Henan ရေဘေးအတွက် Wang Yibo ရဲ့ စေတနာ့ဝန်ထမ်းအဖြစ် သွားရောက်ကူညီမှု အပါအဝင် အနုပညာရှင်များရဲ့ လှူဒါန်းမှုများ

Advertisements

ယခုလက်ရှိ ဖြစ်ပေါ်နေတဲ့ တရုတ်နိုင်ငံရဲ့ နှစ်တစ်ထောင်အတွင်း အကြီးမားဆုံး မိုးသည်ထန် ရေကြီးရေလျှံမှု ပြဿနာကြောင့် ဇူလိုင်လ (၂၁) ရက်နေ့ နေ့လည်ပိုင်းမှာ HanHong Charity Foundation ကနေ “Aid Plan for Henan Rain Disaster” (Henan မိုးရွာသွန်းမှု ဘေးအန္တရာယ်အတွက် ကူညီရေး အစီအစဉ်) ကို ထုတ်ပြန်ခဲ့ပြီး ဖောင်ဒေးရှင်းတည်ထောင်သူ Han Hong က (၂၁) ရက်နေ့ မွန်းလွဲပိုင်းမှာ ZhengZhou ကို ထွက်ခွာဖို့ စီစဉ်ထားကြောင်း Netease Entertainment ကနေ ဖော်ပြခဲ့ပါတယ်။

အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းအတွက် သွားရောက်မှု အစီအစဉ်မှာ ကယ်ဆယ်ရေးဝန်ထမ်းများ၊ ဆေးဘက်ဆိုင်ရာ စေတနာ့ဝန်ထမ်းများ နဲ့အတူ Henan ပြည်နယ်ဖွား ပြည်သူ့အချစ်တော် မင်းသားချော Wang Yibo ကလည်း မွေးရပ်မြေအတွက် ကိုယ်တိုင်ကိုယ်ကျ လိုက်ပါကူညီခဲ့ပါတယ်။

HanHong Charity Foundation မှာ ပါဝင်လှူဒါန်းခဲ့တဲ့ ယွမ် (၁) သန်း အပါအဝင် အခြားလှူဒါန်းမှုများနဲ့အတူ စုစုပေါင်း ယွမ် (၂.၃) သန်းခန့် ပါဝင်လှူဒါန်းခဲ့ရုံသာမက လုပ်လက်စအလုပ်များကို ရက်ရွှေ့ကာ မွေးရပ်မြေကိုကူညီဖို့ ZhengZhou ကို သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ ZhengZhou ကိုကူညီဖို့ အားဖြည့်ပါဝင် လှူဒါန်းနေကြတဲ့ အနုပညာရှင် (၆၀) ကျော်ရှိနေပြီး Huang Zitao မှ ယွမ် (၃) သန်း လှူဒါန်းခဲ့တဲ့အပြင် Xiao Zhan ကလည်း HanHong Charity Foundation မှာ ပါဝင်လှူဒါန်းငွေ (၁) သန်း နဲ့အတူ အခြားလှူဒါန်းမှုများ အပါအဝင် စုစုပေါင်း ယွမ် (၂) သန်းကို လှူဒါန်းခဲ့ပါတယ်။

ထို့အပြင် Li YiFeng က ယွမ် (၁.၅) သန်း လှူဒါန်းခဲ့ပြီး Yang Mi, Zhao Liying, Deng Lun, Wu Lei, Lu Han, TNT, Guan XiaoTong, Huang MingHao, Zhang Zhehan, Li Xian, Jing Boran, Chen Weiting, Liu Tao, He Jiong ,Zhang Jie နဲ့ Xie Na, Yue Yunpeng, Deng Chao နဲ့ Sun Li, Feng Shaofeng, Zhang Yuqi, Meng Meiqi, Jia Ling, Guo Qilin, Tong Liya, Liu Yuning တို့ကလည်း ယွမ် (၁) သန်းစီ အသီးသီး ပါဝင်လှူဒါန်းခဲ့ကြပါတယ်။

နောက်ထပ် ပါဝင်လှူဒါန်းကြတဲ့ အနုပညာရှင်များ အနေနဲ့ကတော့ Yang Yang, Dilireba, Zhao Lusi, Fan Chengcheng, Angelababy, Tan Songyun, Luo Yunxi, Chen Feiyu, Ren Jialun, Xu Kai, Bai Lu, Song Weilong, Yu Shuxin, Mao Buyi, Fan Bingbing, Qin Lan, Li Chen, Chen He, Wang Sulong, Li Bingbing, Zhang Zifeng, Peng Yuchang, NiNi, pengxiaoran, Gu Jiacheng တို့မှ ယွမ် (၅)သိန်းစီ၊ Yang Zi, Xiao Gui, Zhao Xiaotang, Wan Qian, Yang Di, Song Yanfei တို့မှ ယွမ် (၃) သိန်းစီနဲ့ Cheng Xiao မှ ယွမ် (၁) သိန်း စသည်ဖြင့် အသီးသီး အားဖြည့် လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

Written : Nair Nair
Source : GlobalTimes
Photos : Twitter

Advertisements
Share