နှစ်ဖက်လုံးရဲ့ ပရိသတ်တွေက ချီးကျူးနေကြတဲ့ BLACKPINK’s Rosé နဲ့ SHINee’s Onew တို့ရဲ့ တွဲဖက်သီဆိုမှု

JTBC ရဲ့ latest variety show တစ်ခုဖြစ်တဲ့ “The Sea I Wished For” ကတော့ seaside bar လေးတစ်ခုမှာ ကိုရီးယား အနုပညာရှင် အကျော်အမော်တွေက လာရောက်ပါဝင်လေ့ရှိတဲ့ show တစ်ခုပါပဲ။ ဒီ show ရဲ့ နာမည်ကြီးတာကတော့ ညနေခင်းလေးမှာ နာမည်ကျော် idol တွေရဲ့ seaside bar live ဖျော်​ဖြေမှုပဲဖြစ်ပြီး show host တွေကတော့ SHINee’s Onew, AKMU’s SuHyun, Lee DongWook, Kim GoEun, Lee JiAh နဲ့ Yoon JongShin တို့ဖြစ်ပါတယ်။

ဒီ show လေးရဲ့ နောက်ဆုံးအပိုင်းသစ်လေးမှာတော့ BLACKPINK အဖွဲ့ဝင် Rosé လေးကလည်း special guest အဖြစ် Jason Mraz နဲ့ Colbie Caillat တို့ရဲ့ နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ ‘Lucky’ အတွက် live performance အတွက် လာရောက် ပူးပေါင်းခဲ့ပြီး SHINee အဖွဲ့ဝင် Onew နဲ့အတူ duet ဖျော်ဖြေသွားခဲ့ပါတယ်။

နှစ်ယောက်လုံးဟာ သူတို့ရဲ့ ထူးခြားလှပြီး ပါရမီရင့်သန်တဲ့ အသံတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ Idols တွေဖြစ်ပါတယ်။ ဒီလို idol နှစ်ယောက်ရဲ့ duet ဖျော်ဖြေမှုဟာ ပရိသတ်တွေအတွက် နားဝင်ပီယံရှိလွန်းခဲ့သလို တစ်ယောက်နဲ့တစ်ယောက် အတွဲအဖက်ညီညီနဲ့ music chemistry ရှိမှုဟာလည်း သူတို့တွေဟာ ထူးချွန်တဲ့ idol တွေဖြစ်တယ်ဆိုတာ သက်သေပြနေပါတယ်။

ကမ်းခြေမှာ တိုက်ခတ်နေတဲ့ လေပြေလေညင်းလေးတွေနဲ့အတူ ပင်လယ်လှိုင်းလေးတွေရဲ့ ရိုက်ခတ်သံတွေကြားမှာ ​မျောလွင့်နေတဲ့ Rosé နဲ့ Onew တို့ရဲ့ တေးသံလေးတွေကိုတော့ ပရိသတ်တွေက အထူးချီးမွမ်းပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပြီး အမြဲတမ်း တွဲဖက်သီဆိုခဲ့ရသလိုလည်း အတိုင်အဖောက်ညီခဲ့လွန်းတဲ့ ဒီ duet performance လေးကိုလည်း ချီးမွမ်းခန်းဖွင့်မဆုံးဖြစ်နေကြတာပါ။

ပရိသတ်တွေကတော့ သူတို့ရဲ့ performance လေးကို studio version ထုတ်ပေးဖို့ တောင်းဆိုခဲ့တဲ့အထိကို နှစ်ခြိုက်ခဲ့ကြတာဖြစ်ပြီး မင်မင်ကလည်း စာဖတ်ပရိသတ်တွေ နားဆင်ခံစားရနိုင်အောင် ဖော်ပြပေးလိုက်ရပါတယ်နော်။

Source: Kpopmap
Written: Hachi
Photos: Credit

Tags: K-Pop Update