ထုတ်လွှင့်ပြီးအချိန်တိုအတွင်းမှာ စံချိန်တင်လိုက်တဲ့ Yang Yang နဲ့ Dilireba ရဲ့ “You’re my Glory”

တရုတ်နိုင်ငံရဲ့ ထိပ်တန်းအနုပညာရှင်တွေဖြစ်သလို အချောအလှထိပ်ခေါင်တင်တွေဖြစ်တဲ့ Yang Yang နဲ့ Dilireba တို့ရဲ့ ဇာတ်လမ်းတွဲ “You’re my Glory” ဟာ မထွက်ခင်ကတည်းက ဟိုးလေးတကျော်ဖြစ်နေတဲ့ ဇာတ်လမ်းတွဲဖြစ်ပါတယ်။ တကယ့်နာမည်ကြီးနှစ်ယောက်ကို ဇာတ်လမ်းတစ်ခုတည်းမှာ အတူတူမြင်တွေ့ရမှာဖြစ်လို့ ပရိသတ်တွေစောင့်မျှော်နေခဲ့ကြတာဖြစ်ပြီး July 26 ရက်နေ့မှာပဲ စတင်ထွက်ရှိခဲ့ပါတယ်။ “You’re my Glory” တရုတ်အချစ်ဇာတ်လမ်းသစ်က ထုတ်လွှင့်ပြသပြီးနောက် အချိန်တိုအတွင်းမှာပဲ မြင့်မားတဲ့စံချိန်ကို မှတ်တမ်းတင်လိုက်တာကြောင့် နိုင်ငံတကာမှာ တကယ့်ကို ကျော်ကြားနေကြောင်း သက်သေပြပြီးသား ဖြစ်သွားခဲ့ပါပြီ။

“You’re my Glory” ဇာတ်လမ်းတွဲကို Tencent မှ VIP တွေအတွက် အပိုင်း ၈ ပိုင်းတိတိ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ ၈ ပိုင်းလုံးကြည့်ပြီးကြပြီလို့ထင်ပါတယ်။ ဒီဇာတ်လမ်းကတော့ ပြသပြီး ၄ နာရီအတွင်းမှာပဲ ဝင်ရောက်ကြည့်ရှုသူ 100 million ကျော်သွားခဲ့တဲ့အပြင် ၃ နာရီအတွင်းမှာပဲ ပရိသတ်ကြားမှာ ဇာတ်လမ်းအကြောင်း အပြန်အလှန်ပြောဆိုဆွေးနွေးခဲ့ကြတာဟာ 1 million ကျော်ရှိခဲ့တာလည်းဖြစ်ပါတယ်။ ပူပူနွေးနွေးထွက်လာတဲ့ဇာတ်လမ်းလေးဖြစ်ပြီး ပရိသတ်တွေကလည်း Yang Yang နဲ့ Dilireba တို့စုံတွဲလေးကို အကြိုက်တွေ့ကာ ချီးမွမ်းနေခဲ့ကြတာဖြစ်ပါတော့တယ်။ ရလဒ်အနေနဲ့ Yang Yang နဲ့ Dilireba ဟာ VLinkage TV Series ရဲ့ ထိပ်တန်းအနုပညာရှင် အယောက် ၂၀ စာရင်းမှာ အဆင့် ၁ နဲ့ ၂ နေရာကို သိမ်းပိုက်ထားပြီး “You’re my Glory” ဇာတ်လမ်းတွဲကလည်း VLinkage online drama စာရင်းမှာလည်း နံပါတ် ၁ နေရာကို ချိတ်ဆွဲထားပါတော့တယ်။

“You’re my Glory” ဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်လိုက်နှစ်ယောက်ဖြစ်သူ Yang Yang နဲ့ Dilireba တို့က ရိုက်ကွင်းနောက်ကွယ်မှာလည်း အလွန်ချစ်စရာကောင်းတဲ့ အဆက်အဆံလေးတွေရှိနေတာကြောင့် မြင်သူတကာတိုင်း သဘောကျနေကြပြီး နောက်ထပ်အပိုင်းသစ်တွေကိုကြည့်ရဖို့ မစောင့်နိုင်အောင် ဖြစ်နေကြပါတော့တယ်။ အချိန်တိုအတွင်း သန်းနဲ့ချီတဲ့ကြည့်ရှုသူတွေကို ရရှိခဲ့တာဟာ ပါဝင်သရုပ်ဆောင်တဲ့အနုပညာရှင်တွေရဲ့ အရည်အချင်းနဲ့ နာမည်ကျော်ကြားမှုကို တနည်းတဖုံပြသနေတာပဲဖြစ်ပါတယ်။ နောက်ထပ်ထွက်ရှိလာမယ့် “You’re my Glory” အပိုင်းသစ်ကတော့ ဘယ်လိုတွေဆွဲဆောင်နိုင်ဦးမလဲဆိုတာကို ရင်ခုန်စွာနဲ့ ကြည့်ရှုရတော့မှာပါ။

Source: dramaupdate
Photos: Tencent
Translated by Julix