BL ကားကြိုက်သူတိုင်း ကြည့်သင့်တဲ့ LINE TV ရဲ့ ပထမနှစ်ဝက်အတွင်း လူကြည့်အများဆုံး BL series (၅) တွဲ

Thai Boys Love (BL) series တွေ ပြသတဲ့အထဲမှာ LINE TV ကတော့ ထိပ်ဆုံးနေရာကနေ အကောင်းဆုံးကားတွေကိုပဲ ပြသလေ့ရှိတာကြောင့် နာမည်ကျော်လှပါတယ်။ ၂၀၁၆ ကတည်းကတည်းက စတင်ပြခဲ့တာဖြစ်တာကြောင့် LINE TV က ပြသသမျှ Boys Love series တွေက အကောင်းဆုံးဆိုတဲ့ စီးရီးတွေချည်းပါပဲ။ ဒီတော့ ၂၀၂၁ ရဲ့ ပထမနှစ်ဝက်အတွင်းမှာ LINE TV ကနေ ပြသခဲ့သမျှ BL Series တွေထဲက လူကြည့်အများဆုံး ၅ တွဲကတော့ အောက်ပါအတိုင်းပါပဲ။

  1. Fish Upon the Sky

Phuwin Tangsakyuen နဲ့ Pond Naravit တို့ရဲ့ အတွဲညီမှုကြီးကို Fish Upon the Sky ဆိုတဲ့ BL Series ကြီးမှာ ကွက်ကွက်ကွင်းကွင်းမြင်ရမှာပါ။ မတည့်ကြတဲ့ ပြိုင်ဖက်တွေကြားမှာ အချစ်တစ်ခုပေါက်ဖွားလာ‌ခဲ့တဲ့ အသည်းယားစရာဇာတ်လမ်းပုံစံလေးဖြစ်တာကြောင့် ကြည့်ရှုသူမြင့်ခဲ့ပါတယ်။

  1. I Told Sunset About You

LINE TV က ချီးမြှင့်တဲ့ ဆုများစွာကို ရရှိခဲ့တဲ့ I told sunset about you စီးရီးကဆိုရင် Billkin နဲ့ PP တို့ရဲ့ လှပတဲ့အချစ်တစ်ခုကို ဖော်ပြရိုက်ကူးထားပြီး ယောက်ျား/မိန်းမ ကွဲပြားမှုး၊ ကိုယ့်ကိုကိုယ်လက်ခံနိုင်စွမ်းရှိမှု‌တွေကို ပညာသားပါပါ ထည့်သွင်းရိုက်ကူးထားတာပါ။ မကြည့်မဖြစ်ကြည့်ရမယ့် စီးရီးဆိုရင်လည်း မမှားပါဘူး။

  1. Hidden Love

ကပ်ရောဂါအခြေအနေကြောင့် အိမ်တွင်းပုန်းနေရတဲ့ တက္ကသိုလ်ကျောင်းသာ‌းလေး ၂ ယောက်၊ နှစ်ယောက်သား‌ရင်းနှီးလာခဲ့ပြီး သံယောဇဉ်တွေတိုးလာတဲ့အခါမှာပဲ သူတို့နေထိုင်ရာ အဆောင်ရဲ့စိတ်ဝင်စားစရာကောင်းတဲ့လျှို့ဝှက်ချက်ကို အတူရှာဖွေရင်း ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်သွားတာမျိုးပါပဲ။ မကြည့်ရသေးရင် စမ်းပြီးကြည့်သင့်တဲ့ လူကြည့်များတဲ့ စီးရီးလည်းဖြစ်ပါတယ်။

  1. Brothers

Phuwarit Tangnonsung နဲ့ That Itthirat တို့ရဲ့ ဇာတ်လမ်းတွဲဖြစ်ပြီး လူကြိုက်တအားများခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ မိဘတွေဟာ လက်ထပ်သွားတာကြောင့် တစ်အိမ်တည်းမှာ မနေချင်ဘဲနဲ့ အတူတူနေရနေမယ့်အချိန်ကစလို့ သူတို့နှစ်ယောက်ရဲ့ ဆန်းကြယ်တဲ့အချစ်ကြိုးလေးတွေက စတင် ရစ်ပတ်ချည်နှောင်ခဲ့ပါတော့တယ်။

  1. A Tale of Thousand Stars

ဗိုလ်ကြီးနဲ့ဆရာလေးကားဆိုပြီး နာမည်ကြီးတဲ့ A Tale of Thousand Stars ကတော့ Earth နဲ့ Mix တို့ အတွဲကြောင့်ပဲ နိုင်ငံကျော်ဖြစ်သွားခဲ့တာပါ။ တောင်တန်းအလှတွေနဲ့ ရှုခင်းသာယာမှုကြားမှာ ကောင်လေးနှစ‌်ယောက်ရဲ့ နူးညံ့တဲ့အချစ်တစ်ခုကို ရိုက်ကူးပြသထားတာကြောင့် လူကြည့်များကျော်ကြားခဲ့ပါတယ်။

Source: LINE TV
Photos: Mydramalist
Translated by Julix