အိုလံပစ် ရေကူးအားကစားသမားလေးဖြစ်တဲ့ Hwang Sun Woo ကို အားပေး message လေးတွေ ပေးပို့ခဲ့ကြတဲ့ Jennie နဲ့ Yeji

ယခု ကျင်းပလျက်ရှိနေတဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲကြီးမှာ ရေကူး အားကစားသမားလေးကတော့ အထူးနာမည်ကြီးနေပါတယ်။ သူ့နာမည်ကတော့ Hwang Sun Woo ဖြစ်ပြီး သူဟာ တောင်ကိုရီးယားတို့ရဲ့ သမိုင်းမှာ ၂၀၀ မီတာ ရေကူးပြိုင်ပွဲရဲ့ final round ကို တက်ရောက်သွားခဲ့တဲ့ ပထမဆုံး တောင်ကိုရီးယားကိုယ်စားပြု ရေကူးအားကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒါ့ပြင် Hwang Sun Woo ဟာလည်း K-Popper တွေကြားမှာပါ နာမည်ကြီးလျက်ရှိနေပါတယ်။ အကြောင်းကတော့ သူဟာ BLACKPINK အဖွဲ့ဝင် Jennie နဲ့ ITZY အဖွဲ့ဝင် Yeji တို့ရဲ့ အမာခံ ပရိသတ်ဖြစ်ကြောင်း အိုလံပစ်ရဲ့ လတ်တလော အင်တာဗျူး အစီအစဥ်မှာ ဝန်ခံပြောကြားသွားခဲ့လို့ပါ။

အဆိုပါ အင်တာဗျူးမှာ မေးမြန်းသူက သူ့ကို “မင်းအခုလို စွမ်းဆောင်နိုင်ခဲ့လို့ သူတို့ကလည်း မင်းကို အသိအမှတ်ပြုနေလောက်ပြီ” လို့ ပြောဆိုခဲ့ပေမဲ့ သူက ရှက်ပြီးရယ်နေခဲ့ပါတယ်။ ယခုဆိုရင်တော့ Hwang Sun Woo ရဲ့ ဆန္ဒတွေက ပြည့်​မြောက်လို့ သွားခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၃ ရက်မှာပဲ သူ့ရဲ့ သတင်းကြားကြားချင်း ITZY ရဲ့ Yeji က သူ့ကို အားပေး message တွေ အများကြီး ပေးပို့ခဲ့ပါတယ်။

Yeji က “ညီမ အစ်ကိုရဲ့ ပြောစကားတွေ ကြားသိခဲ့ရလို့ ပျော်နေရပါတယ်။ ညီမကို အားပေးနေလို့လည်း အံ့အားသင့်ရသလို ပျော်ရွှင်မိပါတယ်။ နိုင်ငံ့အပေါ်လည်း အကောင်းဆုံး စွမ်းဆောင်ပေးခဲ့လို့ ညီမက ကျေးဇူးတင်ချင်ပါတယ်။ အားတင်းထားပါ oppa ရေ” လို့ ချစ်စရာကောင်းတဲ့ message လေးနဲ့အတူ heart emoij လေးနဲ့ ဓာတ်ပုံလေးကိုပါ တင်သွားခဲ့တာပါ။

ဒါ့အပြင် ယနေ့မှာလည်း BLACKPINK ရဲ့ Jennie က သူမရဲ့ IG account မှာ အားပေးစကား ပြောကြားသွားခဲ့လို့ Hwang Sun Woo ကတော့ သူ stan တဲ့ မိန်းကလေး Idol နှစ်ယောက်လုံးဆီက အချစ်နဲ့ အားပေးမှုတွေကို ရရှိခဲ့တယ်လို့ ဆိုရမှာပါ။ Jennie ကတော့ သူမရဲ့ IG story လေးမှတစ်ဆင့် Olympics official ရဲ့ story ကို share ထားကာ “ညီမလည်း အစ်ကို Sun Woo ကို အားပေးနေပါတယ်။ ရွှေတံဆိပ်ယူပြီး အိမ်ပြန်ခဲ့ပါ” လို့ အားပေးခဲ့ပါတယ်။

ဒါ့ကြောင့် ရေကူးသမားလေး Hwang Sun Woo ကတော့ သူ့ရဲ့ idol နှစ်ယောက်လုံးစီက အချစ်တွေကို ရရှိခဲ့လို မဟာကံထူးရှင်ကြီးလို့ ဆိုရမလိုပါပဲ။ သူကိုယ်တိုင်လည်း အရမ်းပျော်ရွှင်နေခဲ့ပြီး Jennie ရဲ့ IG story လေးကိုလည်း သူ့ရဲ့ IG story မှာ ထပ်မံ share သွားခဲ့ပြီး “ကျွန်တော့်လက်တွေ အရမ်းတုန်နေပါပြီ” ဆိုပြီး caption ရေးသွားခဲ့ကာ သူ့ရင်ထဲက အပျော်တွေကို ဖော်ပြသွားခဲ့ပါတယ်။

Source: Koreaboo
Written: Hachi
Photos: YONHAP News

Tags: K-Pop Update