BTS, TWICE နဲ့ Rosé တို့ရဲ့သီချင်း​တွေကို သူ့ရဲ့ကိုယ်ပိုင် playlist ထဲ ထည့်သွင်းထားတဲ့ Alan Walker

Advertisements

မြန်မာနိုင်ငံက ပရိသတ​်တွေနဲ့ မစိမ်းတဲ့ Alan Walker ဟာ ကမ္ဘာ​ကျော် ဂီတထုတ်လုပ်သူနဲ့ DJ တစ်​ယောက်ဖြစ်ပြီး နာမည်က​ေျာ် EDM သီချင်း​တွေဖြစ်တဲ့ “Faded,” “The Spectre,” “Alone,” “All Falls Down,” “Darkside,” နဲ့ “Lily” စတဲ့ သီချင်း​တွေကို ​ရေးသားထုတ်လုပ်ခဲ့သူဖြစ်ပါတယ်။ ဒါတင်မက​သေးပဲ သူဟာ K-Pop အနုပညာရှင်​တွေဖြစ်တဲ့ BIGBANG အဖွဲ့ဝင် Seungri နဲ့ EXO အဖွဲ့ဝင် Lay တို့နဲ့လည်း အလုပ်အတူတွဲလုပ်ခဲ့ဖူးပါတယ်။

ဒါ​ကြောင့် သူဟာ K-Pop ပရိသတ်​တစ်​ယောက်ဖြစ်တယ်ဆိုတာ မဆန်းပါဘူး။ ကမ္ဘာ​ကျော် ဂီတ streaming platform ၁ခုဖြစ်တဲ့ Spotify မှာ Alan Walker ကိုယ်တိုင် ပြုလုပ်ထားတဲ့ “W47K3R5_J01N” လို့ အမည်ရတဲ့ playlist တစ်ခုရှိပါတယ်။ အဲ့ဒီမှာ သူဟာ သူလတ်တ​လော အကြိုက်ဆုံးဖြစ်​နေတဲ့ သီချင်း​တွေကို ပရိသတ်​တွေနဲ့ မျှ​ဝေခဲ့ပြီး K-Pop သီချင်း​တွေလည်း ပါဝင်ပါတယ်။

Alan Walker ရဲ့ အကြိုက်ဆုံး K-Pop သီချင်း​တွေထဲက တစ်ပုဒ်က​တော့ BTS အဖွဲ့ရဲ့ ” Butter ” ပဲ ဖြစ်ပါတယ်။ ဒီသီချင်းဟာ BTS ရဲ့ ဒုတိယ​မြောက် english single ဖြစ်ပြီး dance-pop, disco-pop နဲ့ EDM အမျိုးအစားဖြစ်ပါတယ်။ “Butter” ဟာ ဂရင်းနစ်စံချိန် ၅ ခုကို ချိုးဖျက်နိုင်ခဲ့ပြီး Billboard Hot 100 Chart မှာ ၇ ပတ်ဆက်တိုက် နံပါတ် ၁ ရခဲ့တဲ့ ကမ္ဘာ​ကျော်သီချင်းဖြစ်ပါတယ်။ ဒါ့အပြင် Alan Walker ဟာ BTS အဖွဲ့ရဲ့ ” Dionysus ” သီချင်းနဲ့ Jimin ရဲ့ တစ်ကိုယ်​တော်သီချင်း ” Serendipity ” တို့ကိုလည်း ကြိုက်နှစ်သက်ပါတယ်။

