မယုံကြည်နိုင်စရာကောင်းလောက်အောင် နှစ်လအတွင်း weight အရမ်းကျသွားတဲ့ MAMAMOO အဖွဲ့ဝင် Solar

အသံပါဝါအားကောင်းကောင်းနဲ့ stage performance တွေကို ပရိသတ်တွေအမြဲအံအားသင့်နိုင်အောင် လုပ်နိုင်တဲ့ Mamamoo အဖွဲ့ဝင် solar လေးကတော့ အကစွမ်းရည်မှာလည်း သူမတူအောင်ထူးခြားတဲ့သူပါ။ သူ့ပုံစံက အရမ်းမဝပေမဲ့ ခန္တာကိုယ်က အဆီပိုတွေကို လျှော့ချပြီး ပို အချိုးအစားလှပအောင် လုပ်ဖို့ စိတ်ဆုံးဖြတ်ခဲ့ပုံပါဘဲ။

ဒါကြောင့် လွန်ခဲ့တဲ့နှစ်လက Gym ကိုသွားပြီး Special Gym trainer နဲ့ “solar” Weight ချခဲ့ပါတယ်။ Augest 8 မှာ လွှင့်ခဲ့တဲ့ KBS2 ရဲ့ ‘Boss in the Mirror’ အစီအစဉ်မှာ သူမဘယ်လို weight ချဖြစ်တဲ့ အကြောင်းတွေ ပါလာခဲ့ပါတယ်။ နှစ်လအတွင်း work out ဆော့ခဲ့ပေမဲ့ result တွေက မယုံနိုင်စရာကောင်းအောင် ထွက်လာခဲ့ပါတယ်။

Gym Trainer “Yang Chi Seung” က Solar ရဲ့ result ကို ကြည့်ပြီး ခုလိုဆိုခဲ့ပါတယ်။ “မင်းခန္တာကိုယ်ရဲ့ အဆီပို တစ်ဝက်လောက်က မရှိတော့ဖူး။ မင်း .. အခု အကောင်းခန္တာကိုယ်အချိုးအစားရနေပြီ”Result ထဲမှာ Solar ရဲ့ ခန္တာကိုယ်အဆီပို 10.7 kg ကနေ 5.6kg လောက် ကျသွားပါတယ်။ ရာခိုင်နှုန်းအရ ပြောရင်တော့ အဆီပို 22.4% က 13% အထိကျသွားပြီး 9.4% အဆီမရှိတော့တာပါ။

ဒီ result ကို အစီအစဉ်က MC တွေလည်း shock ရသွားပြီး solar ရဲ့ Body လေး ပြောင်းလဲသွားတာကြည့်ပြီး အံ့ဩနေကြပါတယ်။ MC Kim Sook ဆို “သူမရဲ့ ခါးကိုကြည့်ပါအုံး.. ပခုံးတွေလည်း ပို ကျယ်လာတယ်” ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။ Solar ကလည်း ခုလို ပြန်ရှင်းပြခဲ့ပါတယ်။

“ကျွန်မ လေ့ကျင့်ခန်းတွေ စ လုပ်တုန်းက ကျွန်မခါးက တုတ်တယ် ဒါပေမဲ့ ခုတော့ ခါးလေးသေးသွားတာကို ကျွန်မ မြင်နေရပြီ.. ကျွန်မတခါမှ ဒီလိုမခံစားဖူးဘူး” Solar လေးကတော့ သူမရဲ့ Body Structure ကို သူရည်ရွယ်ထားတဲ့အတိုင်း ပြောင်းလဲနိုင်ခဲ့ပါပြီနော် ပရိသတ်ကြီးရေ။ Work out ကစားနေတဲ့သူတွေ Solar လို အမြန်ပြောင်းလဲ နိုင်ကြပါစေ။

Source: Allkpop
Written : Violet