ရှိသင့်တဲ့ ခန္ဓါကိုယ်အချိုးအစားထက် ပိုပြီး ပိန်လာတာ​ကြောင့် ပရိသတ်​တွေ စိတ်ပူခံ​နေရတဲ့ Rosé

ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ ရက်​နေ့တုန်းက BLACKPINK အဖွဲ့ဟာ တရုတ်ဗီဒီယိုဂိမ်း PUBG ကို ပရိုမိုးရှင်းလုပ်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုမှာ ပါဝင်ခဲ့ပါတယ်။ ထိုပွဲမှာ Rosé ဟာ အစင်း​ကြောင်း​တွေပါတဲ့ cardigan ကို မီးခိုးရင့်​ရောင် မီနီစကပ်နဲ့ တွဲဖက်ဝတ်ဆင်ခဲ့ပါတယ်။

ပရိသတ်အများစုက ထိုပွဲမှာ Rosé ဟာ ​ရိုးရိုးရှင်းရှင်း​လေးနဲ့ လှပ​နေခဲ့တယ်လို့ ​ချီးမွမ်းပြောဆိုခဲ့ကြ​ပေမဲ့ တစ်ဖက်မှာ သူမရဲ့ ​သေးသွယ်လွန်းတဲ့ ​ခြေတံ​တွေ​ကြောင့် ပရိသတ်​တွေက စိတ်ပူခဲ့ကြပါတယ်။ ပရိသတ်​တွေဟာ Rosé ရဲ့ ​ပုံမှန်ထက် သေးသွယ်လွန်းတဲ့ ​ခြေတံ​တွေ​ကြောင့် သူမရဲ့ ကျန်းမာ​ရေးအတွက် စိုးရိမ်ခဲ့ကြပါတယ်။

သူမရဲ့ ခန္ဓါကိုယ်ဟာ အရမ်းကို အင်အားချိနဲ့​နေပုံ​ပေါ်ပြီး ရှိသင့်တဲ့ ကိုယ်အ​လေးချိန် အချိုးအစားထက် နည်းပါး​နေတယ်လို့ ပရိသတ်​တွေက ​ထောက်ပြခဲ့ကြပါတယ်။ ​Jennie နဲ့ Jisoo တို့လို တခြားအဖွဲ့​ဝင်​တွေနဲ့ ယှဉ်လိုက်ရင် Rosé ရဲ့ ခန္ဓါကိုယ်ဟာ ချိနဲ့​နေပုံ​ပေါ်ပါတယ်။

ဒါ့အပြင် ဖန်သားပြင်​ပေါ်မှာ လူ​တွေဟာ နဂိုရှိတဲ့ ခန္ဓါကိုယ်အရွယ်အစားထက် ပိုပြီး ဝသလိုထင်ရတတ်တာ​ကြောင့် Rosé ရဲ့ ​ခြေတံ​တွေဟာ အပြင်မှာဆို ဒီထက်ပိုပြီး ​သေးသွယ်နိုင်တယ်လို့ ပရိသတ်​တွေက ခန့်မှန်းခဲ့ကြပါတယ်။ Idol ​တွေအတွက် ပိန်သွယ်တဲ့ ခန္ဓါကိုယ်ရှိဖို့ လိုအပ်​ပေမဲ့ ကျန်းမာတဲ့ ခန္ဓါကိုယ်ဖြစ်ဖို့လည်း အ​ရေးကြီးပါတယ်။

Rosé ဟာ ယခင်တည်းက ပိန်သွယ်တဲ့ ခန္ဓါကိုယ်အချိုးအစား​ကြောင့် အမွှန်းတင်​ပြောဆိုခံရ​ပေမဲ့ အခုအခါမှာ ရှိသင့်တဲ့ ကိုယ်အ​​လေးချိန်ထက် တဖြည်းဖြည်းပိုပြီး နည်းပါးလာပြီး သူမအ​နေနဲ့ ဝိတ်ထပ်မ​လျှော့သင့်​တော့ဘူးလို့ မှတ်ချက်ပြုခဲ့ကြပါတယ်။ အခြား​သော BLACKPINK အဖွဲ့ဝင်​တွေလည်း ပိန်သွယ်တဲ့ ခန္ဓါကိုယ်ရှိကြ​ပေမဲ့ မျှတတဲ့ ခန္ဓါကိုယ်အချိုးအစားနဲ့ ရှိသင့်တဲ့ ကိုယ်အ​လေးချိန်တို့ ရှိကြတယ်လို့ ​ပြောဆို​နေကြတာဖြစ်ပါတယ်။

ဒါ​ကြောင့် ပရိသတ်​တွေဟာ Rosé ရဲ့ ကျန်းမာ​ရေးအတွက် ဝိတ်နည်းနည်းပြန်တက်​အောင် လုပ်ဖို့ အကြံ​ပေးခဲ့ကြပါတယ်။ တချို့က​တော့ ​လေ့ကျင့်ခန်းပိုလုပ်ပြီး ကြွက်သားပိုတက်​အောင်လုပ်ကာ ကျန်းမာတဲ့ ခန္ဓါကိုယ်အချိုးအစားရ​အောင် ​​မွေးမြူသင့်တယ်လို့ အကြံ​ပြုခဲ့ကြပါတယ်။

Source : Kpopstarz
Photo : Instagram, kpopping
Written : ZL