တရားဝင် ကြေညာလိုက်ပြီ ဖြစ်တဲ့ WeTV ရဲ့ Global Brand Ambassador အသစ်များ

Global Brand Ambassador ဆိုတာဟာ ပုံမှန်အားဖြင့် အမှတ်တံဆိပ် တစ်ခုကို သုံးစွဲသူများနဲ့ မျှဝေခြင်း၊ ထုတ်ကုန်များနဲ့ ဝန်ဆောင်မှုများကို ပြန်လည်သုံးသပ်ခြင်း တို့နဲ့အတူ ဝယ်ယူသူများနဲ့ ချိတ်ဆက်မိနေစေတဲ့ အနေအထားကို ပေးစွမ်းရသူ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ နာမည်ကြီး ဖျော်ဖြေရေး ကုမ္ပဏီတစ်ခု ဖြစ်တဲ့ WeTV အနေနဲ့ သုံးစွဲသူများကို စိတ်တိုင်းကျစေမယ့် Global Brand Ambassador (၄)ယောက်ကို တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။

Dilireba

WeTV Global Brand Ambassador Dilireba နဲ့ ပူးပေါင်းပြီး နွေရာသီရဲ့ စွမ်းအင်ကိုခံစားလိုက်ပါ။ သူမက သင့်ကို ကမ္ဘာတစ်ဝှမ်းရှိ ရင်သပ်ရှုမောဖွယ်ကောင်းသော ခရီးကို ခေါ်ဆောင်သွားပါလိမ့်မယ်။ WeTV Global Brand Ambassador Dilireba နဲ့ ပူးပေါင်းပြီး ဒေသရှုခင်းနဲ့ ဓလေ့ထုံးစံများကို တွေ့ကြုံခံစားနိုင်ဖို့ ယဉ်ကျေးမှုဆိုင်ရာ ရထားကို စီးနင်းလိုက်ပါ။

Xiao Zhan

ဘဝရဲ့ ရွှင်လန်းမှုဟာ နောက်လာမယ့် စက္ကန့်မှာ ဖြစ်ပျက်နိုင်တဲ့ အနည်းငယ်သော အံ့ဩဖွယ်ရာတွေထဲမှာ တည်ရှိနေပါတယ်။ WeTV Global Brand Ambassador Xiao Zhan နဲ့ ခရီးတစ်ခု စတင်ပြီး ဘဝမှာ အံ့သြဖွယ်ရာ စက္ကန့်တိုင်းကို ပျော်မွေ့လိုက်ပါ။

လှုပ်ရှားခြင်းမှာရော ငြိမ်သက်ခြင်းမှာရော စွန့်စားမှုရဲ့ အမှတ်တရတိုင်းကို ပျော်မွေ့လိုက်ပါ။ WeTV Global Brand Ambassador Xiao Zhan နဲ့အတူ ရပ်နားဖို့၊ ထင်ဟပ်ဖို့နဲ့ အတွေ့အကြုံရဖို့ ပူးပေါင်းလိုက်ပါ။

Yang Mi

မတူညီတဲ့ ရသတွေကြားကို ဝင်ရောက်ပြီး WeTV ရဲ့ ရုပ်မြင်သံကြား အစီအစဉ်တွေမှာ သင်နှစ်မြှုပ်လိုက်ပါ။ အံ့ဩကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ခံစားနိုင်စေဖို့ WeTV Global Brand Ambassador Yang Mi နဲ့ ဆက်သွယ်လိုက်ပါ။ ယာဉ်မောင်းထိုင်ခုံမှာ နေရာယူပြီး သင်ရွေးချယ်ထားတဲ့ အရာကို တွေ့ကြုံခံစားလိုက်ပါ။ WeTV Global Brand Ambassador Yang Mi နဲ့အတူ သင်နှစ်သက်တဲ့ ပုံစံအတိုင်း ဘဝကို ခံစားကြည့်လိုက်ပါ။

Yang Yang

သင့်ကိုတွေ့တဲ့အခါတိုင်း နှလုံးခုန်သံတွေက မြန်ဆန်လာတယ်။ WeTV Global Brand Ambassador Yang Yang နဲ့အတူ ကမ္ဘာကို ခရီးသွားပြီး ရင်ဖိုလိှုက်မောမှုကို ခံစားလိုက်ပါ။ ခမ်းနားထည်ဝါတဲ့ အချိန်လေးမှာ နစ်မြုပ်နေပါစေ။ WeTV Global Brand Ambassador Yang Yang နဲ့အတူ လှပတဲ့ ရှုခင်းတွေကို ဖြတ်သန်းပြီး ရင်ခုန်စရာ အချိန်တိုင်းကို ခံစားလိုက်ပါ။

Written : Nair Nair
Source : WeTV Twitter
Photos : WeTV Twitter