါပြီ။ အခုအခါမှာဆိုရင်လည်း ကိုဗစ် တတိယလှိုင်း ပြင်းထန်မှုဒဏ်ကို ကြုံတွေ့နေရတဲ့ မြန်မာပရိတ်သတ်တွေကို တောင်ကိုရီးယားရဲ့ တတ်သစ်စ မော်ဒယ်လေး Lee Seo Ho က ကိုယ်တိုင်ရေး လက်ရေးစာနဲ့ နှစ်သိမ့်မှုအချို့ ပြုလုပ်ပေးခဲ့ပါတယ်။

Lee Seo Ho က သူ့ရဲ့လူမှုစာမျက်နှာမှာ “မြန်မာပြည်ကြီး အေးချမ်းပါစေ၊ အားတင်ထားပါ” ဟူသော ကိုတိုင်ရေးလက်ရေးစာနဲ့ ပုံလေးတွေကို တင်ပေးခဲ့တာဖြစ်ပြီး မြန်မာပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ သူဟာ ယခင်အချိန်များကပင် မြန်မာအရေးကိစ္စများကို မြန်မာနိုင်ငံသားများ နည်းတူ ပါဝင် ဆောင်ရွက်ပေးနေတဲ့ တောင်ကိုရီးယား နိုင်ငံသား မော်ဒယ်တစ်ဦးဆိုရင်လဲ မမှားပါဘူး။

တခြားနိုင်ငံသားဖြစ်နေပေမယ့် မြန်မာပြည်သူတွေနဲ့အတူ အမြဲတမ်းရှိနေပေးတဲ့ မော်ဒယ် Lee Seo Ho ရဲ့ ဆုတောင်းစကားလေးကို မင်မင်တို့စာမျက်နှာမှတဆင့် မြန်မာပြည်သူတွေသိရှိနိုင်ဖို့ မျှဝေပေးလိုက်တာဖြစ်ပြီး Model Lee Seo Ho နဲ့ပါတ်သက်တဲ့ အနုပညာသတင်းလေးတွေကိုလည်း နောက်ထပ် ထပ်မံတင်ဆက်ပေးသွားဦးမယ်ရှင့်။

Source: Lee Seo Ho
Written: Asia Cele Bar

Advertisements
Share