BTS အဖွဲ့ဝင် (၇) ယောက်နဲ့ သူတို့ကြောက်တတ်တဲ့ အရာများ

လူတိုင်းမှာတော့ ကြောက်တတ်တဲ့အရာတွေ ကိုယ်စီရှိကြပါတယ်။ တချို့ကတော့ Phobia လို့ခေါ်ရတဲ့အထိ တစ်ခုခုကို အပြင်းအထန်ကြောက်တာမျိုး‌တွေဖြစ်တတ်ကြပါတယ်။ BTS အဖွဲ့ကိုလည်း သူတို့တစ်ယောက်ချင်းစီ အကြောက်တတ်ဆုံးအရာတွေကို မေးမြန်းခဲ့တဲ့အခါမှာတော့ မှတ်မိလွယ်အောင် ရှင်းရှင်းလင်းလင်းနဲ့ တိုတိုတုတ်တုတ်ပဲ ဖြေပေးခဲ့ပါတယ်။ ဒီအဖြေတွေကတော့ လတ်တလောကမှ ဖြေထားတဲ့အဖြေတွေဖြစ်လို့ ARMY တွေမှတ်ထားရမယ့် Update အဖြစ်ဆုံး အချက်အလက်တွေပါပဲ။

• RM
အဖွဲ့ခေါင်းဆောင်ကြီး RM အတွက် အကြောက်ဆုံးအရာကတော့ ပင့်ကူတွေဖြစ်ပါတယ်။

• Jin
အသက်အကြီးဆုံးအဖွဲ့ဝင် Jin ကတော့ သရဲတွေကြောက်တတ်တယ်လို့ ဆိုပါတယ်။ သူအိပ်နေတဲ့အချိန်မှာ သရဲက သူ့ဘေးရောက်နေတယ်လို့ ခံစားမိတာကြောင့် သရဲကြောက်တယ်လို့ ဖြေခဲ့ပါတယ်။

• Suga
အနေအအေးဆုံးအဖွဲ့ဝင်ဖြစ်သူ Suga ကတော့ ကြောက်စရာကောင်းတဲ့ horror movies တွေကို မကြည့်ရဲပါဘူး။

• J-Hope
အားလုံးအတွက် အပြုံးပန်းတွေ ဆင်မြန်းစေသူ အဖွဲ့ရဲ့ဗီတာမင်လေး J-Hope ကတော့ ပိုးဟပ်တွေကို ကြောက်သူဖြစ်ပါတယ်။

• Jimin
လူပုစိတ်တိုလေး Jimin ကတော့ အပန်းဖြေပန်းခြံကိုသွားရင် ချား၊ ရဟတ် စသဖြင့် အရှိန်နဲ့သွားတဲ့စီးစရာမျိုးကို စီးရမှာကြောက်တဲ့သူလေးပါပဲ။

• V
တည်ငြိမ်အေးဆေးတဲ့ပုံစံနဲ့ V ကတော့ Suga လိုပဲ ကြောက်စရာကောင်းတဲ့ဇာတ်ကားတွေ ကြည့်ရမှာကို ကြောက်သူဖြစ်ပါတယ်။

• Jungkook
အားလုံးက ဥ,ထားရတဲ့ အငယ်ဆုံးလေး Jungkook ကတော့ အသံအကျယ်ကြီးနဲ့ပေါက်ကွဲသံမျိုးကို ကြောက်တယ်လို့ ဖော်ပြခဲ့ပါတယ်။

Source: Koreaboo
Photos: BTS Official
Translated by Julix

Tags: K-Pop Story