Alan Walker ရဲ့ playlist ထဲမှာ ရှိ​နေတဲ့ ​နောက်ထပ် K-Pop သီချင်းက​တော့ ITZY အဖွဲ့ရဲ့ ” Wannabe ” ပဲဖြစ်ပါတယ်။ ဒီသီချင်းဟာ ကမ္ဘာတစ်လွှားက music chart ၈ ခု​လောက်ရဲ့ ထိပ်ပိုင်းမှာ ​နေရာယူခဲ့သလို Billboard ရဲ့ World Digital Songs chart မှာလည်း နံပါတ် ၄ အထိ ရရှိခဲ့ပါတယ်။ ဒါတင်မက​သေးပဲ Billboard, Dazed, Paper, South China Morning Post နဲ့ Buzzfeed တို့က ထုတ်ပြန်တဲ့ ၂၀၂၀ ခုနှစ်အတွက် အ​ကောင်းဆုံး K-Pop သီချင်းများ စာရင်းမှာလည်း ပါဝင်ခဲ့သလို ၂၀၂၁ ခုနှစ် Golden Disc Awards မှာလည်း ဒီသီချင်းနဲ့ “Digital Bonsang” ဆုကို ရရှိခဲ့ပါတယ်။

TWICE ရဲ့ အသစ်စက်စက်သီချင်း ” Alcohol-Free ” is ကလည်း သူ့ရဲ့ အကြိုက်ဆုံးသီချင်း​တွေထဲက တစ်ပုဒ်ဖြစ်ပါတယ်။ Latin Pop အမျိုးအစားနဲ့ ​နွေရာသီအတွက် အလိုက်ဖက်ဆုံး ဒီသီချင်းဟာ Billboard 200 Chart မှာ ၃ ပတ်ဆက်တိုက်ပါဝင်ခဲ့ပါတယ်။ တခြား​သော ကိုရီးယားနိုင်ငံတွင်း music chart ​တွေနဲ့ ပြည်ပ music chart ​တွေရဲ့ ထိပ်ပိုင်းမှာလည်း အချိန်အ​တော်ကြာ ​နေရာယူနိုင်ခဲ့ပါတယ်။ “Alcohol-Free” အပြင် Alan Walker ဟာ TWICE ရဲ့ ” I Can’t Stop Me ” နဲ့ ” Cry For Me ” သီချင်း​​တွေကိုလည်း နှစ်ခြိုက်စွာ နားဆင်​လေ့ရှိပါတယ်။

Alan Walker ဟာ Rosé ရဲ့ တစ်ကိုယ်​တော် ပွဲဦးထွက်သီချင်း ” On The Ground ” ရဲ့ ပရိသတ်ဖြစ်ပါတယ်။ Rosé ကိုယ်တိုင်ပါဝင်​ရေးသားထားတဲ့ ဒီသီချင်းဟာ ပြည်တွင်း​​ရော ပြည်ပပါ ​အောင်မြင်​ကျော်ကြားခဲ့သလို Billboard Global 200 Chart မှာ နံပါတ် ၁၊ Billboard Hot 100 Chart မှာ နံပါတ် ၇၀၊ Euro Digital Songs Chart မှာ နံပါတ် ၁၄ နဲ့ UK Singles Chart မှာ နံပါတ် ၄၃ စသဖြင့် ရရှိခဲ့ပါတယ်။ ဒါ့အပြင် album အချပ်​ရေ​ပေါင်း 587,818 ကို ​ရောင်းချနိုင်ခဲ့ပြီး ဂရင်းနစ်စံချိန် ၂ ခုကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။

Alan Walker ကြိုက်နှစ်သက်တဲ့ ​နောက်ထပ် ​ယောကျ်ား​လေး K-Pop အဖွဲ့က​တော့ ASTRO ပဲဖြစ်ပါတယ်။ ASTRO ရဲ့ သီချင်း​တွေထဲကမှ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ၇ ခု​မြောက် mini-album “Gateway” ထဲမှာ ပါဝင်ခဲ့တဲ့ “KNOCK” သီချင်းကို အကြိုက်ဆုံးဖြစ်ပါတယ်။ ဒီသီချင်းကို ASTRO အဖွဲ့ဝင်​တွေဖြစ်တဲ့ Jinjin နဲ့ Rocky တို့က ပါဝင်​ရေးသားခဲ့ပြီး Gaon Chart မှာ နံပါတ် ၁ ရရှိခဲ့သလို ဂျပန်နိုင်ငံရဲ့ Oricon chart မှာလည်း နံပါတ် ၃ ကို ရရှိခဲ့ပါတယ်။

Source : Kpopstarz
Photo : Instagram, Twitter
Written : ZL

Advertisements
Share