မိန်းက​လေးပရိသ​တ်​တွေ​ ​ရွေးချယ်ခဲ့တဲ့ ယောကျ်ား​လေး K-Pop အဖွဲ့​​​တွေထဲက ရုပ်အ​ချောဆုံး အဖွဲ့ဝင်များ

Advertisements

လူတိုင်းမှာ အလှကိုယ်စီရှိပြီး အလှအပဆိုတာ လူတိုင်းရဲ့ ခံယူချက်နဲ့လိုက်ပြီး ကွဲပြားတယ်ဆို​ပေမဲ့ အများစုက သ​ဘောတူလက်ခံထားတဲ့ အလှအပစံချိန်စံညွှန်း​တွေရှိတတ်ပါတယ်။ လူတစ်​ယောက်ကို မြင်လိုက်တာနဲ့ ရုပ်ရည်​ချော​မောတယ်လို့ အများက ပြိုင်တူသတ်မှတ်ကြတဲ့ အခိုက်အတန့်​တွေလည်း ရှိတတ်ပါတယ်။ မကြာ​​​သေးခင်က ​တောင်ကိုရီးယားနိုင်ငံက အွန်လိုင်းအသုံးပြုသူ​ မိန်းက​လေးတွေဟာ ​ယောကျ်ား​လေး K-Pop အဖွဲ့​တွေထဲက ရုပ်အ​ချောဆုံး အဖွဲ့ဝင်လို့ ယူဆတဲ့သူ​တွေကို ​ရွေးချယ်မဲ​ပေးခဲ့ကြပါတယ်။ အဲ့ဒီမဲရလဒ်က​​တော့…

1. BTOB

KPop ဒုတိယမျိုးဆက် ​ယောကျ်ား​လေးအဖွဲ့ဖြစ်တဲ့ BTOB မှာ​တော့ Sungjae က မဲစုစု​ပေါင်း ၉၃၉ မဲကို ရရှိပြီး ပထမ​နေရာကို ဆွတ်ခူးခဲ့ပါတယ်။ ဒုတိယ​နေရာကို​တော့ ၂၀၈ မဲနဲ့ Minhyuk က ရရှိပြီး တတိယ​နေရာကို Eunkwang, စတုတ္ထ​နေရာကို Hyunsik, ပဉ္စမ​နေရာကို Changsub နဲ့ ဆဌမ​နေရာကို Paniel တို့က အသီးသီးရရှိခဲ့ကြပါတယ်။

2. iKON

iKON အဖွဲ့မှာ​တော့ Junhoe က မဲ​ပေါင်း ၂၉၄ မဲကို ရရှိပြီး အဖွဲ့ထဲမှာ ရုပ်အ​ချောဆုံး အဖွဲ့ဝင်အဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒုတိယ​နေရာကိုတော့ ၂၇၂ မဲရရှိတဲ့ Yunhyeong က ရရှိခဲ့ပြီး တတိယ​နေရာကို​တော့ ၁၄၅ မဲ ရရှိတဲ့ Jinhwan က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီ​နောက် နံပါတ် ၄ နေရာကို​ Chan Woo, နံပါတ် ၅ ​နေရာကို Bobby နဲ့ နံပါတ် ၆ ​နေရာကို Donghyuk တို့က ရရှိခဲ့ပါတယ်။

3. Pentagon

Pentagon အဖွဲ့ထဲမှာ​ နံပါတ် ၁​ နေရာကို ပိုင်ဆိုင်ခဲ့တာက​တော့ Hongseok ဖြစ်ပြီး မဲစုစု​ပေါင်း ၂၁၇ မဲကို ရရှိခဲ့ပါတယ်။ ဒုတိယ​နေရာမှာ​တော့ Kino က ၁၁၁ မဲနဲ့ ရပ်တည်ခဲ့ပြီး တတိယ​နေရာကို Yan An က ၁၀၇ မဲနဲ့ ရရှိခဲ့ပါတယ်။ အဲ့ဒီ​နောက်မှာ Wooseok, Yeo One, Hui, Shinwon, Jinho နဲ့ Yuto စသဖြင့် အစဉ်လိုက် ရပ်တည်ခဲ့ပါတယ်။

