ခါးတိုဝတ်လို့ ဝေဖန်နေကြတဲ့ ကင်ချီမတွေကို Crop top ဝတ်ထားတဲ့ပုံ ၃၀ကျော် IG မှာ တင်ပြီး ချေလိုက်တဲ့ Jennie

Korea ရဲ့ IT Girl လို့ သတ်မှတ်ထားတဲ့ Jennie ဟာ အမြဲ fashion ကျအောင် ဝတ်စားတဲ့သူပါ။ သူမဝတ်တဲ့ ဒီဇိုင်းတွေကလည်း အမြဲ sold out ဖြစ်သွားလေ့ရှိပါတယ်။ သူမလို လိုက်ဝတ်စားဖို့ စောင့်ကြည့်နေတဲ့သူတွေရှိသလို သူမဘာလုပ်လုပ် လိုက်အပြစ်ပြောနေတဲ့သူတွေလည်း ရှိပါတယ်။ ဒါကြောင့် Jennie ဟာ BLACKPINK အဖွဲ့ထဲမှာ ချစ်တဲ့သူတွေရော hater တွေရော အရမ်းပေါတဲ့ member ဖြစ်ပါတယ်။

ဒါပေမဲ့ Jennie kim တို့ကတော့ ဂရုမစိုက်ပါဖူး။ သူမကို ဝေဖန်တဲ့သူတွေကို အသံတိတ်နည်းနဲ့ ပြန်ချေလေ့ရှိပါတယ်။ “love sick Girl” Era တုန်းက Jennie ဟာ Nurse ဝတ်စုံ ဝတ်တဲ့ ကိစ္စနဲ့ပက်သက်ပြီး အပြောခံရလို့ ထို scene ကို တခြားရိုက်ထားတာနဲ့ အစားထိုးပြန်ထည့်ခဲ့ရပါတယ်။ မကြာပါဖူး Jennie က Music show ကို လာဖျော်ဖြေတဲ့ အချိန်မှာ Censored လို့ ရေးထားတဲ့ ဂျင်းဘောင်းဘီဝတ်ပြီး stage performance ပြုလုပ်ခဲ့ပါတယ်။

တခါကလည်း Jennie ဟာ အပြင်သွားတာ ဓာတ်ပုံရိုက်တဲ့အချိန်လေးဘဲ mask မတပ်ဘဲ ပုံရိုက်တင်ခဲ့တာကို mask မတပ်လို့ဆိုပြီး ဝေဖန်ခံခဲ့ရပါတယ်။ နောက်ရက်ပိုင်းလောက်ကျ Jennie က အိမ်မှာ workout ကစားနေတာတောင် mask တပ်ထားတယ် ဆိုတဲ့ ပုံကို ပြန်တင်ခဲ့ပါတယ်။

ပြီးတော့ သူမက ခပ်တည်တည်နေတတ်တဲ့အကျင့်ရှိတာကို လူတွေက ဒေါသထွက်နေတာလား ချေ​နေတာလား မပျော်ဖူးလား ဆိုပြီး စတဲ့ comment တွေ အပေးများလွန်းလို့ ဒါငါရဲ့ ပျော်နေတဲ့ ပုံစံဘဲ ဆိုပြီး ပုံတင်ခဲ့ပါတယ်။ခုလည်း Jennie က crop top ဝတ်လို့ ခါးအတွင်းသားလေးတွေ ပေါ်တာကို ကင်ချီမတွေက အမြင်ရိုင်းတယ် ကိုရီးယားယဉ်ကျေးမှုကို မလေးစားဖူးဆိုပြီး စသဖြင့် ဝေဖန်နေကြပါတယ်။

တကယ်တော့ Jennie ဟာ နာမည်ကျော် underwear “CK” အမှတ်တံဆိပ်ရဲ့ brand Ambassador ပါ။ ဒါကြောင့် ကုန်ပစ္စည်း promotion ဆင်းတဲ့အနေနဲ့ CK ဝတ်တဲ့ပုံတွေ တင်လေ့ရှိပါတယ်။ဒါကို ခါးပေါ်လို့ ဘာညာ ကင်ချီမတွေက ဝေဖန်လေတော့ Jennie က ခု လတ်တလော ရက်ဆက်ဆိုသလို Instagram မှာ Crop top ဝတ်ထားတဲ့ ပုံ​တွေချည်းဘဲ လှိမ့်တင်နေတာ ပုံ ၃o လောက်ရှိနေပါပြီ။

တကယ့်ကို YG Princess အချေမမလေးပါဘဲနော်။ သူမတင်လိုက်တိုင်းလည်း အားလုံး ဟာခနဲ ဟင်ခနဲ ဖြစ်သွားရပြီး follower တွေကလည်း စက္ကန့်နဲ့အများ တိုးလာပါတယ်။ ခုဆို Lady GaGa ကို ကျော်တက်ပြီး Instagram follower အများဆုံး 19 ယောက်မြောက် အနုပညာရှင်အဖြစ် ရပ်တည်နေပါတယ်။

Source: Jennie Instagram
Written: Violet

Tags: K-Pop Story