YG Entertainment က ငြင်းပယ်ခံခဲ့ရဖူးပေမဲ့ ခုချိန်မှာ World Class အဆင့်ထိ အောင်မြင်နေကြတဲ့ အနုပညာရှင်များ

YG Entertainment ကတော့ သူမွေးထုတ်ပေးလိုက်တိုင်း နာမည်ကြီးတွေ ဖြစ်ပြီး YG မှာ audition အောင်ဖို့ဆိုတာ အရမ်းခက်ပါတယ်။ တကယ်လို့ Audition အောင်သွားရင်တောင် training အကြာကြီးဆင်းရပါတယ်။ Training ဆင်းပြီးရင်လည်း သူတို့စိတ်ကြိုက်ဖြစ်မှ Idol အဖြစ် debut ခွင့်ပေးတာပါ။ YG trainee တွေဖြစ်ခဲ့ပေမဲ့ YG က debut မလုပ်ပေးလို့ တခြား Entertainment ကနေ idol ဖြစ်သွားတဲ့သူတွေ လည်း ရှိပါတယ်။

ဒါပေမဲ့ တချို့ကျတော့လည်း YG ရဲ့ audition အဆင့်မှာတင် ပြုတ်သွားပြီး တခြား Entertainment မှာ ထပ်ဖြေရင်း idol ဖြစ်သွားတဲ့လူတွေလည်းရှိပါတယ်။ ထိုလူတွေက ခုချိန်မှာ ကမ္ဘာကျော်အနုပညာရှင်အဆင့်ထိ အောင်မြင်လာတဲ့အခါ YG အနေနဲ့ နောင်တရမိနေမှာ အသေအချာပါ။ YG CEO “Yang Hyun Suk” ပြောပြခဲ့တဲ့ သူငြင်းခဲ့ပေမဲ့ ခုချိန်မှာ နာမည်ကျော်ကြားနေတဲ့ အနုပညာရှင် (၆) ယောက်ကို ဖော်ပြပေးလိုက်ပါတယ်။

  1. Rain

Rain ဟာ YG မှာ လူရွေးပွဲပြိုင်ခဲ့ပေမဲ့ အရွေးချယ်မခံခဲ့ရပါဖူးတဲ့။ Rain ဟာ JYP Entertainment မှာ နောက်ဆုံးအနေနဲ့ audition သွားဖြေရင်း JYP ကနေ debut နိုင်ခဲ့ပါတယ်။ Rain ဟာ အာရှရဲ့ အအောင်မြင်ဆုံး star တစ်ယောက်ဖြစ်လာခဲ့သလို United States မှာပါ နာမည်ကြီးပါတယ်။

  1. Park Bo Gum

Park Bo Gum ကတော့ YG ကို audition video ပို့ပေးခဲ့ပေမဲ့ list ထဲတောင် မပါလာခဲ့ပါဖူးတဲ့။ Yang Hyun Suk ကတော့ သူ အာ့ video ကို မရွေးချယ်ခဲ့မိတာ ခု နှမျောတသသ ဖြစ်မိကြောင်း ဆိုပါတယ်။ Park Bo Gum ဟာ 2014 ခုနှစ်မှာ “Naeil’s Cantabile and Wonderful Days” drama နဲ့ debut ခဲ့ပြီး ခုတော့ နာမည်ကြီး ခေါင်းဆောင်မင်းသားဖြစ်နေပါပြီ။

  1. Chungha

Chung Ha ရဲ့audition video ကိုလည်း Yang Hyun Suk က top auditionees အဖြစ် မရွေးချယ် ဖြစ်ခဲ့ပါဖူးတဲ့။ Chung Ha ဟာ JYP Entertainment, MNH Entertainment ကနေ တဆင့် Produce 101 ဝင်ပြိုင်ခဲ့ပါတယ်။ ထိုကနေ IOI အဖွဲ့ဝင်အဖြစ် debut ကာ ခုချိန်မှာတော့ Korea’s top female soloist အဖြစ် အောင်မြင်နေပါပြီ။

  1. Wendy

Kpop 3rd Generation ရဲ့ Vocal အကောင်းဆုံး Female idol လို့တောင် သတ်မှတ်ထားတဲ့ Wendy ဟာလည်း တချိန်က YG ကို audition video ပို့ပေးဖူးခဲ့ပါတယ်။ ဒါပေမဲ့ အရွေးမခံရလို့ SM Entertainment မှာ ထပ် audition ဝင်ဖြေရင်း နောက်ဆုံးတော့ Red Velvet အဖွဲ့ဝင် အဖြစ် Debut ခဲ့ပါတယ်။ ခုဆို Wendy ဟာ solo album ပါ ထုတ်ထားပါတယ်။

  1. Crush

Crush လည်း YG က အငြင်းခံခဲ့ရလို့ Amoeba Culture နဲ့ join ခဲ့ပါတယ်။ ခုချိန်မှာတော့ Korea ရဲ့ အတော်ဆုံး R&B အဆိုတော် ဖြစ်ရုံသာမက အနုပညာရှင်တိုင်းက သူနဲ့တွဲဆိုချင်ကြတဲ့အထိ အောင်မြင်နေပါတယ်။

  1. Honey Lee

Honey Lee လည်း တချိန်က YG မှာ လူရွေးခံခဲ့ပါတယ်။ ဒါပေမဲ့ YG က လက်မခံခဲ့ပါဖူး။ အာ့နောက်ပိုင်း Miss Universe 2007 ရဲ့ Korea ကိုယ်စားပြုဖြစ်ခဲ့ပြီး ခုတော့ အားလုံးလေးစားအားကျရတဲ့ သရုပ်ဆောင်အမျိုးသမီး ဖြစ်နေပါပြီ။

Source: Koreaboo
Written: Violet