Drama ကား အသစ်တခုမှာ ဇာတ်ဆောင်တွေအဖြစ် အတူတူတွဲမြင်ရနိုင်ခြေရှိတဲ့ Krystal နဲ့ Kim Jae Wook

July လ ၂၇ ရက်နေ့မှာ Krystal ဟာ “Crazy in Love”ဇာတ်ကားရဲ့ Lead role မှာ ပါဝင်သွားမယ်” လို့ သတင်းထွက်လာပါတယ်။ Krystal ရဲ့ အေဂျင်စီ H& Entertainment ကလည်း ထို သတင်းနဲ့ ပက်သက်ပြီး ခုလို ထုတ်ပြန်ခဲ့ပါတယ်။ “သူမက “Crazy Lover” drama ကားရဲ့ ကမ်းလှမ်းစာ ရရှိပါတယ်။ Krystal က ဇာတ်ညွှန်းတွေဖတ်ကြည့်နေပါတယ်။”

မြန်မာ ပရိတ်သတ်တွေရင်ထဲကို နေရာတနေရာယူထားနိုင်ပြီဖြစ်တဲ့ မင်းသား Kim Jae Wook ရဲ့ အေဂျင်စီ Management SOOP ကလည်း ခုလို အတည်ပြုပေးခဲ့ပါတယ်။ “Crazy love drama မှာ ပါဝင်သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းချက်ကိုရရှိပါတယ်။ မင်းသားက Drama Review ကို ဖတ်ကြည့်နေပြီး Drama ကို နှစ်ခြိုက်တဲ့ပုံပါဘဲ”

ဒီ Crazy Love drama မှာ Kim Jae Wook ဟာ အတိတ်မေ့ချင်ယောင်ဆောင်နေတဲ့ နိုင်ငံရဲ့ အတော်ဆုံး သင်္ချာ နည်းပြဆရာ ဖြစ်သလို Go study ရဲ့ CEO လည်းဖြစ်တဲ့ Noh Go Jin နေရာကနေ သရုပ်ဆောင်ရမှာပါ။ Krystal ကတော့ Noh Go Jin ရဲ့ မထုံတက်တေး အတွင်းရေးမှူးမလေး Lee Ji Yung နေရာကနေ သရုပ်ဆောင်ရမှာပါ။

“Crazy Love” drama ကို Kim Bo Gyeom က ဇာတ်ညွှန်းရေးသားထားပြီး ဒီနှစ်ထဲမှာ ရိုက်ကူး ထုတ်လွှင့်သွားမယ်လို့ ဆွေးနွေးနေကြပါတယ်။ ဒီကားကို Kim Jae Wook နဲ့ Krystal လက်ခံရိုက်ကူးသွားမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။ ခု လတ်တလောတော့ Krystal သရုပ်ဆောင်ထားတဲ့ “Police University” ဇာတ်ကားဟာ Augest 9 ရက်နေ့မှာ ပြသဖို့ ရှိပါတယ်။

Source: Allkpop
Written: Violet