SM, YG, JYP, HYBE စတဲ့ Company အသီးသီးရဲ့ Visual ကိုယ်စားပြု Kpop Idol များ

Advertisements

Korea နိုင်ငံဟာ kpop, k drama ယဉ်ကျေးမှုနဲ့ ကမ္ဘာကို ထိုးဖောက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ Kpop Entertainment တွေက အရမ်းများပြီး Kpop idol တွေကလည်း အရမ်းများပါတယ်။ ဒါပေမဲ့ နာမည်ကြီး Entertainment က ထွက်တဲ့သူဆို ပိုအောင်မြင်ဖို့ အခွင့်အရေးများပါတယ်။

အရင်က Big 3 လို့ ခေါ်တဲ့ SM Entertainment, YG Entertainment, JYP Entertainment တို့အပြင် ခု HYBE Label ပါ ပေါင်းပြီး အကြီးမားဆုံး Entertainment တွေအဖြစ် Kpop industry မှာရပ်တည်နေပါတယ်။ ထို Entertainment တွေ မှာ audition ဝင်ဖြေတဲ့သူတွေ အရမ်းများပြားပြီး အောင်ဖို့ကလည်း အရမ်းခက်ပါတယ်။

Audition အောင်သွားရင်တောင် Idol အဖြစ် debut ပေးဖို့ သူတို့ရဲ့ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှသာ trainee တွေထဲက ပြန်ရွေးချယ်ကြတာပါ။ Idol တစ်ယောက် ဖြစ်ဖို့ဆိုတာ အဆိုအကတော်ရမှာ ဖြစ်သလို ရုပ်ရည်လည်းချောမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ ခု Big 4 က သတ်မှတ်ထားတဲ့ သူတို့ရဲ့ စံပြ Visual တွေကို ဖော်ပြပေးလိုက်ပါတယ်။

SM Entertainment

Advertisements

Vocal ဦးစားပေးတဲ့ SM က တော့ ရုပ်ရည်ကိုလည်း ဦးစားပေးပါတယ်။ SM ရဲ့ visual စံနှုန်းဟာ တော်ဝင်ဆန်ပြီး ခန့်ညားတဲ့ ရုပ်ရည်ရှိရမှာ ဖြစ်ပါတယ်။ “SM” face တွေကတော့ EXO အဖွဲ့ဝင် Suho နဲ့ Sehun , TVXQ အဖွဲ့ဝင်ဟောင်း Jaejoong, SuperJunior အဖွဲ့ဝင် Suho တို့ဖြစ်ပါတယ်။ မိန်းကလေးတွေထဲမှာဆို Girls’ Generation’s Taeyeon , Irene, Yoona နဲ့ Seo Hyun Jin တို့က SM ရဲ့အလှကို ကိုယ်စားပြုပါတယ်

Advertisements

YG Entertainment

YG Entertainment က တော့ Swag type နဲ့ Rap ပိုင်းကို ပိုဦးစားပေးတဲ့ Company ဖြစ်ပါတယ်။ ပြီးတော့ သူတို့က cute type ရော ဆွဲဆောင်မှုရှိတဲ့ type ရော နှစ်မျိုးလုံးလုပ်နိုင်တဲ့သူကို သဘောကျပါတယ်။ YG ရဲ့ အလှစံချိန် ကိုယ်စားပြုတွေကတော့ BIG BANG’s T.O.P, TREASURE’s Asahi နဲ့ BLACKPINK’s Jennie တို့ဖြစ်ပါတယ်။

JYP Entertainment

Advertisements

JYP Entertainment ကတော့ male idol ဆို မျက်နှာလေးက နုဖတ်လှပပြီး ခန္တာကိုယ်တောင့်တဲ့သူ တွေကို ရွေးပါတယ်။ Rain နဲ့ 2PM အဖွဲ့ဝင်တွေလိုမျိုးပါ။ Stray Kids’ Hyunjin နဲ့ Felix တို့လိုမျိုး ချောတဲ့သူတွေလည်း သဘောကျပါတယ်။ Female idol ထဲမှာတော့ TWICE အဖွဲ့ဝင် Tzuyu နဲ့ Miss A member ဟောင်း Suzy တို့က JYP ရဲ့ စံပြရုပ်ရည်တွေပါ။ JYP က သူတို့ idol တွေကို Romantic type နဲ့ ပရိသတ်တွေကို ဆွဲဆောင်စေပါတယ်။

HYBE

HYBE ကတော့ လူတိုင်းနဲ့အဆင်ပြေမဲ့ နူးညံ့နွေးထွေးတဲ့ visual type ကို သဘောကျပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ idol တွေကို နူးညံ့ညင်သာတဲ့ ပုံစံကနေ Dark type ဆန်ဆန်လည်း ပြင်ပေးကြပါတယ်။ HYBE ရဲ့ စံပြရုပ်ရည်ကတော့ BTS အဖွဲ့ဝင် V နဲ့ TXT အဖွဲ့ဝင် Yeonjun တို့ဖြစ်ပါတယ်။

ဒီ List ဟာ Allkpop က ရွေးချယ်ခဲ့တာ ဖြစ်ပြီး မင်မင်တို့ Page ကနေ ပြန်လည်တင်ပြပေးတာ ဖြစ်ပါတယ်။ ပရိတ်သတ်တို့လည်း ဒီ စာရင်းကို မှန်မမှန် သဘောတူမတူ ဆုံးဖြတ်သွားကြပါအုံးနော်။

Source: Allkpop
Written: Violet

Advertisements
Share
Tags: K-Pop Story