4. MONSTA X

မဲရလဒ်အရ MONSTA X အဖွဲ့ထဲမှာ ပထမ​ရရှိခဲ့တာက​တော့ Hyungwon ဖြစ်ပြီး မဲ​ပေါင်း ၆၁၄ မဲကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယ​နေရာကို​တော့ ၅၄၆ မဲနဲ့ Minhyuk က ရရှိခဲ့သလို တတိယ​နေရာကို​တော့ ၄၂ မဲနဲ့ Shownu က ရရှိခဲ့ပါတယ်။ နံပါတ် ၄ ​နေရာကို Jooheon, နံပါတ် ၅ ​နေရာကို Kihyun နဲ့ နံပါတ် ၆ ​နေရာကို I.M စသဖြင့် ရရှိခဲ့ပါတယ်။

5. BTS

BTS အဖွဲ့အတွက်​တော့ Jin က မဲ​ပေါင်း ၆၅၉ မဲရရှိပြီး ရုပ်အ​ချောဆုံး အဖွဲ့ဝင်အ​ဖြစ် ​ရွေးချယ်ခံခဲ့ရပါတယ်။ V က​တော့ ၅၈၄ မဲနဲ့ ဒုတိယ​နေရာကို ရရှိခဲ့ပြီး Jungkook က​တော့ တတိယ​နေရာကို ၉၅ မဲနဲ့ ရရှိခဲ့ပါတယ်။ ထို့​နောက် RM နဲ့ Jimin က နံပါတ် ၄ နဲ့ နံပါတ် ၅ ​နေရာမှာ ရပ်တည်ခဲ့ပြီး J-Hope နဲ့ Suga က​တော့ မဲမရရှိပဲ သ​ရေဖြစ်ခဲ့ပါတယ်။

6. NCT 127

NCT 127 မှာ​တော့ Jaehyun က မဲစုစု​ပေါင်း ၆၁၇ မဲကို​တောင် ရရှိပြီး ပထမ​နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒုတိယ​နေရာကို​တော့ Taeyong က ၂၃၄ မဲနဲ့ ရရှိပြီး တတိယ​နေရာကို Jungwoo က ၈၂ မဲနဲ့ ရရှိခဲ့ပါတယ်။ WinWin နဲ့ Doyoung တို့က နံပါတ် ၄ နဲ့ နံပါတ် ၅ ​နေရာကို ရရှိခဲ့ပြီး Johnny နဲ့ Mark က နံပါတ် ၆ ​နေရာကို ပူးတွဲရရှိခဲ့ပါတယ်။ ထို့​နောက် Yuta, Taeil, Haechan တို့က နံပါတ် ၇၊ ၈၊ ၉ စသဖြင့် အသီးသီး ရပ်တည်ခဲ့ပါတယ်။

7. NCT Dream

NCT Dream အတွက်​တော့ Jaemin က ၃၄၁ မဲနဲ့ ပထမ​နေရာကို ရရှိပြီး Jeno က ၁၈၆ မဲနဲ့ ဒုတိယ​နေရာ၊ Mark က ၅၄ မဲနဲ့ တတိယ​နေရာကို ပိုင်ဆိုင်ခဲ့ပါတယ်။ Jisung, Renjun, Chenle နဲ့ Haechan တို့က​တော့ နံပါတ် ၄ က​နေ ၇ အထိ အစဉ်လိုက် ရရှိခဲ့ပါတယ်။

8. SF9

SF9 အဖွဲ့မှာ Rowoon က မဲစုစု​ပေါင်း ၄၅၇ မဲကို ရရှိပြီး ပထမ​နေရာကို ဗိုလ်စွဲခဲ့ပါတယ်။ ဒုတိယ​နေရာကို​တော့ Hwiyoung က ၁၈၃ မဲနဲ့ ရရှိခဲ့ပြီး တတိယ​နေရာကို Taeyang က ၅၆ မဲနဲ့ ရရှိခဲ့ပါတယ်။ နံပါတ် ၄ က​နေ၉ အထိမှာတော့ Chan Hee, In Seong, Dawon, Jae Yoon, Young Bin တို့က အစဉ်လိုက် ရပ်တည်ခဲ့ပါတယ်။

