ဟိုးလေးတကျော် ပေါက်ကြားနေတဲ့ အချက်အလက်များနဲ့ Heaven Official’s Blessing

နာမည်ကြီး BL Novel များစွာကို အမြဲပုံဖော်ထုဆစ်ပေးနေတဲ့ Mo Xiang Tong Xiu ရဲ့ တတိယမြောက်နာမည်ကြီး Novel တစ်ခုဖြစ်တဲ့ Heaven Offical’s Blessing ကို ဇာတ်လမ်းတွဲအဖြစ် အသက်သွင်းရာမှာ သရုပ်ဆောင်တွေနဲ့ ပတ်သက်ပြီး မျှော်လင့်ချက်များစွာ ရှိနေပါတယ်။ သရုပ်ဆောင်ရွေးချယ်ချိန်မှာ ကောလဟာလများစွာ မကြာခဏပျံ့နှံ့ခဲ့ပေမယ့် နောက်ဆုံးမှာတော့ Hua Cheng နဲ့ Xie Lian အတွက် အဓိကဇာတ်ကောင်များကို အတည်ပြုရွေးချယ်ချပြနိုင်ခဲ့ကြပါတယ်။

လက်ရှိမှာ Heaven Official’s Blessing ဟာ တိတ်ဆိတ်စွာ စတင်ရိုက်ကူးနေပြီလို့ ဆိုပေမယ့်လည်း တစ်ဖက်မှာတော့ ရိုက်ကူးရေးနဲ့ဆိုင်တဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေက အတော်လေးကို ပျံ့နှံ့နေပြီလို့ ဆိုလို့ရပါတယ်။ ဓာတ်ပုံများအရ ရိုက်ကူးရေး အခမ်းအနားကို ဇူလိုင်လ (၂၅) ရက်နေ့မှာ တိတ်တဆိတ် ကျင်းပခဲ့ပြီးကတည်းက ရိုက်ကူးမှုတွေ စတင်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ Mo Xiang Tong Xiu ရဲ့ Novel ကနေ ကူးပြောင်းထားတဲ့ ဒုတိယမြောက် ဇာတ်လမ်းတွဲလည်း ဖြစ်ပါတယ်။ Donghua ရဲ့ စကားလုံးများဟာ လှပလွန်းပြီး ယခုအချိန်ထိ ပရိတ်သတ်တွေ တန်ဖိုးထားရတဲ့ အရာတစ်ခုဖြစ်တာကြောင့် လက်တလောမှာ ဝတ်စားဆင်ယင်မှုများကို အပျက်သဘောဆောင်တဲ့ ထင်မြင်ချက်တွေ ရှိနေပါတယ်။ ဒါပေမယ့် live-action ကိုမျှော်လင့်နေသူများ အနေနဲ့ကတော့ သရုပ်ဆောင်များနဲ့ ပတ်သက်ပြီး စိတ်တိုင်းကျမှုတွေကိုလည်း တွေ့ရပါတယ်။

Heaven Official’s Blessing မှာတော့ Mortal World ကို အကြိမ်ကြိမ်နှင်ထုတ်ခြင်း ခံရပြီးတဲ့နောက် တတိယအကြိမ် ကောင်းကင်ဘုံကို တက်လာတဲ့ Xian Le နိုင်ငံရဲ့ အိမ်ရှေ့မင်းသား Xie Lian နဲ့ Ghost King လေးပါးမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ Hua Cheng တို့ကြားက အချစ်ဇာတ်လမ်းလေးကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

Novel ဟာ အမျိုးသားဇာတ်ကောင်နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းကို ဗဟိုပြုနေပေမယ့်လည်း live-action မှာတော့ တရုတ်ဆင်ဆာကို လိုက်နာဖို့ ပြောင်ပြောင်တင်းတင်းသာ အရိပ်အမြွက်ပြလိမ့်မယ်လို့ မှန်းဆနေကြပါတယ်။ ဆက်လက်ပြီး ဒီဇာတ်လမ်းတွဲမှာ ရွေးချယ်ထားတဲ့ သရုပ်ဆောင်များရဲ့ အပိုင်းကို တင်ပြလိုပါတယ်။

Xie Lian အဖြစ် Zhai Xiaowen

Zhai Xiaowen ဟာ Wajijiwa Entertainment လက်အောက်မှ idol တစ်ယောက် ဖြစ်ပါတယ်။ Produce Camp 2019 မှာ အဆင့် (၆) နေရာကို ရရှိခဲ့ပြီးနောက် R1SE ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ Hu Yitian နဲ့ Hu Bingqing တို့ရဲ့ Unrequited Love ဇာတ်လမ်းတွဲမှာ ပထမဆုံးသရုပ်ဆောင်ခဲ့ပြီး မကြာသေးမီက ထုတ်လွှင့်ပြသခဲ့တဲ့ Esports အချစ်ဇာတ်လမ်းတွဲ Falling into Your Smile မှာလည်း ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

Hua Cheng အဖြစ် Zhang Linghe

သရုပ်ဆောင်အဖြစ် စတင်ခဲ့တဲ့ Zhang Linghe ကတော့ (၂၀၂၀) မှာ ထွက်ရှိခဲ့တဲ့ သမိုင်းနောက်ခံ အချစ်ဇာတ်လမ်းဖြစ်တဲ့ Maiden Holmes မှာ အဓိက နေရာကနေ ပါဝင်ခဲ့ပြီး ထင်ရှားလာခဲ့သူ ဖြစ်ပါတယ်။ Esther Yu နဲ့ Dylan Wang တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Cang Lan Jue မှာလည်း Supporting Role ကနေ ပါဝင်ထားပါသေးတယ်။

Wind Master အဖြစ် Chang Huasen

Chang Huasen ကတော့ (၂၀၁၉) ခုနှစ်မှာတည်းက Web Drama အနည်းငယ်မှာ သရုပ်ဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူဟာ (၂၀၂၁) ခုနှစ် Youth with You 3 မှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

Xuan Ji အဖြစ် Liu Lingzi

Liu Lingzi ဟာ (၂၀၂၀) Youth with You 2 မှာ idol မျှော်လင့်ချက်များထဲမှ တစ်ဦးဖြစ်ခဲ့ပြီး နောက်ဆုံးမှာ အဆင့် ၁၄ တွင် ဖယ်ရှားခံခဲ့ရပါတယ်။ သူမဟာ The Central Academy Of Drama မှာ ပညာသင်ယူခဲ့သူ ဖြစ်ပါတယ်။

Written : Nair Nair
Source : Dramapanda
Photos : CdramaTweets