LA မှာ Bella Poarch, Jennie နဲ့ Rosé တို့ တွေ့ဆုံလျှောက်လည်နေတဲ့ ပုံများထွက်ရှိလာ

Advertisements

Bella Poarch ဟာ July လ 17 ရက်နေ့မှာ Elle magazine နဲ့ interview ဖြစ်ခဲ့ပြီး ထို interview မှာ သူဟာ Kpop ကြိုက်သူတစ်ယောက်ဖြစ်ကြောင်း ၊ သူမရဲ့ Dream Collaboration က Rosé နဲ့ အတူတွဲဆိုဖို့ ဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။

ထိုအကြောင်း ပြန်တင်ခဲ့တဲ့ Rosé fan ရဲ့ IG post ကို Rosé က လည်း react ပေးခဲ့ပါတယ်။ ပရိသတ်တွေကတော့ သူတို့ကြားမှာ တခုခုများရှိနိုင်မလား ခန့်မှန်းနေကြတာပါ။ ဒီနေ့မှာတော့ Bella Poarch နဲ့ Rosé ၊ Jennie တို့ တွေ့ဆုံနေတဲ့ပုံတွေဟာ Internet ပေါ်မှာ ပျံ့နှံလာခဲ့ပါတယ်။

ထိုပုံတွေဟာ လွန်ခဲ့တဲ့ နှစ်ပတ်က ဖြစ်ဖို့များပါတယ်။ ဘာလို့လည်းဆိုတော့ Bella interview လုပ်တုန်းက အဝတ်အစားနဲ့ ခုပုံထဲက အဝတ်အစားတွေက တူနေပါတယ်။ Jennie နဲ့ Rosé က စကားတပြောပြောနဲ့ လမ်းလျှောက်လာပြီး ကားတစ်စီးပေါ် အရင်တက်တာပါ။ ထိုနောက်ကမှ bella က ကားထဲဝင်သွားပါတယ်။

Advertisements

Rosé ကတော့ သူ့ ဝတ်နေကျ style အတိုင်း ဂါဝန်အနီ လေးဝတ်ထားပြီး လှချင်တိုင်းလှနေပါတယ်။ Jennie ကတော့ T-shirt အပွကြီး မြှပ်နေအောင် ဝတ်ထားလို့ ကလေးလေးလို ချစ်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ Jennie ဝတ်ထားတဲ့ T-shirt အပြဲဟာ သိန်းကျော်တန်တယ်လို့လည်း သိရပါတယ်။

Jennie ဟာ Chanel ဘဲ ဝတ်လေ့ရှိပေမဲ့ ခု သူ လွယ်ထားတဲ့အိတ်က Lisa Brand Ambassador လုပ်တဲ့ Celine အမှတ်တံဆိပ် အိတ်လေးပါ။ ROSÉ ဆိုလည်း YSL ဘဲ ဝတ်လေ့ရှိပေမဲ့ Jisoo brand ambassador လုပ်နေတဲ့ Dior အိတ်ကို လွယ်ထားပါတယ်။သူမတို့ ၄ ယောက် တနိုင်ငံစီဝေးနေပေမဲ့ အဖွဲ့စိတ်ဓာတ်ကတော့ အပြည့်ပါဘဲနော်။

ခု လက်ရှိမှာတော့ Rosé ဟာ Korea ကို ပြန်ရောက်နေပြီ ဖြစ်ပြီး လွန်ခဲ့တဲ့ လေးရက်က လေဆိပ်ဆင်းလာတဲ့ ပုံလေးတွေ Internet ပေါ် တက်လာပါတယ်။ Jennie ကတော့ ဒီနေ့မှ LA က ပြန်လာခဲ့တာဖြစ်ပါတယ်။ LA မှာ Celebrity အများကြီးနဲ့ တွေ့ဆုံဖြစ်ခဲ့တဲ့ သူမတို့နှစ်ယောက် ဘယ်သူတွေနဲ့ collaboration လုပ်ခဲ့သလည်းဆိုတာ YG က တရားဝင်ထုတ်ပြန်ဖို့ဘဲ လိုပါတော့တယ်။

Source: Twitter
Written: Violet

Advertisements
Share