နာမည်ကြီးရုပ်ရှင်တွေကြောင့် ပိုမိုကျော်ကြားလာခဲ့ရတဲ့ ထိုင်းသရုပ်ဆောင် ၅ ဦး

Advertisements

ထိုင်းဇာတ်လမ်းတွဲကြည့်ရှုသူတိုင်းက သရုပ်ဆောင်မင်းသား၊ မင်းသမီးတွေရဲ့ အနုပညာအရည်အချင်းတွေနဲ့ ရင်းနှီးပြီးဖြစ်ကြမှာပါ။ ဇာတ်လမ်းတွဲတွေမဟုတ်ဘဲ ရုံတင်ရုပ်ရှင်ကားတွေနဲ့ ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးခဲ့ပြီး ပိုမိုကျော်ကြားအောင်မြင်မှုတွေကို ပိုင်ဆိုင်ခဲ့တဲ့ ထိုင်းသရုပ်ဆောင် ၅ ဦးရှိပါတယ်။

Mario Maurer

ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ Mario Maurer ကတော့ အနုပညာနယ်ပယ်ထဲမှာ နာမည်ကြီးဖို့ ကံဇာတာပါလာခဲ့ပုံပါပဲ။ ၂၀၀၇ ခုနှစ်တုန်းက BL ရုပ်ရှင် “Love of Siam” မှာ ခေါင်းဆောင်မင်းသားအဖြစ် လက်ခံရိုက်ကူးရင်း ပွဲဦးထွက်လာခဲ့ပြီး ဒီကားကြောင့်ပဲ တော်တော်လေးကို နာမည်ကြီးကာ လူကြိုက်များလာခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း နာမည်ကြီးဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တာကြောင့် အနုပညာနယ်ပယ်ထဲမှာ နာမည်တစ်လုံးနဲ့ရပ်တည်ထားပါတော့တယ်။

Baifern Pimchanok

အချစ်တော်လေး Baifern Pimchanok ကို လူတိုင်းလောက်စတင်သိရှိခဲ့တဲ့ ဇာတ်ကားတစ်ခုရှိပါတယ်။ ၂၀၁၀ တုန်းက “A Little Thing Called Love” ဆိုတဲ့ လူငယ်အချစ်ဇာတ်ကားလေးမှာ Mario Maurer နဲ့ အတူတွဲဖက်သရုပ်ဆောင်ခဲ့ပြီး သူမရဲ့သရုပ်ဆောင်ပီပြင်မှုတွေအပြင် ချစ်စရာကောင်းတဲ့ပုံစံလေးတွေကြောင့် မကြိုက်တဲ့သူမရှိတဲ့အထိ နာမည်ကြီးလာခဲ့ပါတော့တယ်။ အချိန်တွေဘယ်လောက်ပြောင်းပြောင်း ဒီဇာတ်ကားလေးထဲက သူမရဲ့ဇာတ်ကောင်နဲ့ Baifern ရဲ့နာမည်ကတော့ ကြည့်ရှုသူတွေရဲ့အသည်းနှလုံးမှာ တံဆိပ်နှိပ်ပြီးသားဖြစ်သွားပါပြီ။

Sunny Suwanmethanont

မင်းသား Sunny ကို နာမည်ကြီးလာစေခဲ့တဲ့ ရုပ်ရှင်တစ်ခုကတော့ ၂၀၁၄ တုန်းကထွက်ခဲ့တဲ့ ဟာသအချစ်ဇာတ်ကား “I Fine Thank You Love You” ပါပဲ။ ဒီကားထဲမှာ Sunny ရဲ့ သရုပ်ဆောင်ကောင်းမှုကတော့ တကယ်ကို လက်ဖျားခါလောက်ပြီး ထိုင်းနိုင်ငံအပြင် နိုင်ငံတော်တော်များများမှာ အားပေးတဲ့ပရိသတ်တွေ အများအပြားတိုးလာခဲ့ပါတော့တယ်။ Sunny ရဲ့ “I Fine Thank You Love You” ဇာတ်ကားဟာ ပြန်ကြည့်တိုင်းလည်း စိတ်လက်ပေါ့ပါးသွားအောင် ရီမောမိစေတာကတော့ အမှန်ပါပဲ။

Ice Preechaya

မင်းသား Sunny နဲ့အတူ မင်းသမီးချောလေး Ice Preechaya က‌လည်းပဲ “I Fine Thank You Love You” ဇာတ်ကားကြောင့်ပဲ နာမည်ကျော်ကြားလာခဲ့ပါတယ်။ Sunny နဲ့ အတွဲညီညီသရုပ်ဆောင်နိုင်ခဲ့တဲ့ Ice ရဲ့ သရုပ်ဆောင်ပီပြင်ချက်ကတော့ ကြည့်ရှုသူတိုင်းကို ရီမောစေတဲ့အတွက်ကြောင့် သူမရဲ့ အနုပညာခရီးကို တဆင့်မြင့်စေခဲ့တဲ့ ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတော့တယ်။

Mai Davika

အချောအလှလေး Mai Davika ကတော့ ထိုင်းနိုင်ငံအပြင် နိုင်ငံတော်တော်များများမှာလည်း နာမည်ကြီးပြီး ချစ်ခင်သူတွေပေါလှပါတယ်။ ၂၀၁၃ တုန်းကထွက်ရှိခဲ့ပြီး လူကြိုက်များအောင်မြင်ခဲ့တဲ့ ထိုင်းဟာသ,သရဲကား “Pee Mak” ထဲမှာ Mario နဲ့အတူ တွဲဖက်သရုပ်ဆောင်ခဲ့ပြီး သရဲမလေးဇာတ်က‌ာင်ကို အပီပြင်ဆုံး ပုံဖော်နိုင်ခဲ့တာကြောင့် ကြည့်ရှုသူတွေကြားမှာ Mai Davika ဆိုပြီး အသည်းစွဲသွားစေခဲ့တာ‌ဖြစ်ပါတော့တယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix

Advertisements
Share