9. The Boyz

The Boyz အဖွဲ့ထဲမှာ​တော့ မဲစုစု​ပေါင်း ၃၂၀ မဲကို ရရှိခဲ့တဲ့ Jooyeon က နံပါတ် ၁ ​နေရာကို ရရှိခဲ့ပြီး ၂၆၃ မဲရရှိတဲ့ Younghoon က နံပါတ် ၂ ၊ ၁၅၀ မဲ ရရှိတဲ့ Hyunjae က နံပါတ် ၃ စသဖြင့် ရရှိခဲ့ပါတယ်။ နံပါတ် ၄ နဲ့ နံပါတ် ၅ ​နေရာကို​တော့ Ju Haknyeon နဲ့ Sunwoo တို့က ရရှိခဲ့ပါတယ်။

10. Stray Kids

Stray Kids အဖွဲ့မှာ​ Hyunjin က ၃၀၉ မဲနဲ့ ပထမ​နေရာကို ရရှိပါတယ်။ ဒုတိယ​နေရာမှာတော့ ၂၃၉ မဲ ရရှိတဲ့ Felix က ရပ်တည်ခဲ့ပြီး တတိယ​နေရာမှာ ၁၄၉ မဲရရှိတဲ့ Lee Know က ရပ်တည်ခဲ့ပါတယ်။ နံပါတ် ၄ ​နေရာကို​တော့ I.N က ရရှိပြီး နံပါတ် ၅ ​နေရာကို Seungmin က ရရှိခဲ့ပါတယ်။

11. ATEEZ

ATEEZ အဖွဲ့အတွက်​တော့ Sunghwa က နံပါတ် ၁ ​နေရာမှာ ရပ်တည်ခဲ့ပြီး မဲ​ပေါင်း ၁၂၅ မဲကို ရရှိခဲ့ပါတယ်။ အဲ့ဒီ​နောက်မှာ ၁၁၃ မဲရရှိတဲ့ Yunho က ဒုတိယ၊ ၆၁ မဲ ရရှိတဲ့ Hongjoong က တတိယ စသဖြင့် အသီးသီး ရပ်တည်နိုင်ခဲ့ပါတယ်။

12. Golden Child

Golden Child အဖွဲ့မှာ​တော့ Bomin က မဲစုစု​ပေါင်းရဲ့ ၉၂% (၅၀၆မဲ) ကို ရရှိခဲ့ပြီး ပထမ​နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ Jaehyun နဲ့ Ji Beom တို့က​တော့ ၁၂ မဲစီနဲ့ ဒုတိယ​နေရာကို ရရှိပြီး တတိယ​နေရာကို Y နဲ့ Jang Jun တို့က ပူးတွဲရရှိခဲ့ပါတယ်။

13. P1Harmony

P1Harmony မှာလည်း Intak က မဲစုစု​ပေါင်းရဲ့ ၈၃% (၂၃၁ မဲ) ကို ရရှိပြီး ပထမ​နေရာကို ရရှိခဲ့ပါတယ်။ ထို့​နောက် နံပါတ် ၂ ​နေရာကို Theo, နံပါတ် ၃ ​နေရာကို Jongseob, နံပါတ် ၄ ​နေရာကို Soul တို့က ရရှိပြီး နံပါတ် ၅ ​နေရာမှာ​တော့ Keeho နဲ့ Jiung တို့က ပူးတွဲရပ်တည်ခဲ့ပါတယ်။

14. TXT

TXT အဖွဲ့ထဲမှာ​တော့ Soobin က ၃၁၈ မဲကို ရရှိပြီး နံပါတ် ၁ ​နေရာကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ Beomgyu က​ ၉၈ မဲနဲ့ ဒုတိယ​နေရာ၊ Yeonjun က ၆၄ မဲနဲ့ တတိယ​နေရာ၊ Hueningkai က ၅၅ မဲနဲ့ စတုတ္ထ​နေရာ၊ Taehyun က ၁၄ မဲနဲ့ ပဉ္စမ​နေရာ​တို့ကို ရရှိခဲ့ပါတယ်။

Source : Allkpop
Photo : dbkpop
Written : ZL

Advertisements
Share