တရုတ်နာမည်ကြီး (၆) ဦးနှင့် သူတို့ရဲ့ ဖုံးကွယ်ထားတဲ့ အခြားအရည်အချင်းများ အပိုင်း (၂)

တရုတ်နာမည်ကြီး အနုပညာရှင်တွေမှာ အနုပညာပရမီ‌တွေအပြင် အခြားသော နယ်ပယ်ကဏ္ဍတွေမှာလည်း အရည်အသွေးရှိနေတတ်ကြပါတယ်။ ဖော်ပြပေးမယ့် အနုပညာရှင် (၆) ဦးကတော့ တမူထူးခြားတဲ့အရည်အသွေးတွေကြောင့်ပါ နာမည်ကြီးလှပါတယ်။

Zhao Lusi: Guzheng တီးခတ်ခြင်း

ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးကျော်ကြားနေတဲ့ သရုပ်ဆောင်မင်းသမီးချောလေး Zhao Lusi ကတော့ အသံကောင်းမ‌ွန်တာကြောင့် သီချင်းသီဆိုနိုင်တဲ့အပြင် guzheng တီးခတ်ရမှာလည်း အဆင့် ၈ အထိ ကျွမ်းကျင်တတ်မြောက်ထားသူပါ။

၂၀၂၀ တုန်းက ထွက်ခဲ့တဲ့ Dating in the Kitchen ဇာတ်လမ်းထဲက guzheng တီးခတ်တဲ့ဇာတ်ဝင်ခန်းကိုအလွယ်တကူ ရိုက်ကူးနိုင်ခဲ့သလို “The General’s Command” အစီအစဉ်မှာလည်း စိန်ခေါ်တီးခတ်ပြရင်း သူမရဲ့အရည်အချင်းကို ပြသခဲ့ပါတယ်။

Li Xian: Saxophone တီးမှုတ်ခြင်းနဲ့ ရေငုပ်ခြင်း

မင်းသား Li Xian ကတော့ လုပ်နိုင်တဲ့အရာတွေများပါတယ်။ ငယ်ငယ်လေးကတည်းက ဆက်ဆိုဖုန်းတီးမှုတ်ခဲ့ပြီး ဒါကြောင့်လည်း ပါးဖောင်းလာတာ,ဆိုပြီး ဟာသအနေနဲ့ပြောပြခဲ့ဖူးပါတယ်။ ဂစ်တာလည်းတီးတတ်သလို ukulele လို့ခေါ်တဲ့ ကြိုးတပ်တူရိယာလည်း တီးတတ်ပြန်ပါသေးတယ်။ ရေငုပ်ရတာကိုလည်း စိတ်ဝင်စားတာကြောင့် အသိအမှတ်ပြုလက်မှတ်ပါ ရရှိထားတဲ့အထိ ထူးချွန်ပါတယ်။

Luo Yunxi: ဘဲလေး,ကခြင်း

ဖခင်ဖြစ်သူက ဘဲလေးအက သင်ပေးသူဖြစ်တာကြောင့် Leo Luo Yunxi ဟာ ဖခင်ရဲ့သင်ပြမှုနဲ့ ဘလေးအကကို တော်တော်ကြီးကျွမ်းကျင်စွာ ကတတ်ပါတယ်။ Shanghai Theatre Academy ကနေ ဘဲလေးအကကျွမ်းကျင်မှုအတွက် ကျွမ်းကျင်အဆင့်အသိအမှတ်ပြုလက်မှတ်ရရှိထားပြီး တက္ကသိုလ်တက်နေစဉ်မှာလည်း အကပြိုင်ပွဲတွေမှာ အမှတ်မြင့်‌ေတွရယူခဲ့သူပါ။

ဘွဲ့ရပြီး ဘဲလေး,အကဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုဖို့ မွေးရပ်မြေကိုပြန်လာခဲ့ပေမဲ့ သူငယ်ချင်းရဲ့အားပေးမှုကြောင့် အနုပညာလောကထဲကို ခြေစုံပစ်ဝင်လာခဲ့ပြီး ယခုအချိန်မှာတော့ နာမည်ကြီးတဲ့မင်းသားတစ်လက်ဖြစ်နေပါပြီ။

Tan Songyun: ဓာတ်ပုံရိုက်ကူးခြင်း

မင်းသမီးလေး Tan Songyun ရဲ့ ပရိသတ်တွေကတော့ သူမဟာ ဓာတ်ပုံရိုက်ကူးခြင်းကို လွန်စွာစိတ်နှစ်ထားကြောင်း ကောင်းကောင်းသိကြပါတယ်။ ဓာတ်ပုံရိုက်ကူးခြင်းဟာ တကယ်တော့ လွယ်ကူတဲ့အနုပညာအရည်အချင်းမဟုတ်ဘဲ ပညာသားပါလှပါတယ်။

Tan Songyun ကတော့ ဘယ်လောက်တောင် ကျွမ်းကျင်သလဲဆိုရင် “Photog Tan” လို့တောင် နာမည်ပြောင် ရထားပါတယ်။ သူမရဲ့ Weibo မှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးတွေတင်ပေးတတ်သလို ရိုက်ကွင်းနောက်ကွယ်မှာလည်း အားရင်အားသလို ဓာတ်ပုံရိုက်နေတတ်ပါတယ်။

Huang Jingyu: ဂျီကျစ်ဆု,ကို ကျွမ်းကျင်တတ်မြောက်ခြင်း

Body တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ခန့်ချောမင်းသား Johnny Huang Jingyu ကတော့ Brazilian jiu jitsu လို့ခေါ်တဲ့ ကိုယ်ခံပညာအားကစားနည်းတစ်မျိုးမှာ ကျွမ်းကျင်အဆင့်ဖြစ်ပါတယ်။ ဒီကစားနည်းရဲ့ ခရမ်းရောင်ခါးပတ်ရထားသူဖြစ်တာကြောင့် ပြန်လည်သင်ကြားပို့ချခွင့်ပါ ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

Liu Xueyi: စန္ဒရားတီးခတ်ခြင်း

Liu Xueyi ရဲ့ အရပ်ရှည်ရှည်နဲ့ ခန့်ညားတဲ့အရောင်အဝါကို Love and Redemption ဇာတ်လမ်းထဲမှာ တဝကြီးမြင်ဖူးကြမှာပါ။ အသက် ၃၀ ပြည့်ပြီးသူ Liu Xueyi ဟာ ငယ်စဉ်ကတည်းက စန္ဒရားတီးခတ်တတ်တာကြောင့် ပညာရှင်အဆင့်လောက်ရှိနေပေမဲ့ သူ့ရဲ့အရည်အချင်းကို လူသိရှင်ကြားထုတ်ပြလေ့မရှိလှပါဘူး။

Source: ChineseStars
Photos: Weibo
Translated by Julix