တောင်ကိုရီးယား kpop အဖွဲ့တွေလို မြောက်ကိုရီးယားမှာလည်း ဖျော်ဖြေရေး Girl Group အဖွဲ့တွေရှိ

မြောက်ကိုရီးယားဟာ အရမ်းစည်းကမ်းတင်းကျပ်ပြီး တသီးတခြားနေတဲ့ နိုင်ငံလို့ အားလုံးဘဲသိကြမှာပါ။ အနောက်တိုင်းယဉ်ကျေးမှုတွေ သာမက တောင်ကိုရီးယားရဲ့ K ယဉ်ကျေးမှုတွေပါ ပိတ်ပင်တားမြစ်ထားပါတယ်။ တောင်ကိုရီးယားရဲ့ K drama တွေ ကြည့်ရှူတာမျိုး Kpop သီချင်းတွေနားထောင်တာမျိုးဆို ထောင်တွေချ သေဒဏ်ပါပေးတဲ့ အထိ လုပ်ပါတယ်။

ဒီလိုမျိုး အရမ်းတင်းကျပ်တဲ့ နိုင်ငံမှာ South Korea Kpop အဖွဲ့တွေလို Girl Group တွေပါရှိတယ် ဆိုတာ တော်တော်အံ့အားသင့်စရာ ကိစ္စပါ။ ဒါကြောင့် ခုလို ထူးထူးဆန်းဆန်းဖြစ်ရပ်ကို Asia Cele Bar ပရိသတ်တွေ အတွက် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

July လ 25 ရက်နေ့ Korea ရုပ်သံလိုင်း တခုဖြစ်တဲ့ Channel A မှာ ‘Now On My Way to Meet You’ Variety Show အစီအစဉ်ရဲ့ 501 ခုမြောက် episode ကို လွှင့်ခဲ့ပါတယ်။ ထိုအစဉ်အစဉ်မှာ မြောက်ကိုရီးယားပြည်ပြေး တစ်ယောက်ဖြစ်တဲ့ Kim Keum Hyuk ဟာ မြောက်ကိုရီးယားမှာတုန်းက အကြောင်းအရာတွေကို ပြန်လည်ပြောပြခဲ့ပါတယ်။

Mr.Kim ဟာ သူတို့ဆီမှာလည်း တောင်ကိုရီးယားက Kpop Girl Group အဖွဲ့တွေလိုမျိုး ရှိကြောင်း ပြောပြတော့ အစီအစဉ်ကလူတွေက အံ့အားသင့်သွားကြပါတယ်။ Mr.Kim က “သိပ်မအံဩကြပါနဲ့ .. Girls’ Generation အဖွဲ့လိုမျိုး 8 ယောက်ကနေ 9 ယောက်ပါဝင်တဲ့ မိန်းကလေးအဖွဲ့ဟာ ဘောင်းဘီတိုလေးတွေ ဝတ်ပြီး စင်ပေါ်မှာ ဖျော်ဖြေကြတယ်”

ပြောင်းလဲလာတဲ့ မြောက်ကိုရီးယားရဲ့ စင်တင်ဖျော်ဖြေမှုပုံစံတွေ အကြောင်းကို ခုလို ထပ်ရှင်းပြခဲ့ပါတယ်။ “မြောက်ကိုရီးယား ပါတီပွဲတွေက တောင်ကိုရီးယား ယဉ်ကျေးမှုလို ပုံစံမျိုးကို ဆင်ဆာဖြတ်ထားတယ်လေ။ ဒါပေမဲ့ မနှစ်က ကျောင်းသားပေါင်း တစ်သောင်းကျော်က ကြည့်မိကြောင်း ဝန်ခံလာကြတယ်။ ဒီတော့ အစိုးရက သူတို့လည်း ပုံစံတူ လိုက်လုပ်နိုင်ကြောင်း စီစဉ်လိုက်တယ်။ သူတို့ကို အာခံတာကို ဟန့်တားစေချင်တာလည်း ပါတာပေါ့”

“ဒါပေမဲ့ limit တွေက တော့ ရှိနေတုန်းဘဲ။ ဒီvideo ထဲမှာဆို မိန်းကလေးတွေအကုန်လုံးက ပုံစံတူ ဆံပင်ကေတိုတို ကိုသာ ညှပ်ထားတာကိုတွေ့ရမှာပါ။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကိုတော့ မဖျက်စီးဝံ့ဖူးလေ။ ပြီးတော့ သီချင်းစာသားတွေကလည်း သူတို့ဂုဏ်ကို ချီးမွမ်းတဲ့ စာသားတွေဘဲ ရေးစပ်ထားတယ်”

တောင်ကိုရီးယားဟာ Kpop, K drama ယဉ်ကျေးမှုတွေနဲ့ တကမ္ဘာလုံးကို ထိုးဖောက်ပြီး လူနေမှုအဆင့်အတန်းမြင့်မြင့်နဲ့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဖြစ်နေချိန်မှာ မြောက်ကိုရီးယားကတော့ တကမ္ဘာလုံးနဲ့ အဆက်အဆံမလုပ်ဘဲ တံခါးပိတ်သီးခြားနေပါတယ်။ နိုင်ငံမှာ high way လမ်းကျယ်ကြီးတွေ အဆောက်အအုံမြင့်တွေ ကပွဲရုံတွေ ရှိပေမဲ့ ဒါဟာ အစိုးရပိုင်းကဘဲ ခံစားခွင့်ရှိပါတယ်။

လူထုကတော့ ဆင်းရဲပြီး လူ့အခွင့်အရေးတွေ ကန့်သတ်ခံနေရတုန်းပါ။ ဒါကြောင့် မြောက်ကိုရီးယားက လူတွေက တောင်ကိုရီးယားဘက်ကို ပြေးပြီး နိုင်ငံရေးခိုလှုံကြပါတယ်။ ထိုကနေ လွတ်မြောက်လာသူတွေဟာ သူတို့ရဲ့အတွေ့အကြုံတွေကို Channel A ရဲ့ ‘Now On My Way to Meet You’ အစီအစဉ်မှာ ပြန်လည်မျှဝေကြတာမို့ ဗဟုသုတရချင်တဲ့သူတွေ ကြည့်သင့်တဲ့ အစီအစဉ်လေးပါဘဲ။

Source: allkpop
Written : Violet

Tags: K-Pop Update