“Snowdrop” Drama မလွှင့်ဖို့ sign တွေထိုးပြီးတောင်းဆိုနေကြတဲ့အပေါ် အိမ်ပြာတော်ရဲ့ တုံ့ပြန်ချက်

ဒီမနက်မှာဘဲ BLACKPINK အဖွဲ့ဝင် Jisoo နဲ့ Jung Hae In တို့ပါဝင်ရိုက်ကူးထားတဲ့ “Snow Drop” Drama ရိုက်ကူးပြီးစီးသွားပြီ ဖြစ်ကြောင်း သတင်းတွေ တက်လာခဲ့ပါတယ်။ “Snowdrop” Drama ကို ဒီနှစ်ဝက်လောက်မှာ လွှင့်သွားမယ်လို့ JTBC က ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒီ Drama ဟာ 1987 ခုနှစ်က Seoul ရဲ့ အခြေအနေကို ဇာတ်အိမ်တည်ထားပြီး နိုင်ငံရေးကားဖြစ်ပါတယ်။

Jung Hae In က မြောက်ကိုရီးယားက Spy “Soo Ho”အဖြစ်သရုပ်ဆောင်ထားပြီး Soo ho က တနေ့မှာ သွေးတွေအလိမ်းလိမ်းနဲ့ နာမည်ကြီးတက္ကသိုလ်က အမျိုးသမီးဆောင် ရှေ့ရောက်သွားပါတယ်။ သူ့ကို တက္ကသိုလ်ကျောင်းသူလေး Young Cho ကတွေ့သွားပြီး ဝှက်ထားပေးကာ ဒဏ်ရာတွေပျောက်ကင်းအောင် ဂရုစိုက်ပေးခဲ့ပါတယ်။ ထိုကျောင်းသူနေရာမှာတော့ Jisoo က သရုပ်ဆောင်ထားပါတယ်။ နယ်ဆေးရုံတခုရဲ့ ခွဲစိတ်ဆရာဝန်မ “Kang Chung Ya” အဖြစ် မင်းသမီး Yoo In Na က သရုပ်ဆောင်ထားပါတယ်။

Male lead ဟာ spy တစ်ယောက်ဖြစ်ပေမဲ့ နောက်ထပ် male character ဟာ National Security Planning (NSP) ရဲ့ အဖွဲ့ခေါင်းဆောင် အဖြစ် သရုပ်ဆောင်ထားပါတယ်။ 1987 ခုနှစ်ဟာ တောင်ကိုရီးယား ဒီမိုကရေစီရဖို့ လုပ်ဆောင်တဲ့အချိန် ဖြစ်ပြီး ကိုရီးယားတွေ မမေ့နိုင်မဲ့ နှစ်ပါ။ ပြီးတော့ NSP ဟာ ထိုအချိန်တုန်းက အာဏာရှင်ဘက်ကပါ။ ဒါကြောင့် သမိုင်းကြောင်းကို အထိအခိုက်မခံနိုင်တဲ့ ကိုရီးယားတွေဟာ ဒီဇာတ်ကားနဲ့ ပက်သက်ပြီး ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

ဒီ Drama ကို အားပေးဖို့ စောင့်နေကြတဲ့ လူတွေလည်း ဒုနဲ့ဒေးရှိပေမဲ့ K netizen အချို့ကတော့ မလွှင့်ဖို့ Sign တွေထိုးပြီး အိမ်ပြာတော်ကို စာတင်တာတွေ ဒီဇာတ်ကား စ ရိုက်ကူးထဲက ရှိခဲ့ပါတယ်။ ဒီဂယက်တွေကြောင့်ဘဲ Snowdrop drama ရဲ့ poster တွေ သေချာမထုတ်ပေးရသေးသလို ရိုက်ကူးရေးအဖွဲ့ဘက်က စာတွေထုတ်ပြီး ရှင်းလင်းပွဲတွေ ခဏခဏ လုပ်ခဲ့ရပါတယ်။

ဒါပေမဲ့ Petition တွေက အရမ်းများလာလို့ နောက်ဆုံးမှာတော့ အိမ်ပြာတော်ဘက်က ဒီဇာတ်ကားနဲ့ပက်သက်ပြီး ကြေညာချက် ခုလို ထုတ်ပြန်ပေးခဲ့ပါတယ်။ “ဒါဟာ “Joseon Exorcist’ နဲ့ “Snow Drop” drama မလွှင့်ဖို့ sign ထိုးတင်တာနဲ့ ပက်သက်ပြီး အဖြေဖြစ်ပါတယ်။

“Joseon Exorcist” drama ဟာ မဟုတ်မမှန်သမိုင်းကြောင်းတွေပါပြီး China’s Northeast Project’ ကို လက်ခံပြီး ရိုက်ကူးထားလို့ Drama လွှင့်နေတာ ရပ်တန့်ပေးပါရန်”လို့ နိုင်ငံသားပေါင်း 240,000 က sign ထိုးပြီး စာတင်ထားပါတယ်။ ဒါကြောင့်ဘဲ March လ 26 ရက်နေ့မှာ “Joseon Exorcist’ ကို လွှင့်နေတဲ့ ရုပ်သံလိုင်းက Drama ဟာ သမိုင်းကြောင်း အမှားတွေပါနေတဲ့အတွက် ဆက်လွှင့်ဖို့ ဖျက်သိမ်းခဲ့ပါတယ်။

