Instagram မှာ Like ၉ သန်း​ကျော်ရရှိတဲ့ ပထမဆုံး ကိုရီးယားအနုပညာရှင်ဖြစ်လာတဲ့ V

BTS အဖွဲ့ဟာ သူတို့ရဲ့ အနုပညာလက်ရာ​တွေနဲ့​ရော အဖွဲ့ဝင်တစ်​ယောက်ချင်းစီရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ဆွဲ​ဆောင်မှု​တွေ​ကြောင့်​ရော ကဏ္ဍအမျိုးမျိုးမှာ စံချိန်သစ်​တွေ တင်လျက်ရှိပါတယ်။ V ရဲ့ ​​အောင်မြင်​ကျော်ကြားမှုဟာ ဆိုရှယ်မီဒီယာ​တွေကိုကြည့်ရင် ပိုပြီး မြင်သာတာကို ​တွေ့ရမှာဖြစ်ပါတယ်။ မကြာ​သေးခင်ကပဲ V ဟာ ဓါတ်ပုံတစ်ပုံနဲ့ Instagram မှာ စံချိန်သစ်ကို ရရှိခဲ့ပါတယ်။

သြဂုတ်လ ၁၅ ရက်​နေ့တုန်းက V ရဲ့ Butter Concept Photo Version 1 ပုံဟာ Instagram မှာ စံချိန်သစ်တင်နိုင်ခဲ့တာ​ကြောင့် ARMY ​တွေ အရမ်းကို ​ပျော်ရွှင်ခဲ့ကြပါတယ်။ ထိုဓါတ်ပုံဟာ Instagram မှာ like ​ပေါင်း ၉ သန်း​​ကျော်ကို ရရှိခဲ့တာဖြစ်ပြီး ဒါဟာ Instagram မှာ ကိုရီးယားအနုပညာ တစ်ခုခုနဲ့ပတ်သက်ပြီး like အများဆုံးရရှိတဲ့ ပထမဆုံး post ဖြစ်ပါတယ်။

ပိုပြီး အထင်ကြီး​လေးစားစရာ​ကောင်းတာက​တော့ V ဟာ ကိုယ်ပိုင် Instagram account မရှိပဲ ဒီစံချိန်ကို ရခဲ့တာပါပဲ။ သူတို့ရဲ့ အဖွဲ့လိုက် တရားဝင် account ဟာလည်း BigHit Music က စီမံခန့်ခွဲ​နေတာဖြစ်ပြီး BigHit ရဲ့ စည်းကမ်းအရ အဖွဲ့ဝင်​တွေဟာ ကိုယ်ပိုင် Instagram သုံးစွဲခွင့် မရ​သေးပါဘူး။

ဒီလိုမျိုး လူ​အများအာရုံစိုက်ခံခဲ့ရပြီး like သန်းနဲ့ချီပြီး ရရှိခဲ့တဲ့ V ရဲ့ ဓါတ်ပုံ​တွေ အများကြီး ရှိပါ​သေးတယ်။ V ဟာ like ​ပေါင်း ၈ သန်း​​ကျော်ရရှိထားတဲ့ ဓါတ်ပုံ ၂ ပုံ၊ like ၆ သန်း​ကျော်ရရှိထားတဲ့ ဓါတ်ပုံ ၇ ပုံနဲ့ like ၅ သန်း​ကျော်တဲ့ ဓါတ်ပုံ ၁၄ ပုံတို့ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

V ဟာ သူ့ရဲ့ ပန်းပုရုပ်ထုလို ခန့်ညားလှပမှုနဲ့ ထင်ရှားတဲ့ သြဇာတိက္ကမရှိမှုတို့​ကြောင့် သန်း​ပေါင်းများစွာ​သော လူ​တွေရဲ့ ချစ်ခင်​လေးစားမှုကို ရရှိ​နေတာဖြစ်ပါတယ်။ V သာ ကိုယ်ပိုင် Instagram account ဖွင့်ပြီး သုံးစွဲခွင့်ရတဲ့အခါ ဘယ်​လောက်​တောင် စံချိန်သစ်​တွေ ထပ်တင်ဦးမလဲဆိုတာ ​တွေးကြည့်ရုံနဲ့တင် ​ရင်ခုန်စရာပါပဲ။

Source : Life of Kpop
Photo : Pinterest
Written : ZL