CELEBe အက်ပလီ​ကေးရှင်းရဲ့ မျက်နှာသစ်​မော်ဒယ်ဖြစ်လာတဲ့ BLACKPINK အဖွဲ့ဝင် Jisoo

ကမ္ဘာ​ကျော် K-Pop မိန်းက​လေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BLACPINK အဖွဲ့ဝင် Jisoo ဟာ ကုန်အမှတ်တံဆိပ်တစ်ခုရဲ့ မျက်နှာသစ်​မော်ဒယ်ဖြစ်လာပြီး သူမရဲ့ ကမ္ဘာနဲ့အဝန်း ​အောင်မြင်​ကျော်ကြားမှုကို ​နောက်တစ်ဖန် သက်​သေပြလိုက်ပြန်ပါပြီ။ သြဂုတ်လ ၉ ရက်​နေ့မှာ short form brand ၁ခုဖြစ်တဲ့ CELEBe Korea က BLACKPINK အဖွဲ့ဝင် Jisoo ကို သူတို့ရဲ့ ကိုယ်စားပြု​​မော်ဒယ်အဖြစ် ​​ရွေးချယ်လိုက်​ကြောင်း ​အသိ​ပေးကြေငြာခဲ့ပါတယ်။ Jisoo ဟာ CELEBe နဲ့အတူ မတူညီတဲ့ လှုပ်ရှားမှုများစွာကို ပြုလုပ်သွားမှာဖြစ်​ကြောင်းလည်း ​ပြောကြားထားပါတယ်။

CELEBe ဟာ မျိုးဆက်သစ်​တွေ စိတ်ဝင်တစားရှိ​နေတဲ့ short-form platform တစ်ခုဖြစ်ပြီး အနုပညာရှင်​တွေနဲ့ ပရိသတ်​တွေကြား အပြန်အလှန် ဆက်သွယ်ကာ ထူးခြားတဲ့ အ​တွေွ့အကြုံကို ခံစားနိုင်​အောင် ဖန်တီးထားတာဖြ်စပါတယ်။ ဒီအက်ပလီ​ကေးရှင်းကို မကြာ​သေးခင်ကမှ အသစ်ပြန်လည်ပြင်ဆင်ထားပါ​သေးတယ်။ ဒါ့အပြင် လုံခြုံစိတ်ချရပြီး ​​ခေတ်​ရေစီး​ကြောင်းနဲ့ လိုက်​​လျောညီ​​ထွေရှိတဲ့ content များစွာကို ​ပေးစွမ်း​နေတာဖြစ်ပါတယ်။

CELEBE က တရားဝင် ထုတ်ပြန်ထားတဲ့ ​ကြေငြာစာမှာ​တော့ K-Pop နဲ့ ကိုရီးယားယဉ်က​ေျးမှုဟာ ကမ္ဘာနဲ့အဝှမ်း ​အောင်မြင်​ကျော်ကြားလာတာနဲ့အမျှ ကိုရီးယားမှာ စတင်လုပ်ကိုင်ပြီး ကမ္ဘာထိ ​အောင်မြင်စွာ ထိုး​​ဖောက်နိုင်ခဲ့တဲ့ ကုန်ပစ္စည်းများစွာရှိတာ​ကြောင့် သူတို့ဟာလည်း ကိုရီးယားပြည်တွင်းမှာစတင်ပြီး ကမ္ဘာနဲ့အဝှမ်း ထိုး​ဖောက်သွားနိုင်​အောင် ရည်ရွယ်ထား​ကြောင်း ​ပြောကြားထားပါတယ်။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ကမ္ဘာ့ short form ​စျေးကွက်ထဲကို ခုန်ဝင်လာတဲ့ CELEBe ဟာ သူတို့ကိုယ်သူတို့ Korean Short Form လို့ အမည်တပ်ထားပြီး BLACKPINK Jisoo နဲ့ ​ကောင်းမွန်တဲ့ အခွင့်အလမ်းများစွာကို ဖန်တီးနိုင်ဖို့ ​မျှော်လင့်ထားပါတယ်။

CELEBe နဲ့ Jisoo ကြားက ပူး​ပေါင်းမှု​ကြောင့် စိတ်ဝင်စားစရာ​ကောင်းပြီး ထူးခြားတဲ့ ပွဲ​တွေနဲ့ စိန်​ခေါ်မှု​တွေကို ယူ​ဆောင်လာမှာဖြစ်ပါတယ်။ ​လော​လောဆယ်မှာ​တော့ တီဗီ​ကြော်ငြာ၊ YouTube နဲ့ Facebook တို့လို ဆိုရှယ်မီဒီယာ​​တွေရဲ့​ကြော်ငြာ စသဖြင့် ကုန်ပစ္စည်း​ကြော်ငြာ ရိုက်ကူး​ရေး​တွေကို အရင်ဆုံးလုပ်​ဆောင်သွားမှာဖြစ်ပါတယ်။

Source : Kpopstarz
Photo : CELEBe
Written : ZL