အချေလေးဖြစ်ပေမဲ့ ပရိသတ်တွေကိုတော့ နွေးထွေးတန်ဖိုးထားပြီး ဘာမဆိုလုပ်ပေးဖို့အသင့်ဖြစ်နေတဲ့ Jennie

BLACKPINK ရဲ့ ခပ်ချေချေကောင်မလေးအဖြစ် နာမည်ကြီးတဲ့ Jennie ကတော့ သူမကိုချစ်တဲ့ပရိသတ်တွေအပေါ်မှာဆိုရင် လွန်စွာနွေးထွေးကြင်နာတတ်တဲ့ ကောင်မလေးဖြစ်ပါတယ်။ ပရိသတ်တွေနဲ့ပတ်သက်လာရင် သူမရဲ့တန်ဖိုးထားမှုတွေ ချစ်ခင်မှုတွေကို ပြသဖို့လည်း ဝန်မလေးတဲ့သူလေးပါ။

သူမဟာ BLINK တွေကို ချစ်တယ်လို့ ပြောတဲ့စကားလေးကတော့ စကားလုံးသပ်သပ်တင်မကဘဲ တကယ့်ကိုရင်ထဲအသည်းထဲကလာတဲ့ ခံစားချက်တွေဖြစ်ပြီး အပြုအမူလေးတွေနဲ့လည်း နွေးထွေးမှုကို ခံစားစေသူလေးပါပဲ။ Jennie ဟာ တကယ်တော့ ကြင်နာနွေးထွေးပြီး အရာရာကိုဂရုစိုက်ပေးတဲ့သူလေးဖြစ်ကြောင်းကို Fansign တုန်းက အခိုက်အတန့်လေးတွေက သက်သေထူနေခဲ့ပါတယ်။

  1. ချွေးထွက်နေတဲ့ပရိသတ်လေးအတွက် ပန်ကာရွှေ့ပေးလိုက်ခြင်း

တစ်ခါတုန်းက Fansign တစ်ခုမှာတော့ Jennie ရဲ့ အလိုက်တသိလုပ်ပေးလိုက်တဲ့အပြုအမူလေးဟာ ရင်ထဲကိုကြည်နူးသွားစေခဲ့ပါတယ်။ ထိုနေ့က အလွန်ပူတဲ့နေ့တစ်နေ့ဖြစ်ပုံရတာကြောင့် Jennie ဟာ သူမရဲ့နေရာမှာ ပန်ကာသေးသေးလေးနှစ်ခုကို ဖွင့်ထားခဲ့ပါတယ်။

လက်မှတ်လာယူတဲ့ ပရိသတ်လေးက ပူအိုက်နေပုံရတာကြောင့် Jennie ဟာ တွေဝေခြင်းမရှိဘဲ ပန်ကာလေးကို ထို BLINK လေးအတွက် လှည့်ပေးလိုက်ပါတယ်။ အိုက်နေခဲ့တဲ့ BLINK လေးကတော့ ခဏတာ အေးမြသွားခဲ့မှာ အမှန်ပါပဲ။

  1. ပရိသတ်တွေကို လက်ဆောင်ပေးခွင့်ပြုခြင်း

BLACKPINK ဟာ fansign တွေမှာ ပရိသတ်တွေကပေးတဲ့ လက်ဆောင်တွေကို လက်ခံလေ့ သိပ်မရှိလှပါဘူး။ ဒါကြောင့်မို့လို့လည်း YG Entertainment ရဲ့ ဝန်ထမ်းတစ်ယောက်က Jennie ကို ပန်းနဲ့ပြုလုပ်ထားတဲ့ သရဖူလေး, ဆောင်းပေးခါနီးဆဲဆဲ တားမြစ်ခဲ့ပါတယ်။

ဒါပေမဲ့ Jennie က မတားဖို့ပြောခဲ့ပြီး BLINK ပေးတဲ့ ပန်းသရဖူလေးကို ခေါင်းမှာ ကိုယ်တိုင်တပ်ခွင့်ပေးခဲ့ပါတယ်။ BLINK တွေသာ ပျော်သွားမယ်ဆိုရင် စည်းကမ်းလေးနည်းနည်းလောက် ချိုးဖောက်ရတာဟာ ဘာမှမဖြစ်ဘူးလို့ ခံယူထားပုံပါပဲ။

  1. ပြောသမျှကို သေ‌သေချာချာ အာရုံစိုက်နားထောင်ခြင်း

Jennie ဟာ ပရိသတ်တစ်ယောက်ချင်းစီ ပြောသမျှကိုလည်း အမြဲတမ်းအာရုံစိုက်ပြီး နားထောင်ပေးတတ်သူလေးပါ။ ကိုယ်ချစ်ရတဲ့ Idol တစ်ယောက်ဟာ မျက်လုံးချင်းဆုံပြီး ကိုယ်ပြောသမျှကို လေးလေးနက်နက်နဲ့နားထောင်ပေးတဲ့အမူအကျင့်လေးဟာ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်သလဲ။

  1. ချစ်စရာကောင်းတဲ့ပုံစံလေးတွေပြသခြင်း

Jennie က အချေပုံစံနဲ့လည်း ဆွဲဆောင်နိုင်သလို ချစ်စရာကောင်းတဲ့ပုံစံလေးနဲ့ တကယ့်ကို ကလေးလေးတစ်ယောက်လို အသည်းယားအောင်လည်း လုပ်နိုင်သူလေးပါ။ သူမရဲ့ “SOLO” promotion အတွက် လက်မှတ်ထိုးပေးတဲ့ပွဲလေးမှာဆိုရင် ပွဲအစ, ကနေ ပွဲပြီးဆုံးချိန်ထိ aegyo တွေလုပ်ပြနေတာကြောင့် တကယ့်ကို ရင်ထဲစွဲနေတော့မယ့် အခိုက်အတန့်လေးပါပဲ။

BLINK တွေ၊ အားပေးတဲ့ပရိသတ်တွေအတွက် တကယ်ကိုနွေ‌းထွေးကြင်နာတတ်သူလေးကတော့ Jennie ပါပဲ။ သူမရဲ့ပုံစံလေးကိုက အမျိုးမျိုးကွဲထွက်ပြီး ဆွဲဆောင်မှုရှိသူလေးမို့လို့ အပြင်မှာ တစ်ခါလောက်လေးပဲဖြစ်ဖြစ် မြင်တွေ့ချင်မိပါတော့တယ်။

Source: Koreaboo
Photos: Koreaboo
Translated by Julix