အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ Hu Yitian နဲ့ Zhang Ruonan တို့ကြားက သံသယဖြစ်ဖွယ် ဆက်ဆံရေး

သြဂုတ်လ (၁၅) ရက်နေ့မှာ အွန်လိုင်းသတင်း မီဒီယာတစ်ခုကနေ နာမည်ကြီးမင်းသား Hu Yitian နဲ့ မင်းသမီး Zhang Ruonan တို့ဟာ တရုတ်ချစ်သူများနေ့ကို အတူတူကုန်ဆုံး ခဲ့ကြကြောင်း သံသယဖြစ်ဖွယ် ဆက်ဆံရေးကို ဖော်ထုတ်ခဲ့ပါတယ်။ ဒီသတင်းဟာ တစ်ခဏအတွင်းမှာပဲ ပျံ့နှံ့သွားခဲ့ပြီး ထပ်တန်းသတင်းအဖြစ် အင်တာနက် သုံးစွဲသူများကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

သူတို့ နှစ်ယောက်ဟာ လတ်တလောမှာ A Storm of Wind and Cloud ဆိုတဲ့ ဇာတ်လမ်းတွဲကို အတူရိုက်ကူးနေတာကြောင့် ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြတယ်လို့ ပြောလို့ရတဲ့ အနေအထားမှာရှိနေပါတယ်။ ဒါ့ကြောင့်ပဲ အင်တာနက် သုံးစွဲသူများကြားမှာလည်း ဇာတ်လမ်းတွဲကြောင့် နာမည်ကြီးစုံတွဲတစ်တွဲ ထက်ပေါ်လာဦးမှာလားဆိုတဲ့ သိလိုစိတ်တွေ ပြည့်နက်နေပါတယ်။

တရုတ်ချစ်သူများနေ့ဖြစ်တဲ့ Qixi ပွဲတော်ရက်မှာ Hu Yitian နဲ့ Zhang Ruonan တို့ရဲ့ ဇာတ်လမ်းတွဲဟာ ရိုက်ကူးရေးရှိခဲ့ဟန်တူပါတယ်။ ထိုနေ့က ရိုက်ကူးရေးပြီးဆုံးချိန်ဟာ အလွန်ညဉ့်နက်နေပြီး သူတို့နှစ်ယောက် အတူတူပြန်သွားတဲ့ သတင်းကနေစလို့ ယခုလို ကောလဟာလတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ရိုက်ကူးရေးပြီးချိန်မှာ အနက်ရောက်ဝတ်စုံနဲ့ ရိုးရှင်းစွာ ချောမောနေတဲ့ Hu Yitian က ကားဆီကို အလျင်အမြန် လမ်းလျှောက်လာတာကို မြင်ခဲ့ကြပါတယ်။ Hu Yitian က အရင် ကားပေါ်ကိုတက်သွားပြီးတဲ့နောက် ပေါ့ပေါ့ပါးပါး အဝတ်အစားနဲ့ Zhang Ruonan ကလည်း ကားပေါ်ကို တက်သွားခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ နှစ်ယောက်အတူ စီးလားတဲ့ကားက ဟိုတယ်တစ်ခုဆီကို ဦးတည်ခဲ့ပြီး Zhang Ruonan ရဲ့ ရွှင်မြူးနေတဲ့ မျက်နှာဟာ ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ ဟိုတယ်ဝကိုရောက်တဲ့အခါ ကားပေါ်ကဆင်းလာတဲ့ Zhang Ruonan ဟာ ဘေးပတ်ပတ်လည်ကို ကြည့်ပြီး တစ်စုံတစ်ခုကို စိုးရိမ်နေဟန်နဲ့ ဟိုတယ်ဧည့်ခန်းဆီကို အမြန်သွားခဲ့ပါတယ်။

ခဏအကြာမှာ Hu Yitian က ကားထဲကနေ တဖြည်းဖြည်းထွက်လာပြီး Zhang Ruonan နဲ့ အကွာအဝေးတစ်ခုမှာ ရှိနေခဲ့တယ်လို့ သိရပါတယ်။ သူတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ခန့်မှန်းချက်များ ပိုမိုပြင်းထန်လာတဲ့အခါမှာ Hu Yitian ရဲ့ ဝန်ထမ်းက “သူတို့က အတူတူ ရိုက်ကူးနေတာပါ။ အမျိုးသားဇာတ်ဆောင် နဲ့ အမျိုးသမီးဇာတ်ဆောင်တွေက ဟိုတယ်ကို အတူတူ သွားကြတာ ပုံမှန်မဟုတ်ဘူးလား” လို့ ပြောဆိုချေပ ခဲ့ပါတယ်။

အင်တာနက် သုံးစွဲသူများရဲ့ မှတ်ချက်များအရ Hu Yitian နဲ့ Zhang Ruonan တို့ အတူရှိနေတာက မထူးဆန်းပေမယ့် တမင်တကာ ရှောင်ပုန်းနေတဲ့ ပုံစံကိုမြင်တွေ့လိုက်ရတာကြောင့် သူတို့ရဲ့ ဆက်ဆံရေးကို သံသယဖြစ်စရာ အဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Written : Nair Nair
Source : CStarUpdate
Photos : CStarUpdate