ဇူလိုင်လအတွင်း အရှိန်အဟုန်နဲ့ ပိုမိုနာမည်ကြီးလာနေတဲ့ “46 Days” ထဲမှ သရုပ်ဆောင်များ

GMM 25 က ထုတ်လွှင့်ပြသနေတဲ့ ထိုင်းဟာသ – ဒရမ်မာဇာတ်လမ်း “46 Days” ကတော့ တော်တော်လေး လူကြိုက်များကျော်ကြားနေပြီး စောင့်ကြည့်အ‌ားပေးနေကြပါတယ်။ အဓိကဇာတ်လိုက်တွေအဖြစ် Non Chanon နဲ့ Baifern Pimchanok တို့က ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ပို့တွေအထိပါ နာမည်ကြီးနေတဲ့ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ ဇူလိုင်လအတွင်း “46 Days” ထဲက သရုပ်ဆောင်တွေရဲ့ ကျော်ကြားမှုအရှိန်အဟုန်ကိုပြောရရင်တော့…

Non Chanon

“46 Days” ထဲမှာ အဓိကဇာတ်လိုက်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်နေတဲ့ မင်းသား Non Chanon က တကယ်ကို နှစ်လိုဖွယ်ကောင်းတဲ့အပြင် ချောမောခန့်ညားတာကြောင့် ကြည့်ရှုသူတွေ အကြိုက်တွေ့နေကြပါတယ်။ ဒီတစ်လအတွင်းမှာပဲ သူ့ရဲ့ Instagram မှာ 19,700 ထက် များပြားတဲ့ followers ‌တွေ တိုးလာခဲ့ပါတော့တယ်။

Off Jumpol

နောက်ထပ်ခန့်ညားချောမောတဲ့ မင်းသား Off Jumpol ကတော့ BL မင်းသားတစ်ယောက်ဖြစ်ပေမဲ့လည်း ဒီဇာတ်လမ်းထဲမှာတော့ ‘Pat’ အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့အချစ်ကို ထပ်မံရရှိနေပါတယ်။ တဟုန်ထိုးနာမည်ကြီးလာတဲ့ Off ကတော့ ဇူလိုင်တစ်လတည်းနဲ့တင် သူ့ရဲ့ အင်စတာဂရမ်မှာ အနည်းဆုံး 18,065 followers တိုးလာခဲ့ပါတော့တယ်။

Baifern Pimchanok

ထိုင်းနိုင်ငံရဲ့ထိပ်တန်းမင်းသမီးလေး Baifern Pimchanok ကတော့ သရုပ်ဆောင်အရည်အချင်းပြည့်ဝစွာနဲ့ပဲ ဇာတ်လမ်းထဲကိုစီးမြောသွားအောင် ဆွဲခေါ်နိုင်ခဲ့ပါတယ်။ သူမရဲ့ ဇာတ်ကောင်နဲ့လွန်စွာလိုက်ဖက်နေပြီး ရီ‌စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေက တော်တော်ကို အသက်ဝင်လှပါတယ်။ သူမကတော့ တနေ့တခြားနာမည်ကြီးနေပြီး ဇူလိုင်လမကုန်သေးခင်မှာပဲ Follower အနည်းဆုံး 101,477 အထိ တိုးလာခဲ့ပါတော့တယ်။

Mild Lapassalan

Baifern Pimchanok ရဲ့ ဇာတ်ကောင်အတွက် အေးအတူပူအမျှ သူငယ်ချင်းတစ်ယောက်အဖြစ် ချစ်စရာကောင်းတဲ့ မင်းသမီးလေး Mild က ‘Noina’ ဆိုတဲ့ ဇာတ်ကောင်ကို သရုပ်ဆောင်ထားပါတယ်။ သူမရဲ့ ဇာတ်ကောင်ဖန်တီးမှုက တကယ်ကို ချစ်စရာကောင်းပြီး လိုက်ဖက်နေတာကြောင့် ကြည့်ရှုသူတွေက Mild ကို ပိုလို့ချစ်နေရပါတော့တယ်။ ဇူလိုင်မကုန်ခင်မှာပဲ Mild ရဲ့ Instagram မှာ အနည်းဆုံး follower အရေအတွက် 8,695 အထိ တိုးလာခဲ့ပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix

Tags: Thai Story