“Descendants of the Sun” ဒါရိုက်တာနဲ့ drama သစ်မှာ ပြန်လည်​ပေါင်းစည်းသွားမယ့် Song Hye Kyo

Advertisements

ဇူလိုင်လ ၂၂ ရက်​နေ့မှာ Newsen သတင်းဌာနက ထုတ်ပြန်လိုက်တဲ့ သတင်းအရ မင်းသမီး Song Hye Kyo ဟာ ဒါရိုက်တာ Lee Eung Bok ရဲ့ လျှို့ဝှက်ဆန်းကြယ် သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲသစ်မှာ ပါဝင်သရုပ်​ဆောင်သွားမယ်လို့ သိရှိရပါတယ်။ ​ကိုရီးယား အနုပညာနယ်ပယ်ထဲက အတွင်းလူတစ်ဦးကလည်း “ကျွန်​တော်သိထားသ​လောက် Song Hye Kyo က ဒါရိုက်တာ Lee Eung Bok ရဲ့ ဇာတ်လမ်းတွဲသစ်မှာ ပါဝင်ဖို့ နှုတ်နဲ့ သ​ဘောတူထားတယ်။ ဇာတ်လမ်းအမျိုးအစားက​တော့ သည်းထိတ်ရင်ဖိုအမျိုးအစားပါ။ ဒီဇာတ်လမ်းတွဲက​နေ Lee Eung Bok ရဲ့ ထိပ်တန်း ရိုက်ကူး​ရေးစွမ်း​ရည်တွေကို မြင်​တွေ့ရမှာဖြစ်ပြီး Song Hye Kyo ရဲ့ ဆွဲ​ဆောင်မှု​တွေကိုလည်း မြင်​တွေ့ရမှာပါ” လို့ Newsen ကို ​ပြောပြခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး Song Hye Kyo ရဲ့ ​အေဂျင်စီဘက်က​တော့ အတည်ပြုထားခြင်းမရှိ​သေးပါဘူး။ဒါရိုက်တာ Lee Eung Bok ဟာ ကမ္ဘာ​ကျော် ကိုရီးယားဇာတ်လမ်းတွဲ​တွေဖြစ်တဲ့ “Goblin,” “Mr. Sunshine” နဲ့ “Sweet Home” တို့ကို ရိုက်ကူးခဲ့ဖူးသူဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၆ ခုနှစ်တုန်းက မင်းသမီး Song Hye Kyo ဟာ ဒီဒါရိုက်တာရဲ့ ​နောက်ထပ် နာမည်​​​ကျော် ဇာတ်လမ်းတွဲဖြစ်တဲ့ “Descendants of the Sun” မှာ ပါဝင်သရုပ်​ဆောင်ခဲ့ဖူးပါတယ်။ လက်ရှိမှာ​တော့ ဒါရိုက်တာ Lee Eung Bok က မင်းသမီး Jun Ji Hyun နဲ့ မင်းသား Joo Ji Hoon တို့ ပါဝင်သရုပ်​ဆောင်ထားတဲ့ “Cliffhanger” ဇာတ်လမ်းတွဲကို ရိုက်ကူး​လျက်ရှိပါတယ်။

တစ်ဖက်မှာ မင်းသမီး Song Hye Kyo က မင်းသား Jang Ki Yong နဲ့အတူ “Now, We Are Breaking Up” ဆိုတဲ့ ဇာတ်လမ်းတွဲကို ရိုက်ကူး​နေပြီး ဒီဇာတ်လမ်းတွဲကို ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်ထဲမှာ ထုတ်လွှင့်ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။ ဒီဇာတ်ကား ရိုက်ကူးပြီးတာနဲ့ သူမဟာ “Descendants of the Sun” နဲ့ “Goblin” ဇာတ်လမ်းတွဲ​တွေရဲ့ ဇာတ်ညွှန်း​ရေးဆရာမ Kim Eun Sook ရဲ့ “The Glory” ဆိုတဲ့ ဇာတ်လမ်းတွဲကို ဆက်လက်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

Source : Soompi
Photo : Instagram
Written : ZL

Advertisements
Share