“Snow Drop ဟာ ဒီမိုကရေစီလှုပ်ရှားမှုတွေနဲ့ ပါဝင်ပက်သက်နေပြီး National Security Planning (NSP)ရဲ့ဂုဏ်ကို အမွှမ်းတင်ပြီး ရိုက်ကူးထားတဲ့အတွက် Drama ရိုက်ကူးရေး ရပ်တန့်ပေးပါ” လို့ နိုင်ငံသားပေါင်း 220,000 ခန့်က Sign ထိုးပြီး စာတင်ထားပါတယ်။ “Snow Drop” Drama ရိုက်ကူးရေးအဖွဲ့ဘက်ကတော့ ခုလို ပြန်လည်တင်ပြခဲ့ပါတယ်။

“ခုဖြစ်နေတဲ့ မကျေနပ်ချက်တွေ ဟာ Drama ရဲ့အကျဉ်းချုပ်တွေ ဇာတ်ဆောင်တွေရဲ့ Character အကြောင်းတွေကို တပိုင်းတစသာကြားပြီး အငြင်းပွါးနေကြတာ ဖြစ်ပါတယ်။ ဒီ Drama ဟာ ဒီမိုကရေစီအကြိုခေတ်ကို ချိုးနှိမ်ထားတဲ့ Drama လည်းမဟုတ်သလို Spy နဲ့ NSP ကို အမွှမ်းတင်ထားတဲ့ ဇာတ်လမ်းမဟုတ်ပါဖူး”

ဒီ Drama ဟာ ခု လက်ရှိ ထုတ်လွှင့်ဖို့ လုပ်နေပါပြီ။ “ ရိုက်ကူးရေးအပိုင်းဟာ “သရုပ်ဆောင် ရိုက်ကူးထုတ်လွှင့်ရေး” အာမခံချက် အပိုဒ် (၄)ကို အာမခံထားတာမို့ သူတို့မှာ လွတ်လပ်စွာရိုက်ကူးခွင့်ရှိပါတယ်။ ညွှန်ကြားထားတဲ့အချက်တွေကိုလည်း မဖောက်ဖျက်ထားလို့ အိမ်ပြာတော်ဘက်က ရိုက်ကူးရေးပိုင်းကို ဝင်ရောက်စွက်ဖက်ခွင့်မရှိပါဖူး”

 

လွတ်လပ်ခွင့်ကို ထိပါးသလို ဖြစ်နေမှာဆိုးလို့ အစိုးရဘက်က တိုက်ရိုက်ညွှန်ကြားဖို့ကို သေချာစီစစ်ဆုံးဖြတ်ရတဲ့အတွက် ဂရုတစိုက်လုပ်ရပါတယ်။ ကိုယ်တိုင် အမှားပြန်လည်ပြင်ဆင်ခြင်းရဲ့ အကျိုးတရားကိုသာ အလေးထားပါတယ်။ တိုက်ရိုက်အမိန့်ပေးချက်တွေသာ ထုတ်လိုက်ရင် ဇာတ်လမ်းစီစဉ်တဲ့သူတွေ၊ ထုတ်လုပ်သူတွေ၊ ပရိသတ်တွေရဲ့ လူ့အခွင့်အရေးကို ဆန့်ကျင်သလို ဖြစ်နေပါလိမ့်မယ်”

 

“သို့သော်လည်း ရိုက်ကူးတည်းဖြတ်ရေးမှာ လူထုရဲ့တုန့်ပြန့်မှုတွေကို ထိပါးလာတာမျိုးတွေ၊ သမိုင်းကြောင်းအမှားတွေ ပါလာတာမျိုးဆိုရင်တော့ Korea Communications Standards Commission (KCSC) ရဲ့ စုံစမ်းစီစစ်မှုကို ခံရမှာဖြစ်ပါတယ်။ KCSC ရဲ့ ရုံးဌာနဟာ Joseon Exorcist လွှင့်တာနဲ့ ပက်သက်ပြီး 5,000 complaint လက်ခံရရှိခဲ့ပါတယ်။

 

KCSC အဖွဲ့ ငါးကြိမ်မြောက် ဖွဲ့စည်းဖို့ ကြန့်ကြာနေပေမဲ့ မကြာခင်မှာဘဲ ကော်မတီ ဖွဲ့စည်းလို့ပြီးတော့မှာ ဖြစ်ပါတယ်။ Drama လွှင့်ဖို့ အခြေအနေနဲ့ပက်သက်ပြီး ဆွေးနွေးဖို့ date ပြင်ဆင်နေပါပြီ။ KCSC ဟာ အသံလွှင့်ရုံဘက်ကို ဘက်မလိုက်ဘဲ လူထုရဲ့အနေထား ၊ ကြည့်ရှုသူတွေရဲ့ complaint တွေကို ဖတ်ရှုပြီး သေချာအကဲဖြတ်စီစဉ်သွားမှာပါ။

 

အနာဂတ်မှာလည်း အစိုးရဘက်က အနုပညာရှင်တွေ ပြည်သူတွေနဲ့ ဆက်သွယ်သွားမှာပါ။ကျန်းမာရေးညွှန်ကြားချက်တွေကိုလည်း လိုက်နာကြပါ။ Petition မှာ ပါဝင်ခဲ့ကြတဲ့ ပြည်သူတွေအကုန်လုံးကိုလည်း ကျေးဇူးတင်ပါတယ်”

Source : Soompi
Written: Bora