အမေပေးတဲ့နာမည်အစား ပရိသတ်တွေခေါ်ရလွယ်မဲ့နာမည်နဲ့ အနုပညာလှုပ်ရှားနေကြတဲ့ Kpop idol (12) ယောက်

Kpop idol တွေထဲမှာတော့ stage name လှလှလေးဆို ပရိသတ်တွေက သတိထားလွယ်ကြပါတယ်။ တချို့ နာမည်တွေဆို သူတို့နဲ့ အံကိုက်ဖြစ်လွန်းလို့ သူတို့ stage name ဟာ နာမည်အရင်းမဟုတ်မှန်းတောင် လူတွေက သတိမထားမိကြပါဖူး။ တချို့ idol တွေဟာ အမေပေးတဲ့နာမည်မဟုတ်ဘဲ နာမည်အသစ်နဲ့ အနုပညာလောကထဲ ပွဲဦးထွက်တာ အကြောင်းရှိပါတယ်။

သူတို့ရဲ့ နာမည်ရင်းတွေဟာ International ပရိတ်သတ်တွေ ခေါ်ရခက်တဲ့ နာမည်ဖြစ်နေလို့ သူတို့ရဲ့ အေဂျင်စီတွေက နာမည်ပြောင်းခိုင်းတာ ဖြစ်ပါတယ်။ တချို့ဆို Stage name ကို English name တွေ တောင် ထားခိုင်းကြပါတယ်။ ခုဖော်ပြမဲ့ idol တွေကတော့ stage name ကို နာမည်အရင်းမဟုတ်ဘဲ အသစ် change ထားတဲ့ idol တွေ ဖြစ်ပါတယ်။

1. SF9’s Dawon

SF9 အဖွဲ့ရဲ့ Lead Vocalist, Dancer ဖြစ်တဲ့ Dawon ရဲ့ နာမည်ရင်းကတော့ Lee Sang Hyuk ဖြစ်ပါတယ်။

2. ASTRO’s Cha Eun Woo

Cha Eun Woo ဆိုတဲ့ နာမည်ကို လူတော်တော်များများက နာမည်ရင်းလို့ ဘဲ ထင်နေကြမှာပါ။ ဒါပေမဲ့ ဒီနာမည်ဟာ နာမည်ရင်းမဟုတ်ဘဲ Lee Dong Min က သာ သူ့နာမည်အရင်း ဖြစ်ပါတယ်။

3. Oh My Girl’s Arin

Oh My Girl အဖွဲ့ထဲက အငယ်ဆုံးလေး Arin ရဲ့ နာမည်ရင်းကတော့ Choi Ye Won ဖြစ်ပါတယ်။

4. Pentagon’s Yeo One

Pentagon အဖွဲ့ဝင် Yeo One ရဲ့ နာမည်ရင်းကတော့ Yeo Chang Goo ဖြစ်ပါတယ်။

5. GFriend’s Yuju

G Friend အဖွဲ့ထဲမှာ လူသိများဆုံး Yuju လေးရဲ့ နာမည်ရင်းကတော့ Choi Yu Na ဖြစ်ပါတယ်။

6. Seventeen’s Dokyeom

Seventeen အဖွဲ့ဝင် Dokyeom ရဲ့ နာမည်ရင်းကတော့ Lee Suk Min ပါ။ ဒါပေမဲ့ fan တွေက “Suk Min” လို့ ခေါ်ရင် အနေခက်သွားပါတယ်တဲ့။

7. NCT’s Haechan

NCT အဖွဲ့ရဲ့ Haechan ရဲ့ နာမည်ဟာ “နေမင်းကြီး” လို့ အဓိပ္ပါယ်ရပါတယ်။ နာမည်အရင်းလို့ ထင်ရပေမဲ့ တကယ်တမ်းတော့ သူ့နာမည်အရင်း က Lee Dong Hyuk ဖြစ်ပါတယ်။

8. Cosmic Girls’s Seola

Cosmic Girls အဖွဲ့ဝင် Seola ရဲ့ နာမည်ရင်းကKim Hyun Jung ဖြစ်ပါတယ်။

9. NCT’s Doyoung

Doyoung ရဲ့ နာမည်ရင်းက Kim Dong Young ပါ။ နာမည်ရင်းနဲ့ stage name က ခပ်ဆင်ဆင်ပါဘဲနော်။

10. SF9’s Rowoon

Haru ဆိုပြီး လူသိများလာတဲ့ SF9 အဖွဲ့ဝင် Rowoon ရဲ့ နာမည်ရင်းကတော့ Kim Suk Woo ဖြစ်ပါတယ်။

11. Red Velvet’s Yeri

Red Velvet အဖွဲ့ရဲ့ အငယ်ဆုံးလေး Yeri ရဲ့ နာမည်ရင်းကတော့ Kim Ye Rim ဖြစ်ပါတယ်။ နာမည်လေးတလုံးသာ ကွာပါတယ်နော်။

12. The Boyz’s Hyunjae

The Boyz အဖွဲ့ဝင် Hyunjae ရဲ့ နာမည်ရင်းကတော့ Lee Jae Hyun ဖြစ်ပါတယ်။ ဒါတွေကတော့ နာမည်အရင်းအစား stage name လှလှလေးတွေနဲ့ ပွဲဦးထွက်ခဲ့ကြတဲ့ idol တွေ ဖြစ်ပါတယ်။ ဘယ် idol ကို နာမည်အရင်းနဲ့ ပွဲဦးထွက်တယ်လို့ အမြင်မှားမိကြပါသလည်း

Source: Allkpop
Written: Violet