Game ကစားလွန်းလို့ ရည်းစားနဲ့ ပြတ်သွားရတာပါလို့ ဆိုတဲ့ Superjunior အဖွဲ့ဝင် Heechul

MBN ရုပ်သံရဲ့ ‘Fallen for Korea – International Couple’ episode 9 ဟာ July လ 28 ရက်နေ့မှာ လွှင့်မှာပါ။ ဒီ episode ဟာ လူမျိုးခြားတွေနဲ့ Korea လူမျိုးတွေ လက်ထပ်ထားတဲ့ couple တွေရဲ့ နေ့စဉ်ဘဝ အကြောင်းကို sharing လုပ်ကြတဲ့ အစီအစဉ်လေးဖြစ်ပါတယ်။

ဒီ episode ရဲ့ review မှာတော့ နိုင်ငံခြားသား စုံတွဲတစ်တွဲရဲ့ ဇနီးဖြစ်သူဟာ သူ့ယောကျာ်းဟာ မနက်ကနေ တနေကုန် Game ဘဲ ကစားနေလို့ ရန်ဖြစ်ရလွန်းလို့ စိတ်ပင်ပန်းလူပင်ပန်း ဖြစ်ရကြောင်း ပြောပြခဲ့ပါတယ်။ အစီအစဉ်မှာပါတဲ့ တခြား couple တွေရဲ့ မိန်းမတွေကလည်း သူတို့ယောက်င်္ကျားတွေလည်း Game ကစားလွန်းလို့ ရန်ဖြစ်ရကြောင်း အားလုံးက သံယောင်လိုက် ထောက်ခံခဲ့ကြပါတယ်။

အစီအစဉ်ရဲ့ MC ဖြစ်သူ Kim Won Hee ကတော့ သူတို့ရဲ့ ယောင်္ကျား တိုင်းလိုလို Game ကစားတဲ့ အကျင့်ရှိကြောင်း သိလိုက်ရတော့ အံဩသွားပါတယ်။ နောက် MC တစ်ဦး ဖြစ်တဲ့ Superjunior အဖွဲ့ဝင် Heechul က လည်း သူလည်း Game ကစားလွန်းလို့ တခါတုန်းက ရည်းစားကောင်မလေးနဲ့ လမ်းခွဲခဲ့ရကြောင်း ဝင်ပြောခဲ့ပါတယ်။

MC Kim Won Hee ကတော့ “ဒီတိုင်းဆို မင်း လက်မထပ်ခင် Game ကစားတာ ဖြတ်ဖို့ လိုတယ်နော်” လို့ အကြံပေးခဲ့ပါတယ်။ ဒီ ‘International couple’ အစီအစဉ်ကို အစအဆုံးသေချာကြည့်ချင်ရင်တော့ July 28 ရက် 11pm KST မှာ စောင့်ကြည့်လို့ ရပါတယ်နော်။

Heechul နဲ့ Twice အဖွဲ့ဝင် Momo တို့ဟာ အနုပညာအလုပ်တွေ မအားမလပ်ဖြစ်နေလို့ တစ်ယောက်နဲ့တစ်ယောက် အချိန်မပေးနိုင်တဲ့အတွက် မကြာသေးခင်ကဘဲ နှစ်ဦးသဘောတူတရားဝင် လမ်းခွဲခဲ့ပါတယ်။ ဒီ အစီအစဉ်မှာ Heechul ရည်ညွှန်းတဲ့ ရည်းစားကောင်မလေးဟာ Momo ဟုတ်မဟုတ်ကတော့ ကာယကံရှင် Heechul ဘဲ သိမှာပါ။

Source: Allkpop
Written: Violet

Tags: K-Pop Update